အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤဥပဒေကိုတရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ် ခြင်းကိုအရေးယူသည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည်-

(က) တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ပစ္စည်းဆိုသည်မှာ ဥပဒေကခွင့်ပြုသောစီးပွားရေး လုပ်ငန်းမှဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင် ပြီးရရှိသောဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်အညီအခွန်များကိုပေးဆောင်ခြင်းမပြု ဘဲ ထိန်ချန်ထားသော ဝင်ငွေဖြင့် ဖြစ်စေရရှိသည့် ပစ္စည်းကိုဆိုသည်။

(ခ) ပစ္စည်းဆိုသည်မှာ ရွှေ့ပြောင်းနိုင်သောပစ္စည်းသို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဆိုသည်။

(ဂ) မရွှေ့ပြောင်းနိုင်သောပစ္စည်းဆိုသည်မှာ မြေ၊ မြေမှဖြစ်ထွန်းသောအကျိုးခံစား ခွင့်များ၊ ယင်းမြေပေါ်ရှိ သစ်ပင်၊သီးနှံပင်များ၊မြေ၌ ဆောက်လုပ်ထားသော သို့မဟုတ်တည်ရှိသောအဆောက်အအုံနှင့်အရာဝတ္ထုများ၊ ယင်းအဆောက်အအုံ ၌တပ်ဆင်ထားသောအရာဝတ္ထုများကိုဆိုသည်။

(ဃ) ရွှေ့ပြောင်းနိုင်သောပစ္စည်းဆိုသည်မှာ ပုဒ်မ ၂၊ ပုဒ်မခွဲ(၈)ပါ ပစ္စည်းများမှ တပါး ကျွဲနွား တိရိစ္ဆာန်အပါအဝင် အခြားပစ္စည်း အားလုံးကိုဆိုသည်။

(င) အဖွဲ့ဆိုသည်မှာ ဝန်ကြီးအဖွဲ့က ဤဥပဒေအလို့ငှာ တာဝန်ပေးအပ်သော အဖွဲ့ သို့မဟုတ် ဖွဲ့စည်းပေးသော အဖွဲ့ကို ဆိုသည်။