-
-
စသုံးလုံး
- ၁။ စစ်ပြီးခေတ်တွင်၊ မြန်တစ်ခွင်ဝယ်
- ကျင့်စဉ်ပျက်ပြား၊ လွန်ဖောက်ပြား၍
- နေရာအများ၊ ခြတွေစား၏။
- ၂။ လေးဆယ့်ရှစ်ခု “ရဲ” တစ်စုဖြင့်
- သန့်မှုရှည်ကာ “ခြ” သတ္တဝါကို
- မညှာချေမှုန်း ‘ပီလေးလုံး’
- ၃။ ရဲနှင့်မဆိုင်၊ ဘီအက်စ်အိုင်သို့
- ၅၁-ခုတွင် ပြုပြင်ဖွင့်လှစ်ဌာနသစ်ကြီး
- ပြောင်းလဲပြီး၏။
- ၄။ ဘီအက်စ်အိုင်ဟု ခေါ်တွင်မူကား
- မျိုးခြားသညာ မသင့်ရာနှင့်၊
- လွယ်ရမြန်သုံး စသုံးလုံး။
- ၅။ ‘စသုံးလုံး’ ဝင် ပုဂ္ဂိုလ်စင်သည်
- တည်ကြည်ဖြောင့်မတ် မျိုးချစ်ဓာတ်ဖြင့်
- မွန်မြတ်အလုပ် စဉ်အားထုတ်၏။
- ၆။ သစ္စာစကား မြဲမှတ်ထားကာ
- လေးပါးကတိ ရှင်းမရှိဘဲ
- စွဲမြဲအလုပ် လွန်ကြိုးကုတ်၏။
- ၇။ ‘ခြံ’ ကောင်းမျိုးစုံ အဖုံဖုံကို
- ကုန်စင်နှိမ်နှင်း ဖြိုခွင်းမညှာ
- ပြုသည့်တာကြောင့် ယုတ်မာလူစု၊ ရန်ညိုးပြု၏။
- ၈။ ရန်ညှိုးသွယ်သွယ်၊ တွေ့ကြုံကြွယ်လည်း
- စိတ်ဝယ်လှုပ်ရှား၊ ရေးမထားလျက်
- မြွေကားစွယ်ကျိုး နှိမ်ချိုးမာန၊ဆက်ဆံကြ၏။
- ၉။ လူထုဆက်သွယ်၊ ပေါင်းရာဝယ်လည်း
- တနည်းခြေသုတ်၊ ပုဆိုးစုတ်သို့
- ရိုညွတ်ကာသာ၊ ကျင့်စဉ်လာ၏။
- ၁၀။ မြန်ပြည်သန့်ရှင်း၊ ‘ခြ’ ကောင်ကင်းရန်
- စိတ်သန်ရည်မှု၊ အဓိဌာန်ပြုသည်
- ပြည်သူ့လက်ရုံး၊ စသုံးလုံး။
-