ရွှေသွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းကြောင့် ယခုနှစ်အတွင်း အိန္ဒိယရွှေဝယ်လိုအားမှာ၂.၉% ခန့် ကျဆင်းဖွယ်ရှိ

          လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီစာရင်းအချက်အလက်များအရ ကမ္ဘာပေါ်၌ ရွှေဝယ်လိုအားအများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ဒုတိယရွှေဝယ်လိုအားမှာ ဒုတိယအများဆုံးဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၉၉၄.၃) တန်ရှိပြီးအိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၇၆၀.၄) တန်ရှိကြောင်း၊ ၂၀၁၉ခုနှစ်၊ ပထမ (၃) လတာကာလအတွင်း တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၂၅၅.၃) တန်ခန့်ရှိပြီးအိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၁၅၉) တန်ခန့်ရှိသည်ဟုသိရှိရပါသည်

          အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှစတင်၍ ပြည်ပမှတင်သွင်းလာသည့် ရွှေများအပေါ်၌ သွင်းကုန်ခွန်ကို မူလသတ်မှတ်ထားသည့် ၁၀% မှ ၁၂.၅% သို့ တိုးမြှင့်ကောက်ခံခဲ့ရာ သွင်းကုန်ခွန်ဂယက်ကြောင့် နိုင်ငံအတွင်း၌ ရွှေစေျးနှုန်းများမြင့်တက်သွားပြီး ၂၀၁၉ခုနှစ် လက်ကျန်ကာလများ၌ အိန္ဒိယပြည်သူများ၏ ဝယ်ယူမှုအားပျော့သွားဖွယ်ရှိကြောင်း၊ ထို့ကြောင့် ၂၀၁၉ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ရွှေဝယ်လိုအားမှာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂.၉ % ခန့်ကျဆင်းသွားလိမ့်မည်ဟု လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် ခန့်မှန်းခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်ဗဟိုဘဏ်နှင့် အိန္ဒိယဗဟိုဘဏ်များသည် အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအပြောင်းအလဲကိုစောင့်ကြည့်၍လာမည့် (၆)လမှ(၁၂)လတာကာလအတွင်းအရန်ရွှေသိုလှောင်မှုပမာဏကိုအလျှော့အတင်းပြုလုပ်ဖွယ်ရှိကြောင်းwww.economictimes.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။