၂ဝ၂ဝ _၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စက်နှင့်စက်ပစ္စည်းဝယ်ယူရေးတင်ဒါလုပ်ငန်း

၂ဝ၂ဝ _ ၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၏ စက်နှင့်စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်း ကြော်ငြာကို ၂၈၂ဝ၂ဝ ရက်နေ့နှင့် ၂၉၂ဝ၂ဝ ရက်နေ့ နေ့စဉ်သတင်းစာများတွင် ကြောငြာပြီး ဖြစ်ပါသည်။ တင်ဒါလျှောက်လွှာပုံစံများကို နေပြည်တော်၊ ရုံးအမှတ်(၄၉) တွင် ၁ဝ၂ဝ၂ဝ ရက်နေ့မှစ၍ ဝယ်ယူနိုင်ပြီး လျှောက်လွှာပုံစံတွင် ပူးတွဲပါရှိသည့် စည်းကမ်းချက်များကို ဖြည့်စွက်၍ ၂၆၁ဝ၂ဝ၂ဝ ရက်နေ့ (၁၆ဝဝ) နာရီနောက်ဆုံးထား၍ နေပြည်တော်၊ရုံးအမှတ်(၄၉)သို့ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

 ၂၀၂ဝ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအတွက် ဝယ်ယူမည့်စက်နှင့်စက်ပစ္စည်းများစာရင်း

 

၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာရေးနှစ် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တည်ဆောက်ရေးတင်ဒါလုပ်ငန်း

၂ဝ၂ဝ _ ၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်း တင်ဒါကြော်ငြာကို ၂၈၂ဝ၂ဝ ရက်နေ့နှင့် ၂၉၂ဝ၂ဝ ရက်နေ့ နေ့စဉ်သတင်းစာများတွင် ကြော်ငြာခဲ့ပြီး ဖြစ်ပါသည်။ တင်ဒါလျှောက်လွှာပုံစံများကို နေပြည်တော်၊ ရုံးအမှတ်(၄၉) ၁၀၂၀၂၀ ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပြီး လျှောက်လွှာပုံစံတွင် ပူးတွဲပါရှိသည့် စည်းကမ်းချက်များကို ဖြည့်စွက်၍ ၂၇၁ဝ၂ဝ၂ဝ ရက်နေ့ (၁၆ဝဝ) နာရီ နောက်ဆုံးထား၍   နေပြည်တော်၊ ရုံးအမှတ်(၄၉) သို့ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

၂၀၂ဝ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်းများ

“နွံနစ်လည်း ပတ္တမြားခဲမို့ ရဲမြဲရဲစေ”

“နွံနစ်လည်း ပတ္တမြားခဲမို့ ရဲမြဲရဲစေ”

စီးပွားရေးဆိုင်ရာပြစ်မှုများကို စုံစမ်းဖော်ထုတ်အရေးယူရေး၊ ဝန်ထမ်းမသမာမှုများကို ဖော်ထုတ်အရေးယူရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများစုဆောင်းတင်ပြရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး ရည်မှန်းချက်များဖြင့်ရပ်တည်နေသည့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသည် အပြောင်းအလဲများအကြား မယိုင်မနဲ့သော ကတိသစ္စာထားရှိပြီး နိုင်ငံတော်၏ အကျိုး၊ အများပြည်သူတို့၏အကျိုးအတွက် ဆောင်ရွက်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ (၁)ရက်တွင် (၆၉)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဝင် အရာရှိများ၏သစ္စာရှိမှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် စွမ်းစွမ်းတမံ ကြိုးစားတတ်မှုတို့ကြောင့် ဦးစီးဌာနကြီး၏ ဂုဏ်သတင်းမှာ မွှေးပျံ့နေဆဲဖြစ်သည်။

မိခင်ဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့၏ လမ်းညွှန်မှု၊ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေအကြံပေးခြင်း၊ တရားစွဲတင်ပို့ခြင်းနှင့် တရားရုံးအမှုလိုက်ပါဆောင်ရွက်ခြင်း၊ သတင်းစုဆောင်းတင်ပြခြင်း၊ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်းစသည့် အဓိကလုပ်ငန်းတာဝန်များကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ အဂတိကင်းစွာဆောင်ရွက်လျက် ရှိပါသည်။ ဦးစီးဌာနသည် အစိုးရအဆက်ဆက်က ပေးအပ်လာသည့်တာဝန်များကို မျက်နှာကြီးငယ် အရွယ်မထောက် ကျေပွန်စွာထမ်းဆောင်ခဲ့သည့် သာဓကများရှိထားခဲ့ပြီးဖြစ်ပေသည်။

လက်ရှိအစိုးရသက်တမ်း (၄) နှစ်ကျော် (၅) နှစ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်အထိ ဌာနဆိုင်ရာများတွင် ခန့်ထားမည့်အကြီးအကဲ (၃၈၈)ဦး၊ ပြည်ပသို့ ထွက်ခွာမည့် ဌာနဆိုင်ရာအရာရှိ (၆,၃၄၅)ဦး၊ ဌာနဆိုင်ရာများတွင်ခန့်ထားမည့်အရာထမ်း (၁,၉၁၁)ဦး၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် (၃,၂၅၆)ဦး၊ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူ (၃,၇၈၆,၇၂၅)ဦး၊ ပြည်ပြန်ဝင်ခွင့်နှင့် ပြည်ပသို့ထွက်ခွာလိုသူများအတွက် ဗီဇာလျှောက်ထားသူ(၁၈၇)ဦး၊ ကုမ္ပဏီအဖွဲ့အစည်းများသက်တမ်းတိုးခြင်း၊ အမည်ပြောင်းခြင်း တို့အတွက် ကုမ္ပဏီ (၂,၀၅၁)ခုမှ တာဝန်ရှိသူ (၅,၈၇၅)ဦး၊ နိုင်ငံတော်အစိုးရမှ ဘွဲ့ထူး၊ ဂုဏ်ထူး ချီးမြှင့်မည့် လူပုဂ္ဂိုလ် (၅,၇၆၄)ဦးကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ခဲ့ပေသည်။

အဆိုပါကာလအတွင်း စီးပွားရေးဆိုင်ရာပြစ်မှု (၂၀၅)မှု၊ ဝန်ထမ်းမသမာမှု(၂၀၆)မှု၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ တာဝန်ပေးအပ်မှု(၃၃၁)မှုကိုစုံစမ်းစစ်ဆေးခဲ့ပြီး မြန်မာငွေကျပ် (၆.၆၇)ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ(၆၄၀,၆၂၀)၊ ယူရိုငွေ(၃၃,၀၀၀)၊ ဂျပန်ယမ်း(၅,၂၆၁,၀၀၀)၊ မလေးရှားရင်းဂစ်(၂၈,၅၀၅)၊ တရုတ်ယွမ်(၃၃,၁၉၃)၊ ထိုင်းဘတ် ငွေသိန်း(၃၀)အပါအဝင် နိုင်ငံခြား ငွေအချို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပြီး မြန်မာငွေကျပ်(၅၃၈.၈၈)ဘီလီယံ၊ အမေရိကန် ဒေါ်လာ (၁၈.၅၇)သန်းတို့အပေါ် အခွန်စည်းကြပ်နိုင်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနသို့ အကြောင်းကြားနိုင်ခဲ့ပါသည်။ ငွေကြေးခဝါချမှုများကို စိစစ်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် စုံစမ်းမှုဖွင့်လှစ်ဆောင်ရွက်ခြင်းကိစ္စများနှင့်ပတ်သက်၍ တစ်ပြေးညီဖြစ်စေရန်နှင့် တိကျမှန်ကန် စေရန် ဌာနတွင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းပြုလုပ်နိုင်ခဲ့ပါသည်။

စိစစ်ရေး၊ စုံစမ်းစစ်ဆေးရေး၊ စုံစမ်းမှုဖွင့်လှစ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင်ညွှန်ကြားရေးမှူးချုပ်အမှာစကားပြောကြားနေစဉ်

ဦးစီးဌာနချုပ်ရုံးရှိ ဥပဒေဌာနသည် ဌာနတွင်းဥပဒေအကြံပေးခြင်း၊ တရားရုံးအမှု လိုက်ပါ ဆောင်ရွက်ခြင်းအပြင် အခြားဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ညှိနှိုင်းတောင်းခံလာသည့် ဥပဒေရေးရာကိစ္စရပ်များကိုလည်း ကူညီအကြံပြုပေးလျက်ရှိပေသည်။ နိုင်ငံတော်အစိုးရသက်တမ်း (၄)နှစ်ကျော်ကာလတွင် အခြားဌာနများမှ ပေးပို့လာသောအမှု (၂၃၁)မှု၊ ပြည်ထောင်စုလွှတ်တော်၊ ဝန်ကြီးဌာနများက ပြဋ္ဌာန်းပြင်ဆင် တင်သွင်းသောဥပဒေ၊ နည်းဥပဒေ(မူကြမ်း)(၁၂၇)ခုနှင့်ပတ်သက်၍ သုံးသပ်အကြံပြုခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပေသည်။

ဦးစီးဌာနအကြီးအကဲအနေဖြင့် ဌာနဝင်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များလုပ်ငန်း ဆောင်ရွက်မှုအဆင်ပြေစေရန်နှင့် နေထိုင်မှုအဆင်ပြေချောမွေ့စေရန် ရုံးနှင့်ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဘတ်ဂျက်နှင့် ကိုယ်ထူကိုယ်ထစနစ် အရ ဆောက်လုပ်ပေးခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ (၄)နှစ်တာ ကာလအတွင်းပြည်ထောင်စုဘတ်ဂျက်ဖြင့် ခရိုင်ရုံးအဆောက်အဦ(၁)လုံး၊ဝန်ထမ်းအိမ်ရာ(၁)လုံး၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရဘတ်ဂျက်ဖြင့် ပြည်နယ်ရုံး အဆောက်အဦ(၂)လုံး၊ ခရိုင်ရုံး အဆောက်အဦ(၆)လုံး၊ ရှေ့တန်းရုံးအဆောက်အဦ(၃)လုံး၊ လှုပ်ရှားရုံးအဆောက်အဦ(၁၀)လုံး၊ ဝန်ထမ်းအိမ်ရာ(၂၂)လုံး၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဦးစီးဌာနချုပ်ရုံးတွင် ရုံးအဆောက်အဦ(၂)လုံး ဆောက်လုပ်ပေးခဲ့ပြီးဖြစ်သည်။

ဌာနဝင်ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်မှုတွင် အရည်အချင်းမြင့်မားလာစေရန်နှင့် ဌာနတွင်း အဆင့်အလိုက်တတ်သိထားရမည့်၊ သိရှိအပ်သည့်လုပ်ငန်းဆိုင်ရာအသိပညာ၊ အတတ်ပညာများ လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ စုံစမ်းစစ်ဆေးမှုအတတ်ပညာ သင်ကျောင်းကို တည်ထောင်ပြီး သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ သင်တန်းမျိုးစုံ(၁၇)ခု ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား(၆၉၆)ဦးကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာ သိသင့်သိထိုက်လိုက်နာအပ်သည်များကို သင်ကြားပေးလျက်ရှိပါသည်။

စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၊ အမှုစစ်သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားနေစဉ်နှင့် သင်တန်းသားတစ်ဦးအား ဆုချီးမြှင့်ပေးနေစဉ်

            အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့သူများ၏ တာဝန်သိမှု၊ တာဝန်ယူမှု၊ ဌာနကြီးနှင့်နိုင်ငံတော်အပေါ်သစ္စာရှိမှု၊ ပေးအပ်လာသည့်တာဝန်ကို မချွင်းမချန်ကျေကုန်အောင် ထမ်းဆောင်နိုင်မှုတို့ကြောင့် လူရိုသေ ရှင်ရိုသေဌာနကြီးအဖြစ် ရေရှည်ရပ်တည်နေနိုင်ခဲ့ပေသည်။ မျိုးဆက်သစ်ဌာနဝင်များအနေဖြင့် ဌာန၏သမိုင်းမရိုင်းရလေအောင်သစ္စာရှိရှိဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်းရေးအခြေအနေနှင့် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို သိရှိ နားလည်လေ့လာပြီး အရာရာတွင် ဆင်ခြင်တုံတရားကြီးစွာထား၍ အသိသတိတို့ဖြင့် စွမ်းဆောင် နိုင်ကြစေရေး ဆက်လက်ကြိုးပမ်းနေကြရမည်ဖြစ်သည်။

သန်းထွဋ်ဝင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် လက်ထောက်စုံစမ်းရေးမှူးရာထူး လျှောက်ထားသူများအား ရေးဖြေစာမေးပွဲပြုလုပ်မည့်ရက် အသိပေးခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် လက်ထောက်စုံစမ်းရေးမှူးရာထူး လျှောက်ထားသူများအား ရေးဖြေစာမေးပွဲ

ပြုလုပ်မည့်ရက် အသိပေးခြင်း

၁၇-၆-၂၀၂၀ နေ့ထုတ်

* ကြေးမုံသတင်းစာနှင့်

* မြန်မာ့အလင်းစာ

COVID-19 ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ် ဆေးဖြန်းခြင်းများဆောင်ရွက်

COVID-19 ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ် ဆေးဖြန်းခြင်းများဆောင်ရွက်

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၉)တွင် ၂၉-၃-၂၀၂၀ ရက်နေ့ (၁၀၃၀)အချိန်မှ (၁၄၃၀)အချိန်ထိ COVID-19 ရောဂါကာကွယ်ရေးအတွက် ဦးစီးဌာနရုံးအဆောက်အဦ အတွင်းရှိ ရုံးခန်းများ၊ စတိုခန်းများ၊ စာကြည့်တိုက်၊ ရုံးအတွင်းအပြင် လျှောက်လမ်းများနှင့် သန့်စင်ခန်းများကို မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးမှ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့ ကြောင်း၊ ထို့အပြင် ဦးစီးဌာနချုပ်ရုံးနှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဌာနပိုင်ဝန်ထမ်းကြိုပို့ယာဉ်များနှင့် အုပ်ချုပ်မှုယာဉ်များ စုစုပေါင်းယာဉ်(၄၀)စီးခန့်တို့အား ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ်ဆေးဖြန်းခြင်း များဆောင်ရွက်ခဲ့ပါသည်။

ဝန်ထမ်းများ လက်သန့်စင်ဆေးကြောနေသည့် မှတ်တမ်း

ဝန်ထမ်းများ အပူချိန်တိုင်းတာနေသည့်မှတ်တမ်း

ဦးစီးဌာနရုံး အဆောက်အဦအတွင်းရှိ ရုံးခန်းများ ဆေးဖြန်းနေသည့် မှတ်တမ်း

ဦးစီးဌာနရုံး အဆောက်အဦအတွင်းရှိ ရုံးပြင်ပလျှောက်လမ်းများ ဆေးဖြန်းနေသည့်မှတ်တမ်း

ဦးစီးဌာနရုံး အဆောက်အဦအတွင်းရှိ သန့်စင်ခန်းများဆေးဖြန်းနေသည့်မှတ်တမ်း

ဝန်ထမ်းကြိုပို့ယာဉ်နှင့် အုပ်ချုပ်မှုယာဉ်များ ဆေးဖြန်းနေသည့် မှတ်တမ်း

အမေရိကန်ဗဟိုဘဏ်နှင့် ကမ္ဘာတစ်ဝန်းရှိဗဟိုဘဏ်များက ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့

အမေရိကန်ဗဟိုဘဏ်နှင့် ကမ္ဘာတစ်ဝန်းရှိဗဟိုဘဏ်များက ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့

အမေရိကန် ဗဟိုဘဏ်သည် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးကျဆင်းလာမှုကိုတားဆီးနိုင်ရန်နှင့် ငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာလိုအပ်ချက်အများအပြားဖြစ်ပေါ်နေခြင်းကို ဖြေရှင်းနိုင်ရန်တို့ အတွက် ပြင်ပသို့ရောင်းချထားသည့် အမေရိကန်ဒေါ်လာနှင့်ချိတ်ဆက်ထားသော ငွေတိုက်စာချုပ် အမျိုးမျိုးအား ယခုရက်သတ္တပတ်မှစတင်၍ အကန့်အသတ်မရှိဝယ်ယူခြင်းအားဖြင့် ဈေးကွက်အတွင်းသို့အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးသွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊အမေရိကန်ဗဟိုဘဏ်သည် ယခုရက်သတ္တပတ်အတွင်း၌ပင် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ(၁၂၅)ဘီလီယံခန့် ပုံမှန်သုံးစွဲ၍ ငွေတိုက်စာချုပ်များအားနေ့စဉ်‌ဝယ်ယူသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးအားပျော့ကာ ရက်အတန်အကြာကျဆင်းနေသည့် ကမ္ဘာ့ရွှေဈေးမှာ ပြန်လည် မြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

ထို့ပြင် ဥရောပနိုင်ငံကြီးများနှင့် အာရှပစိဖိတ်ဒေသမှနိုင်ငံများ၏ဗဟိုဘဏ်များသည်လည်း သက်ဆိုင်ရာငွေကြေးဈေးကွက်များအတွင်း၌ အမေရိကန်ဒေါ်လာ လိုအပ်ချက်များဖြစ်ပေါ်နေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ဖြည့်တင်းရန် ဆုံးဖြတ်ခဲ့ခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို အားပျော့စေကာ ကမ္ဘာ့ရွှေဈေးကိုမြင့်တက် စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၄)ရက်နေ့(အင်္ဂါနေ့)တွင် ကမ္ဘာဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ ၂% မြင့်တက်ပြီး တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁,၅၈၄.၅၁)သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာတန်ဖိုးမှာမူ ၀.၅% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သော Goldman Sachs Group သည် ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်မြင့်တက်မည့်အနေအထားရှှိပြီး တစ်နှစ်အတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၈၀၀)ဈေးနှုန်းအထိရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းwww.bloomberg.com အင်တာနက်website တွင် ဖော်ပြပါရှိပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန လျှောက်လွှာခေါ်ယူခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနလျှောက်လွှာခေါ်ယူခြင်း

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်ရှိ လူပေါင်း(၂၅) သန်း ခန့်မှာ အလုပ်အကိုင်ဆုံးရှုံးလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) ကသတိပေးကြေညာခဲ့

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်ရှိ လူပေါင်း(၂၅) သန်း ခန့်မှာ အလုပ်အကိုင်ဆုံးရှုံးလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) ကသတိပေးကြေညာခဲ့

            COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ အလုပ်လက်မဲ့ဖြစ်ပွားမှု သိသိသာသာ တိုးတက်များပြားလာနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိလူပေါင်း(၂၅) သန်းခန့်မှာ အလုပ်အကိုင်ဆုံးရှုံးမှုများဖြစ်လာနိုင်သည့်အပြင် အလုပ်သမားများ၏ဝင်ငွေပမာဏမှာလည်း သိသိသာသာလျော့နည်းကျဆင်းသွား လိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၈) ရက် (ဗုဒ္ဓဟူးနေ့) တွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

            ILO ၏ကြေညာချက်၌ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိလူပေါင်း(၈,၀၀၀) ဦးကျော်ကိုသေဆုံးစေခဲ့သည့် COVID-19 ကူးစက်ရောဂါသစ်သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကြပ်အတည်းကို သာမကကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအကြပ်အတည်းများကိုပါ ဖြစ်ပေါ်စေပြီး ကမ္ဘာ့အလုပ်သမားစျေးကွက်အပေါ် ကြီးမားစွာရိုက်ခတ်လာခဲ့ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကူးစက်ရောဂါကြောင့်အလုပ်လက်မဲ့နှုန်းမြင့်တက်လာမည့်အပေါ် စောင့်ကြည့်လေ့လာ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊လက်ရှိဖြစ်ပေါ်နေသော COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ လူပေါင်း(၂၄.၇) သန်းကျော်အထိ အလုပ်အကိုင်ဆုံးရှုံးမည့်အနေအထားရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှအစိုးရများအနေဖြင့် အကောင်းဆုံးတုံ့ပြန်မှုများကို ပြင်ဆင်ပြုလုပ်နိုင်သည့်တိုင်အောင်အနည်းဆုံးလူပေါင်း(၅.၃) သန်းခန့်မှာ မလွဲမသွေအလုပ်အကိုင်ဆုံးရှုံးရမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ စတင်ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးအကြပ်အတည်းဂယက်ကြောင့် ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ လူပေါင်း(၂၂) သန်းခန့် အလုပ်အကိုင်ဆုံးရှုံးခဲ့ဖူးရာ ယခု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက်မှာ အဆိုပါ ကာလနှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားနိုင်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

            ထို့ပြင် ILO ၏ကြေညာချက်၌ COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်းအလုပ်သမားများ၏ဝင်ငွေဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၈၆၀)ဘီလီယံမှ အမေရိကန်ဒေါ်လာ(၃.၄)ထရီလီယံအထိရှိနိုင်ပြီး ဝင်ငွေကျဆင်းခြင်းနှင့်အတူ ဝန်ဆောင်မှုနှင့်ကုန်စည်စားသုံးမှုများပါလိုက်ပါကျဆင်းခြင်းကြောင့် အခြားစီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘာ့စီးပွားရေးကဏ္ဍတို့အပေါ် ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုဖော်ပြထားကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

COVID-19 ကူးစက်မှုကို အကြောင်းပြု၍ ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းရှိ ဗလီများ၌ ဝတ်ပြုခြင်းများကို ယာယီပိတ်ပင်ခဲ့မှု

COVID-19 ကူးစက်မှုကို အကြောင်းပြု၍ ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းရှိ ဗလီများ၌ ဝတ်ပြုခြင်းများကို ယာယီပိတ်ပင်ခဲ့မှု

ဆော်ဒီအာရေဗျနိုင်ငံ၌ COVID-19 ကူးစက်မှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းရှိဝတ်ပြုကျောင်းများ၌ တစ်ပတ် (၅) ရက် ပုံမှန်ဝတ်ပြုခြင်းနှင့် အပတ်စဉ်သောကြာနေ့တစ်ရက်စုရုံးဝတ်ပြုခြင်းတို့ကိုမပြုလုပ်ရန် နှင့် ဝတ်ပြုကျောင်းများအားပိတ်ထားရန်  ဆော်ဒီအာရေဗျအစိုးရက၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇)ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိအချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူမရှိသေးသော်လည်းရောဂါကူးစက်ခံထားရသူ (၁၇၁) ဦးရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှုပိုမိုမဖြစ်ပေါ်စေရန် အတွက်နိုင်ငံအတွင်းဘာသာရေးအရ အစဉ်အလာကြီးမားဆုံးမြို့များဖြစ်သည့်မက္ကာနှင့် မက်ဒီနာမြို့တို့ရှိဝတ်ပြုကျောင်း (၂)ကျောင်းမှအပ နိုင်ငံတစ်ဝန်းရှိ အခြားသောဝတ်ပြုကျောင်းများကိုပိတ်ထားရန် ဆော်ဒီအာရေဗျ အစိုးရက ညွှန်ကြားခဲ့ခြင်းဖြစ်ပြီးဝတ်ပြုသူများအနေဖြင့် ဝတ်ပြုဆုတောင်းမှုများကို မိမိနေအိမ်မှသာ ပြုလုပ်ရမည်ဟုသိရှိရကြောင်း၊ ထို့ပြင် ဆော်ဒီအာရေဗျအစိုးရသည် မက္ကာမြို့သို့ ပြည်ပမှ လာရောက်ဝတ်ပြုမှုများကိုလည်း တားမြစ်ပိတ်ပင်ခဲ့ပြီးနိုင်ငံတကာလေကြောင်းခရီးစဉ်များကိုရပ်ဆိုင်းခြင်း၊ စာသင်ကျောင်းများပိတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကိုပိတ်ထားခြင်းတို့ကိုလုပ်ဆောင်ထားသည့် အပြင် နိုင်ငံအတွင်းရှိကျန်းမာရေးဌာန၊ တပ်မတော် နှင့် လုံခြုံရေးဆိုင်ရာအစိုးရဌာနများမှလွဲ၍ ကျန်အစိုးရဌာနများကိုပိတ်ထားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းကပ်ရောဂါအဖြစ်ကူးစက်ပျံ့နှံ့လျက်ရှိသောCOVID-19ရောဂါ ကိုဖြစ်ပေါ်စေသောကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနရှိဆေးဝါးသုတေသနဌာနတစ်ခုဖြစ်သည့် ဓါတ်မတည့်မှုနှင့် ကူးစက်ရောဂါသုတေသနဌာန (National Institute of Allergy and Infectious Diseases – NIAID)မှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရကိုရိုနာဗိုင်းရပ်စ်သည် ရောဂါဖြစ်ပွားနေသူချောင်းဆိုး/နှာချေခြင်းမှ ထွက်ရှိသောတံတွေးစက်အမှုန်အမွှားများတွင် ဗိုင်းရပ်စ်ပိုးပါဝင်နိုင်ပြီး ၎င်းသည် လေထုထဲတွင် နာရီပေါင်းများစွာရှင်သန်နိုင်စွမ်းရှိကာအခြားသူများသို့ ကူးစက်နိုင်စွမ်းရှိသည့်အပြင် စပရေးဘူး၊ မှုတ်ဆေးဘူးကဲ့သို့ သောဘူးများအတွင်း၌ပင် (၃)နာရီကြာသည်အထိရှင်သန်နေနိုင်ကြောင်း၊ ၎င်းဗိုင်းရပ်စ်ပိုးသည် ပလပ် စတစ်မျက်နှာပြင်များ၊ စတီးမျက်နှာပြင်များပေါ်တွင် ကပ်ငြိရှင်သန်နိုင်ပြီး (၃)ရက်ကြာပြီးနောက်တွင် မှ ဗိုင်းရပ်စ်ပိုးရှိနေကြောင်းကိုစမ်းသပ်တွေ့ရှိနိုင်ကြောင်း၊ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်သည် ကတ်ထူစက္ကူမျက်နှာပြင်ပေါ်တွင် (၂၄)နာရီခန့် ရှင်သန်နေနိုင်ပြီးကြေးနီမျက်နှာပြင်ပေါ်တွင် (၄)နာရီခန့် ရှင်သန်နေနိုင်သည်ဟုသိရှိရကြောင်းဖြင့် www.bdnews24.comအင်တာနက် website တွင် ဖော်ပြထားပါသည်။