ဦးစီးဌာန၏ရည်မှန်းချက်တာဝန်များ

အောက်ပါရည်မှန်းချက်တာဝန်(၄)ရပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည် –

  • (က)  စီးပွားရေးဆိုင်ရာပြစ်မှုများ စုံစမ်းဖော်ထုတ် အရေးယူရေး
  • (ခ)   ဝန်ထမ်းမသမာမှုများစုံစမ်းဖော်ထုတ်အရေးယူရေး
  • (ဂ)   နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများစုဆောင်းတင်ပြရေး
  • (ဃ)  ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး

အဆိုပါဦးစီးဌာန ရည်မှန်းချက်တာဝန်များကို ဆောင်ရွက်ရာတွင် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနအနေဖြင့် “အုပ်ချုပ်ရေးအာဏာသက်ရောက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးမှုရရှိကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုကိုဖြစ်ထွန်းစေသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်ခြင်း”ဟူသော ပြည်ထဲရေးဝန်ကြီးဌာန၏ အမျိုးသားလုံခြုံရေးမူဝါဒကိုအခြေခံ ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဦးစီးဌာန၏လုပ်ငန်းစဉ်(၆)ရပ်

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင် ဥပဒေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိနေသည့် (LAW ENFORCEMENT BODY) ဦးစီးဌာနတစ်ခုအနေဖြင့် မူလဖွဲ့စည်းပုံနှင့်ရည်မှန်းချက်လုပ်ငန်းတာဝန်များအရ အဓိကထမ်းဆောင်ရသည့် လုပ်ငန်း(၆)ရပ်ရှိပါသည်။ ၎င်းတို့မှာ –

  • (က)  စိစစ်ခြင်းလုပ်ငန်း
    (ခ)   စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း
    (ဂ)   ဥပဒေအကြံပေးခြင်းလုပ်ငန်း
    (ဃ)  တရားစွဲတင်ပို့ခြင်းနှင့် တရားရုံးအမှုလိုက်ပါ ဆောင်ရွက်ခြင်း လုပ်ငန်း
    (င)   သတင်းထောက်လှမ်းစုဆောင်းတင်ပြခြင်းလုပ်ငန်း
    (စ)   နိုင်ငံတော်တည်ငြိမ်ရေး၊အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက်ခြင်းလုပ်ငန်း၊

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ အခြားသောလုပ်ငန်းတာဝန်များ