အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

လက်ထောက်စုံစမ်းရေးမှူးနေရာ ဝင်ရောက်ဖြေဆိုမည့်သူများ

ရေးဖြေ၊ လူတွေ့နှင့် ကြံ့ခိုင်စွမ်းရည် စစ်ဆေးမှုခံယူရန်အတွက် ကြိုတင်လေ့လာထားရမည့်အချက်များ

 

သတင်းပို့ခြင်း ၂၄-၅-၂၀၂၄ ရက်နေ့ထက်မစော ၂၅-၅-၂၀၂၄ ရက်နေ့ထက် နောက်မကျစေဘဲ ရုံးအမှတ်(၄၉)၊ နေပြည်တော်တွင် လာရောက်သတင်းပို့ရပါမည်။
သတင်းပို့ရာတွင် ၁ လက်မခွဲ ၂ လက်မ (နောက်ခံအပြာ) ဓါတ်ပုံ(၃)ပုံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အခြေခံပညာအထက်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်တို့ ယူဆောင်လာရပါမည်။
ရေးဖြေ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ (ပြည်တွင်း/ပြည်ပ နိုင်ငံရေး၊ စီးပွားရေး) များဖြေဆိုရပါမည်။
လူတွေ့ မိမိဒေသဆိုင်ရာအချက်အလက်အလက်များ၊ အထွေထွေဗဟုသုတ (ပြည်တွင်း/ပြည်ပ နိုင်ငံရေး၊ စီးပွားရေးများ) ဖြေဆိုရပါမည်။
ကြံ့ခိုင်စွမ်းရည် အပြေး၊ ဒိုက်ထိုး၊ အိပ်ထမတင်ပြုလုပ်နိုင်သူများ အခြေပြုစစ်ဆေးပါမည်။
ဝတ်စားဆင်ယင်မှု ရေးဖြေ ဖြေဆိုရာနေ့တွင် အမျိုးသား (အင်္ကျီဖြူ၊ ပုဆိုး)၊ အမျိုးသမီး (သင့်တော်ရာ မြန်မာဝတ်စုံ)
လူတွေ့ဖြေဆိုရာတွင် အမျိုးသား (အင်္ကျီဖြူလည်ကတုံး၊ တိုက်ပုံပါ)၊ အမျိုးသမီး (သင့်တော်ရာမြန်မာဝတ်စုံ)
ကြံ့ခိုင်စွမ်းရည်ဖြေဆိုရာတွင် အမျိုးသား(တီရှပ်၊ ဘောင်းဘီတို)၊ အမျိုးသမီး (တီရှပ်၊ ဘောင်းဘီရှည်)