အခန်း (၄)

၂၁။ ။ (၁) တည်ဆဲတရားဥပဒေတခုခုတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်သမ္မတ သည် အမိန့်ကြော်ငြာ စာထုတ်ပြန်၍ ဇယား ၁ တွင် သီးခြားဖော်ပြထားသည့် ပြစ်မှု များကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ပြစ်မှုများကိုဖြစ်စေ စစ်ဆေးစီရင်ရန် အထူး တရားသူကြီးခန့်ထားနိုင်သည့်ပြင် ထိုအထူးတရားသူကြီးရုံး ထိုင်ရ မည့် နေရာကို လည်းသတ်မှတ်နိုင်သည်။

သို့ရာတွင် ပြည်ထောင်စုနိုင်ငံတော်သမ္မတ ရုံးထိုင်ရန်နေရာ သတ်မှတ်သည့် အမိန့်ထုတ်ဆင့်ခြင်းမရှိလျှင် အထူးတရားသူကြီးသည် ရုံးထိုင်မည့်နေရာကို မိမိကိုယ်တိုင်သတ်မှတ်နိုင်သည်။

(၂) နိုင်ငံတော်သမ္မတသည် အထူးသို့တည်းမဟုတ် သာမန်အမိန့်ဖြင့် ဇယား၁ တွင်သီးခြား ဖော်ပြထားသည့် ပြစ်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း မည်သည့် တရားရုံး၌မဆို မပြီးပြတ်သေးသည့်အမှုကိုအမိန့်တွင် သီးခြား ဖော်ပြထားသည့်အထူး တရားသူကြီးရုံးသို့ လွှဲပြောင်းရန် ဆင့်ဆိုနိုင် သည်။

(၃) မည်သူမဆို စက်ရှင်တရားသူကြီးအဖြစ်ဖြင့် အနည်းဆုံးတနှစ်မျှအမှုထမ်းရွက် ၍ စက်ရှင် တရားသူကြီး၏ အာဏာများကို သုံးစွဲဘူးသူဖြစ်လျှင် သို့တည်း မဟုတ် ခရိုင်ရာဇဝတ် တရားသူကြီး၏ အာဏာကိုအနည်းဆုံး တနှစ်မျှ သုံးစွဲ ဘူးသူဖြစ်လျှင် သို့တည်းမဟုတ် ရာဇဝတ် ကျင့်ထုံးပုဒ်မ ၃၀ အရ အာဏာ များအပ်နှင်းထားသည့် ပဌမတန်းရာဇဝတ် တရားသူကြီးဖြစ်ဘူးလျှင် ထိုလူကို ပုဒ်မခွဲ (၁)အရ အထူးတရားသူကြီးအဖြစ်ခန့်ထားနိုင်သည်။ သို့ရာတွင် နိုင်ငံတော်သမ္မတက အမိန့်စာဖြင့် သီးခြားဖော်ပြထားသည့် အရပ်ဒေသများ ၌ပဌမတန်းရာဇဝတ် တရားသူကြီး၏ အာဏာအနည်းဆုံး တနှစ်မျှသုံးစွဲဘူး သူကို အထူးတရားသူကြီး အဖြစ် ခန့်ထားနိုင်သည်။

(၄) နိုင်ငံတော်သမ္မတကအခြားအမိန့်မထုတ်ပြန်လျှင် ဤအက်ဥပဒေအရ ပြစ်မှုများကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများ၏ နယ်နိမိတ်အတွင်း ကျူးလွန် လျှင် ထိုတရားရုံးများက စစ်ဆေးစီရင်ရမည်။

(၅) မည်သူမဆို ဤအက်ဥပဒေအရခန့်ထားသည့် အထူးတရားသူကြီးက စစ် ဆေး၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တရားလွှတ်တော်သို့ အယူခံနိုင် သည်။

သို့ရာတွင်ထိုသူကို စက်ရှင်တရားရုံးက ပြစ်မှုထင်ရှားစီရင်ဘိသကဲ့သို့ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၁၂ နှင့် ၄၁၃ ပါ ပြဌာန်းချက်များသည် ထိုအယူခံမှုများ နှင့် သက်ဆိုင်ရမည်။

(၆) ဤအက်ဥပဒေအရ ခန့်ထားသည့် တရားသူကြီးက စစ်ဆေးစီရင်သည့် အမှု များကို တရားလွှတ်တော်ကပြင်ဆင်နိုင်သည်၊ ထို့ပြင် ရာဇဝတ်ကျင့် ထုံးဥ ပဒေ ပုဒ်မ ၄၃၅ အစမှ ၄၄၂ အဆုံး အထိ ပုဒ်မများပါပြဌာန်းချက်များသည် အဆိုပါပြင်ဆင်မှုများနှင့် သက်ဆိုင်ရမည်။

၂၂။ ။ ဤအက်ဥပဒေအရ ခန့်ထားသည့် အထူးတရားသူကြီး၏ရုံး၌ မပြီးပြတ်သေးသည့် အမှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၂၆ အရ လွှဲပြောင်းရန် တရားလွှတ်တော်သို့ လျှောက်ထား နိုင်သည်၊ ထိုအမှုကိုလွှဲပြောင်းသင့်သည်ဟု တရားလွှတ်တော်ကယူဆလျှင် ထိုသို့ လွှဲပြောင်း သင့်ကြောင်းဖြင့် နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်၊ အဆိုပါ အစီရင်ခံစာအရ နိုင်ငံတော်သမ္မတက အခြားအထူးတရားသူကြီးတဦးကိုခန့်ထား၍ အမှုကို ထိုအထူးတရား သူကြီးထံသို့ လွှဲပြောင်း ရမည်။
၂၃။ ။ ဤအက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ အဖွဲ့နှင့်ဌာနဆိုင်ရာ အရာရှိများသည် တည်ဆဲတရားဥပဒေ တခုခုအရ ပြည်သူ့ပစ္စည်းကာကွယ် စောင့်ရှောက်ရေးကော်မတီနှင့် ပြည်သူ့ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ရဲအဖွဲ့ဝင် ရာထမ်းမှုထမ်းများ ဆိုင်သင့်ရာရာက သုံးစွဲဆောင်ရွက်ခဲ့သည့် အာဏာများနှင့် တာဝန်ဝတ္တရားများကို ဆိုင်ရာဆိုင်ရာ သုံးစွဲ ဆောင်ရွက်ရမည်၊ ထို့ပြင် အဆိုပါ ကော်မတီက သို့တည်းမဟုတ် အဆိုပါရဲအဖွဲ့က စွဲဆို သည့် သို့တည်းမဟုတ် စုံစမ်းစစ်ဆေးသည့် အမှုကို အဖွဲ့ သို့တည်းမဟုတ် ဌာနဆိုင်ရာ အရာရှိ များ ဆိုင်သင့်ရာရာက ဆက်လက်စွဲဆိုရမည် သို့တည်းမဟုတ် ဆက်လက်စုံစမ်း စစ်ဆေး ရမည်။
၂၄။ ။ နိုင်ငံတော်သမ္မတသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဇယား ၁ ပါ မည်သည့် ပြဌာန်း ချက်ကိုမဆိုပြောင်းခြင်းဖြင့်သော်၎င်း၊ ဖြည့်ထည့်ခြင်းဖြင့်သော်၎င်း၊ ရုပ်သိမ်းခြင်းဖြင့် သော်၎င်း ပြင်နိုင်သည်၊ ထိုပြင်ချက်သည် ဤအက်ဥပဒေ ပါပြဌာန်းချက် ဖြစ်ဘိသကဲ့သို့ အာဏာတည်ရမည်။

၂၅။ ။(၁) ဤအက်ဥပဒေအရ သဘောရိုးဖြင့်ဆောင်ရွက်သည့် သို့တည်းမဟုတ် ဆောင်ရွက် ရန် ကြံရွယ်သည့်ကိစ္စအတွက် မည်သူ့ကိုမျှ တရားမမှုဖြင့်ဖြစ်စေ၊ ရာဇဝတ်မှု ဖြင့်ဖြစ်စေ၊ အခြားတရားမှုခင်း ဖြစ်စေမစွဲဆိုရ။

(၂) ဤအက်ဥပဒေအရဆောင်ရွက်သည့် သို့တည်းမဟုတ် ဆောင်ရွက်ရန်ကြံရွယ်သည့် ကိစ္စကြောင့် ဖြစ်သည့် သို့တည်းမဟုတ် ဖြစ်ရန်အကြောင်းရှိသည့် ပျက်ဆီးနစ်နာမှု အတွက် ပြည်ထောင်စုမြန်မာနိုင်ငံအား တရားမမှုဖြင့်ဖြစ်စေ၊ အခြားမှုခင်းဖြစ်စေ မစွဲဆိုရ။

၂၆။ ။ (၁) နိုင်ငံတော်သမ္မတသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဤအက်ဥပဒေပါပြဌာန်းချက် များ အတိုင်းဆောင်ရွက်ရန် ဤအက်ဥပဒေနှင့် မဆန့်ကျင်သည့် နည်းဥပဒေ များကို ပြုနိုင်သည်။

(၂) အထက်ပါအာဏာများ၏ ယေဘုယျသဘောကိုမထိခိုက်စေဘဲ အဆိုပါနည်းဥပဒေ များ သည် အထူးသဖြင့်-

(က) ဌာနဆိုင်ရာအရာရှိများ၏ အပြုအမူနှင့်စပ်လျဉ်းသည့်စုံစမ်းစစ်ဆေးမှု များတွင် လိုက်နာရမည့် နည်းလမ်းကိုပြဌာန်းနိုင်သည်၊ ထို့ပြင်

(ခ) ဌာနဆိုင်ရာအရာရှိက မိမိနစ်နာစေရန်ချမှတ်သည့် အမိန့်ကိုမည်သည့် အမှုမျိုးတွင် မည်သည့်အာဏာပိုင်များထံအယူခံဝင်ခွင့်ရှိရမည်ဟု ပြဌာန်း နိုင်သည်။
သို့ရာတွင် အဆိုပါအရာရှိမှာ အမိန့်တခုကို တကြိမ်ထက်ပို၍ အယူခံဝင်ခွင့်မရှိစေရ။