ဦးစီးဌာန၏ရည်ရွယ်ချက်

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အောက်ပါရည်ရွယ်ချက်များဖြင့်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်-

(က)   ဖြစ်ရပ်မှန်ပေါ်ပေါက်​အောင် စုံစမ်းဖော်ထုတ်၍ တာဝန်ရှိသူများအား ပြစ်မှုကြောင်း အရ လည်းကောင်း၊ ဌာနဆိုင်ရာအရလည်းကောင်း အရေးယူနိုင်ရေး၊

(ခ)   ပြစ်မှုကျူးလွန်ရာ၌ အကျုံးဝင်သည့်ငွေကြေး၊ ပစ္စည်းများသိမ်းဆည်း နိုင်ခြင်းဖြင့်ဆုံးရှုံးသွားသော ပြည်သူ့ဘဏ္ဍာများ ပြန်လည်ရရှိရေး၊

(ဂ)   ဖြစ်ရပ်သည် မည်သည့်အကြောင်းကြောင့်ဖြစ်ရသည်၊ မည်သူ့တွင်တာဝန်ရှိသည်၊ မည်သို့ပြုပြင်သင့်သည်တို့ကိုပါ ဖော်ထုတ်သုံးသပ်၍ နောင်အလားတူဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန်စီမံခန့်ခွဲရေးအပိုင်းမှ ကြိုတင်တားဆီးကာကွယ်နိုင်ရေး၊

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ဆောင်ပုဒ်

“ စုံစမ်းခြင်းသည်အမှန်တရားကိုရှာဖွေခြင်းဖြစ်သည်”