အခန်း(၁)

၁။ ။ ဤအက်ဥပဒေကို ၁၉၅၁ ခုနှစ် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူး စုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေဟုခေါ်ရမည်။

၂။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့် ဖြစ်စေ မဆန့်ကျင်လျှင်-

  • (၁) “အဖွဲ့” ဆိုသည်မှာပုဒ်မ ၃အရ ဖွဲ့စည်းထားသည့် အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေး အဖွဲ့ကို ဆိုလို သည်။
  • (၂) “ဌာန”ဆိုသည်မှာပုဒ်မ ၇အရ ဖွဲ့စည်းထားသည့် အထူးစုံစမ်းစစ်ဆေးရေး ဌာန ကို ဆိုလိုသည်။
  • (၃) “ပြဌာန်းသည်”ဆိုသည်မှာ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများဖြင့် ပြဌာန်းသည် ကိုဆိုလိုသည်။

၃။ ။ (၁) နိုင်ငံတော်သမတသည်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့ဟုခေါ်တွင်မည့် အဖွဲ့တခုကို ဖွဲ့စည်းရမည်။  ထိုအဖွဲ့တွင် ဥက္ကဋ္ဌနှင့်အခြား လေးဦးထက်မပိုသော အဖွဲ့ဝင်လူကြီးများပါဝင်ရမည်။

(၂) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမှုထမ်းစည်းကမ်းများသည်၊ နိုင်ငံတော်သမတက ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်ရမည်။

(၃) (က) ဥက္ကဌနှင့်အဖွဲ့ဝင်လူကြီးအသီးသီးသည် ရာထူးတွင် ခန့်ထားခြင်းခံရသည့် အခါ ဤ အက်ဥပဒေ၏ဇယား၂ တွင်   ဖော်ပြထားသည့်ပုံစံအတိုင်း ကျမ်းသစ္စာ ဆို၍လက်မှတ်ရေးထိုးရမည်။

(ခ) ဥက္ကဌသည် ဝန်ကြီးချုပ်ရှေ့တွင် ကျမ်းသစ္စာဆို၍ လက်မှတ်ရေးထိုးရမည်၊ အဖွဲ့ဝင် အသီးသီးသည် ဥက္ကဌရှေ့တွင် ကျမ်းသစ္စာဆို၍ လက်မှတ်ရေးထိုး ရမည်။

(၄) အဖွဲ့၏အစည်းအဝေးများတွင်လိုက်နာရမည့်နည်းလမ်းနှင့် အစည်းအဝေး အထ‌မြောက်ရေးအတွက် လိုအပ်သော အဖွဲ့ဝင်ဦးရေသည် နိုင်ငံတော်သမတ က ပြဌာန်းထားသည့် အတိုင်းဖြစ်ရမည်။

(၅) အဖွဲ့ဝင်တဦးဦး၏ရာထူးလစ်လပ်ခြင်းကြောင့်ဖြစ်စေ၊ အဖွဲ့ဝင်လူကြီးများခန့်ထား ရာ၌ ချို့ယွင်းချက်ရှိခြင်းကြောင့်ဖြစ်စေ အဖွဲ့၏ ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

။ (၁) အဖွဲ့မှာ ၁၉၄၇ ခုနှစ် ပြည်သူ့ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၂(၁)တွင် အဓိပ္ပါယ်ဖော်ပြထားသည့် “ပြည်သူ့ပစ္စည်း”နှင့် စပ်လျဉ်း၍ ပြစ်မှုကျူး လွန် ခြင်း ကို၎င်း၊ ဇယား၁ တွင်သီးခြားဖော်ပြထားသည့် ပြစ်မှုများကျူးလွန်ခြင်း ကို၎င်း၊ တားမြစ်ရန်လိုအပ်သည့်အတိုင်း အရေးယူဆောင်ရွက်ရမည့် တာဝန် ရှိသည့်အပြင် အဆိုပါပြစ်မှုတခုခုကို စုံစမ်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သူများ ကို တရားစွဲဆိုရန် လိုအပ်သည့်အမိန့် သို့တည်းမဟုတ် ဆင့်ဆိုချက်များ ထုတ်ဆင့်ရမည့်တာဝန် လည်းရှိသည်။

(၂) အဖွဲ့သည် နိုင်ငံတော်သမတ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်ဌာနကို ကြီးကြပ် အုပ်ချုပ်ရေးနှင့် အရပ်ရပ်စီရင်အုပ်ချုပ်ရေးအတွက် တာဝန်ခံရမည်။

။ (၁) အခြားတည်ဆဲတရားဥပဒေတခုခုအရ အဖွဲ့အားအပ်နှင်းထားသည့် အာဏာများ အပြင် အဖွဲ့မှာ အောက်ပါအာဏာများလည်းရှိရမည်။

(က) ပြည်သူ့ပစ္စည်းနှင့်စပ်လျဉ်း၍ ပြစ်မှုများကျူးလွန်သည့် သတင်းကို သို့တည်းမဟုတ် ဇယား ၁ တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုတခုခု ကျူးလွန်သည့် သတင်းကို ဌာနသို့ဖြစ်စေ၊ ရဲအဖွဲ့သို့ ဖြစ်စေ ပေးပို့နိုင်သည် သို့တည်းမဟုတ် ပေးပို့စေနိုင်သည့် အာဏာ။

 (ခ) အဆိုပါပြစ်မှုတခုခုကျူးလွန်သည်ဟုသင်္ကာမကင်း ဘွယ်ရာအကြောင်း ရှိသည့် ပြည်သူ့ဝန်ထမ်း၏ အမည်ကို သက်ဆိုင်ရာဝန်ကြီးဌာနအား သို့တည်းမဟုတ် အစိုးရဌာနအား သို့တည်းမဟုတ် ဒေသန္တရအာဏာပိုင် အား သို့တည်းမဟုတ် အစိုးရလက်အောက်ခံအဖွဲ့အား ဖော်ပြရန်အာဏာ၊ ထိုဝန်ကြီးဌာနသည် သို့တည်းမဟုတ် ဒေသန္တရအာဏာပိုင်သည် အစိုးရ ဌာနသည် သို့တည်းမဟုတ်  အစိုးရလက်အောက်ခံအဖွဲ့သည် ထိုပြည်သူ့ ဝန်ထမ်းကို တရားစွဲဆိုနိုင်သည့် အပြင် ဌာနဆိုင်ရာ အရေးယူ ဆောင်ရွက်မှုကိုပြုရမည်၊ ထို့ပြင်ထိုသို့ စုံစမ်းစစ်ဆေးမှု သို့တည်း မဟုတ် တရားစွဲဆိုမှုမပြီးပြတ်သေးမီ ထိုပြည်သူ့ဝန်ထမ်းကို ရာထူး မှလည်း ခေတ္တချထားနိုင်သည်။

(ဂ) အခိုးခံရဘွယ်ရာသို့တည်းမဟုတ်ပျက်စီးဘွယ်ရာသို့တည်းမဟုတ်ဆုံးရှုံး ဘွယ်ရာလက္ခဏာရှိသည့် ပြည်သူ့ပစ္စည်းကိုသိုလှောင်ရန် သို့တည်းမ ဟုတ် ထိန်းသိမ်းစောင့်ရှောက်ရန် သို့တည်းမဟုတ်  စီမံခန့်ခွဲရန် အလို့ငှာ အမိန့်တွင် သီးခြားဖော်ပြထားသည့်အတိုင်း အရေးယူဆောင်ရွက်ရမည် ဟုမည်သူကိုမဆို ဆင့်ဆိုနိုင်သည့် အမိန့်ချမှတ်ရန်အာဏာ၊ ထိုသို့ဆင့်ဆို ခံရသူများသည် အဆိုပါ အမိန့်များအတိုင်း ဆောင်ရွက်ရမည်။

(ဃ) ဤအက်ဥပဒေအရ ပြစ်မှုတခုခုကိုဖြစ်စေ၊ ဇယား ၁ တွင် သီးခြား ဖော်ပြ ထားသည့်ပြစ်မှုများကိုဖြစ်စေ ကျူးလွန်ခဲ့သည် သို့တည်းမဟုတ် ကျူးလွန်နေ သည်ဟု သင်္ကာမကင်းဘွယ်ရာ အကြောင်းရှိသူကို ဖမ်းဆီး ရန်လိုအပ်သည်ဟု အဖွဲ့ကယူဆလျှင် ဖမ်းဆီးစေရန် အာဏာ။

(င) ဤအက်ဥပဒေတွင် အခြားနေရာ၌ မည်သို့ပင်ပါရှိ စေကာမူ ဇယား ၁ တွင် သီးခြားဖော်ပြသည့် ပြစ်မှုများနှင့်သက်ဆိုင်သော အမှုကို စုံစမ်း စစ်ဆေး၍လိုအပ်သည့်အတိုင်း အရေးယူစေခြင်းငှာ  ရဲအဖွဲ့သို့ လွှဲအပ်ရန် အာဏာ။

  • (၂) ပုဒ်မခွဲ (၁)၊ အပိုဒ် (က) (ဃ)နှင့် (င)အရ အဖွဲ့ကသုံးစွဲ နိုင်သည့်အာဏာကို ဥက္ကဌကသော်၎င်း၊ အဖွဲ့ကမိမိ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဤကိစ္စ အလို့ ငှာ အာဏာအပ်နှင်းထားသည့် အဖွဲ့ဝင်လူကြီးတဦးဦး က သော်၎င်း သုံးစွဲရမည်။

။ (၁) ဥက္ကဌသည် မိမိထံပေးပို့သော သတင်းမှန်မမှန်သိရှိစိမ့်သောငှာ ဌာနဆိုင်ရာ အရာရှိကိုဖြစ်စေ၊ ရဲအရာရှိကိုဖြစ်စေ၊ ဤကိစ္စအလို့ငှာမိမိကစာဖြင့် နည်းလမ်း တကျအာဏာ အပ်နှင်းထားသည့် အခြားသူကိုဖြစ်စေ စုံစမ်းစစ်ဆေးရန် အမိန့် ပေးနိုင်သည်။

(၂) ဌာနဆိုင်ရာအရာရှိသို့တည်းမဟုတ်ရဲအရာရှိမဟုတ်သူကို ပုဒ်မခွဲ(၁)အရ ထိုသို့ အာဏာ အပ်နှင်းထားလျှင် ထိုသူသည် ဌာနဆိုင်ရာအရာရှိအား ဤအက်ဥ ပဒေဖြင့်အပ်နှင်းထားသည့် အာဏာအရပ်ရပ်ကို သုံးစွဲရမည်၊  သို့ရာတွင် ထိုသူမှာ ဝါရမ်းစာမပါဘဲ ဖမ်းဆီးနိုင်သည့် အာဏာမရှိစေရ။