၁၉၅၁ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချူပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေ

(၁၉၅၁ ခုနှစ်၊ အက်ဥပ‌ဒေအမှတ် ၅၀)

ဇယား ၁။

(ပုဒ်မ ၄၊ ၅၊ ၇၊ ၁၇၊ ၂၁ နှင့် ၂၄ ကိုကြည့်)

(က)   ၁၉၄၇ ခုနှစ်၊ ပြည်သူ့ပစ္စည်းကာကွယ်ရေးအက်ဥပဒေ (Public Property Protection Act, 1947) ပုဒ်မ ၆ (၁)အရ ပြစ်မှုများ။

(ခ)    ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေပုဒ်မ ၄ (၂)အရ ပြစ်မှုများ။

(ဂ)    ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်းသတ်မှတ်ရေးအက် ဥပဒေ (Foreign Exchange Regulation Act, 1947)ပုဒ်မ ၂၄ အရပြစ်မှုများ။

(ဃ)   ၁၉၄၇ ခုနှစ်၊ အရေးကြီးသောကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ (Essential Supplies and Serives Act, 1947) ပုဒ်မ ၈ အရ ပြစ်မှုများ။

(င)    ၁၉၄၇ ခုနှစ်၊ ဝင်ကုန်ထွက်ကုန်ကြီးကြပ်ရေး (ယာယီ)အက်ဥပဒေ (Control of Imports and Exports (Temporary)Act, 1947)ပုဒ်မ ၅ အရ ပြစ်မှုများ။

ဇယား ၂။

(ပုဒ်မ ၃ ကိုကြည့်)

ကျွန်ုပ် −−−−−−−−−−−−−−−−−−−− သည် အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ/ဝင်၏ တာဝန်အလုပ်ဝတ်တရား များကို ရိုးသား‌ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ မျက်နှာကြီးငယ် အရွယ်မထောက် ဆန္ဒာ၊ ဒေါသာ၊ ဘယာဂတိများ သို့မလိုက် ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှကျေကုန်အောင် ထမ်းရွက်ပါမည်၊ ထို့ပြင်ကျွန်ုပ်သည်ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပဒေ နှင့်တကွ တရားဥပဒေများကို ထိန်းသိမ်း စောင့်ရှောက်မည်ဟု လေးနက်တည်ကြည်စွာ ကျေညာ၍ ကျမ်းသစ္စာ/ကတိသစ္စာ ဆိုပါသည်။

ဇယား ၃။

(ပုဒ်မ ၁၂ ကိုကြည့်)

၁၉၅၁ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဌာန အက်ဥပဒေပုဒ်မ ၁၇ ကို ကျွန်ုပ်ဖတ်ရှုပြီး ဖြစ်ပါကြောင်း၊ ကျွန်ုပ်အား အဆိုပါ အက်ဥပဒေအရ−−−−−−−−−−−−−−−−−−−− အဖြစ်ခန့်ထားသည့်အခါ ကျွန်ုပ်သည်အခါခပ်သိမ်း ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအ‌ခြေခံဥပဒေနှင့် တကွ တရားဥပဒေများကို ထိန်းသိမ်းစောင့် ရှောက်ပါမည်၊ထို့ပြင် ပြည်ထောင်စုအစိုးရ၏ အမှုတော်ကို၎င်း၊ ကျွန်ုပ်အား တရားဥပဒေအရ အပ်နှင်းထားသောအာဏာများနှင့် တာဝန်ဝတ္တရား များကို၎င်းရိုးသား ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ မျက်နှာကြီးငယ် အရွယ်မထောက် ဆန္ဒာ၊ ဒေါသာ၊ ဘယာ၊ ဂတိများသို့မလိုက် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှ ကျေကုန်အောင်ထမ်းဆောင်ပါမည်ဟု လေးနက်တည်ကြည်စွာ ကျေညာ၍ ကျမ်းသစ္စာ/ ကတိသစ္စာ ဆိုပါ သည်။

ဇယား ၄။

(ပုဒ်မ ၁၂၊ ၁၃ နှင့် ၁၇ ကိုကြည့်)

−−−−−−−−−−−−−−−−−− ကို ၁၉၅၁ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေး အဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေအရ အထူးစုံစမ်းစစ်ဆေးရေးဌာနဆိုင်ရာ အရာရှိအဖြစ် ခန့်ထားပြီးဖြစ်၍−−−−−−−−−−−−−−−−−−−− အား အထူးစုံစမ်းစစ်ဆေးရေးဌာန ဆိုင်ရာအရာရှိ၏အာဏာများ၊ အလုပ်ဝတ္တရားများနှင့် အထူးအခွင့် အရေးများကို အပ်နှင်းလိုက်သည်။

၁၉၅၃ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (ပြင်ဆင်ချက်)အက်ဥပဒေ

(၁၉၅၃ ခုနှစ်၊ အက်ဥပဒေအမှတ် ၅၈)

၁။      ဤအက်ဥပဒေကို ၁၉၅၃ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဌာန (ပြင်ဆင်ချက်)အက်ဥပဒေဟုခေါ်ရမည်။

၂။      နောက်တွင် “အဆိုပါအက်ဥပဒေ”  ဟု ရည်ညွှန်းသည့် ၁၉၅၁ ခုနှစ်၊ အထူးစုံစမ်း စစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနအက် ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁)တွင် “အဖွဲ့မှာ” ဆိုသည့် စကားရပ်နောက်၌ “အထူးသဖြင့်” ဆိုသည့်စကားရပ်ကို ထည့်သွင်းရမည်။

၃။      အဆိုပါအက်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (၁)တွင်

  •  (က)   အပိုဒ် (ဃ)၌ “ဇယား ၁ တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုများကို ဖြစ်စေ” ဆိုသည့် စကားရပ်နောက်တွင် “တည်ဆဲဥပဒေများအရ အရေးယူပိုင် ဆိုင် သည့် အခြားပြစ်မှုများကိုဖြစ်စေ” ဆိုသည့် စကားရပ်ကိုထည့်သွင်းရမည်၊ ထို့ပြင်
  • (ခ)    အပိုဒ်(င)၌ “ဇယား ၁ တွင် သီးခြားဖော်ပြ ထားသည့်ပြစ်မှုများနှင့်” ဆို သည့် စကားရပ်အစား “ဇယား ၁ တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုများ နှင့် သော်၎င်း၊ တည်ဆဲဥပဒေများအရ အရေးယူပိုင်သည့် အခြားပြစ်မှုများ နှင့်သော်၎င်း” ဆိုသည့် စကားရပ်ကို ထည့်သွင်းရမည်။

၄။      အဆိုပါအက်ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (၁)၌ “ဇယား ၁ တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုကိုဖြစ်စေ” ဆိုသည့် စကားရပ်နောက်တွင် “တည်ဆဲဥပဒေများအရ အရေးယူပိုင် သည့် အခြားပြစ်မှုများကိုဖြစ်စေ” ဆိုသည့် စကားရပ်ကို ထည့်သွင်းရမည်။

၅။      အဆိုပါအက်ဥပဒေပုဒ်မ ၁၇ တွင် “ပြည်သူ့ပစ္စည်းနှင့် စပ်လျဉ်း သည့်ပြစ်မှု များကိုသော်၎င်း၊ ဇယား ၁ တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုများကိုသော်၎င်း၊ ဤအက်ဥပဒေ အရ ပြစ်မှုများကိုသော်၎င်း” ဆိုသည့် စကားရပ်အစား  “ပုဒ်မ ၇၊ ပုဒ်မခွဲ (၁)တွင် ဖော်ပြထားသော ပြစ်မှု များကို” ဆိုသည့် စကားရပ်ကို ထည့်သွင်းရမည်။

၆။      အဆိုပါအက်ဥပဒေပုဒ်မ ၂၁ တွင် ပုဒ်မခွဲ (၃)နောက်၌ အောက်ပါပြဌာန်းချက်များကို ပုဒ်မခွဲ (၃-က) အဖြစ် ထည့်သွင်းရမည်။

(၃-က) ပုဒ်မခွဲ (၁)အရ နိုင်ငံတော်သမ္မတက ခန့်ထားသည့် အထူးတရားသူကြီးသည် ဇယား ၁ တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုများနှင့် ဤအက်ဥပဒေအရ ပြစ်မှုများသာမက စက်ရှင်တရားသူကြီး၏ အာဏာကိုသုံးစွဲလျက် တည်ဆဲဥပဒေ များအရ အပြစ်ဒဏ် ထိုက်သင့်သည့် အခြားပြစ်မှုများကိုလည်း စစ်ဆေးစီရင်နိုင် ရမည့်ပြင် ဆိုင်ရာဥပဒေများတွင် သတ်မှတ်ထားသော ပြစ်ဒဏ်များကိုလည်း စီရင်နိုင်ရမည်။