သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းနှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းနှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

        အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးခင်ဇော်၏ ကြီးကြပ်မှုဖြင့် ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးသက်စိုး မှ ဦးဆောင်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းပွဲတွင် ဘွဲ့ခံဆရာတော်/သီလရှင်(၁၅)ပါးတို့အား နဝကမ္မဝတ္ထုငွေကျပ် ၁၄၀,၀၀ဝိ/- ဆက်ကပ်လှူဒါန်းခြင်း၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်ရင်ပြင်နှင့် ကမ်းနားလမ်း တစ်လျှောက်တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၂၃၈၃)ပါးတို့အား ငွေကျပ် ၅၇၃,၇၀ဝိ/-တန်ဖိုးရှိ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ကုသိုလ်ပြုအဖြစ် ရွှေယဉ်မျှော်ဘုရား နိဗ္ဗာန်ဈေးတွင် ငွေကျပ် ၂၁၇၀၀ဝိ/-တန်ဖိုးရှိ ဆနွင်းမကင်း၊ ကောက်ညှင်းရွှေကြည်မုန့်ဘူးများ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းဖြင့် စုစုပေါင်း တန်ဖိုးငွေ ၉၃၀၇၀ဝိ/- (ကျပ်ကိုးသိန်းသုံးသောင်းခုနှစ်ရာတိတိ) အား လှူဒါန်းခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးထောက်ပံ့ပေးခြင်း

ပဲခူးတိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးထောက်ပံ့ပေးခြင်း

 

        အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံး၊ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းနှင့်မိသားစုဝင်များ သက်သာချောင်ချိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မတ်လအတွက် ဝန်ထမ်း(၁)ဦးလျှင် ကျသင့်ငွေ ၂၄,၆၀ဝိ/- တန်ဖိုးရှိ မြောင်းမြ ပေါ်ဆန်းမွှေးဆန်(၄)ပြည်နှင့် ဆီ(၅၀)ကျပ်သားတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်း(၉၀)ဦးအတွက် စုစုပေါင်းတန်ဖိုးငွေ ၂,၂၁၄,၀၀ဝိ/- (ကျပ်နှစ်ဆယ်နှစ်သိန်း တစ်သောင်းလေးထောင်တိတိ) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးထောက်ပံ့ပေးခြင်း

ရန်ကုန်တိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးထောက်ပံ့ပေးခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းနှင့် မိသားစုဝင်များ သက်သာချောင်ချိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မတ်လအတွက် ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၂၅၀၀ဝိ/- (ကျပ်နှစ်သောင်းငါးထောင်တိတိ) တန်ဖိုးရှိ ဆန်(၃)ပြည်နှင့် ဆီ(၅၀) ကျပ်သားစီအား ဝန်ထမ်း(၁၁၅)ဦးအတွက် စုစုပေါင်း ထောက်ပံ့စရိတ် ၂၈၇၅၀၀ဝိ/- (ကျပ်နှစ်ဆယ့်ရှစ်သိန်း ခုနှစ်သောင်းငါးထောင်တိတိ) အား ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

လစဉ်စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လစဉ်စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

 

        အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသောဝန်ထမ်းများ အသိဉာဏ်ဗဟုသုတများ တိုးပွားလာစေရေး၊  လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးတို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေးဟောပြောပွဲများအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွက် စာပေဆွေးနွေးဟောပြောပွဲအား ၂၉-၄-၂၀၂၄ ရက်၊ ၁၅၀၀ အချိန်မှ ၁၆၀၀ အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေဆွေးနွေးဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိ ဌာနများမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး စီမံခန့်ခွဲရေးနှင့်လေ့ကျင့်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ဝန်ထမ်းကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ဆောင်ရွက်ချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေနှင့်အကျိုးဆောင်ဌာနမှ ဝန်ထမ်းတစ်ဦးက “ထိမ်းမြားလက်ထပ်ခြင်းနှင့် တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်း ဆိုင်ရာဥပဒေအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုံစမ်းရေးနှင့် ငွေကြေးဆိုင်ရာဌာနမှ ဝန်ထမ်းတစ်ဦးက “Virtual Assets Service Provider (ဒီဂျစ်တယ်ပိုင်ဆိုင်မှုပစ္စည်းများ နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသူများ) ဆိုင်ရာသိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပါသည်။

“ ဝန်ထမ်းကောင်းတစ်ယောက်ရဲ့ စိတ်ဓါတ်ဆောင်ရွက်ချက်” ခေါင်းစဉ်ဖြင့် ဆွေးနွေးရှင်းလင်းခြင်း

“ ထိမ်းမြားလက်ထပ်ခြင်းနှင့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအကြောင်း” ‌ ခေါင်းစဉ်ဖြင့် ဆွေးနွေးရှင်းလင်းခြင်း

“ Virtual Assets Service Provider (ဒီဂျစ်တယ်ပိုင်ဆိုင်မှုပစ္စည်းများနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေး‌သူများ)

ဆိုင်ရာသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရှင်းလင်းခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ နှင့် စက်နှင့်စက်ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

 

တင်ဒါပုံစံရောင်းချမည့်ရက်    –        ၁ – ၄ – ၂ဝ၂၄ ရက်နေ့မှ ၂၆ – ၄ – ၂ဝ၂၄ ရက်နေ့ထိ

တင်ဒါပိတ်မည့်ရက်နှင့်အချိန်  –        ၂၆ – ၁ – ၂ဝ၂၁ ရက်နေ့၊ (၁၆းဝဝ) နာရီ

တင်ဒါပေးသွင်းရမည့်နေရာ    –        ရုံးအမှတ် ( ၄၉ ) ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်

တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများကို အောက်ဖော်ပြပါ လိပ်စာတွင် စုံစမ်းဝယ်ယူနိုင်ပါသည်-

–        ရုံးအမှတ် (၄၉)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊နေပြည်တော်

ဖုန်းနံပါတ် ဝ၆၇ – ၃၄၃၁၃၉၅

—————————————————————————-

ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စက်နှင့်စက်ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

 

တင်ဒါပုံစံရောင်းချမည့်ရက်    –        ၁ – ၄ – ၂ဝ၂၄ ရက်နေ့မှ ၂၈ – ၄ – ၂ဝ၂၄ ရက်နေ့ထိ

တင်ဒါပိတ်မည့်ရက်နှင့်အချိန်  –        ၂၈ – ၁ – ၂ဝ၂၁ ရက်နေ့၊ (၁၆းဝဝ) နာရီ

တင်ဒါပေးသွင်းရမည့်နေရာ    –        ရုံးအမှတ် ( ၄၉ ) ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်

တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများကို အောက်ဖော်ပြပါ လိပ်စာတွင် စုံစမ်းဝယ်ယူနိုင်ပါသည်-

–        ရုံးအမှတ် (၄၉)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊နေပြည်တော်

ဖုန်းနံပါတ် ဝ၆၇ – ၃၄၃၁၃၉၅

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လက်ထောက်စုံစမ်းရေးမှူးရာထူး (၆၅)နေရာ လျှောက်လွှာခေါ်ယူခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

လက်ထောက်စုံစမ်းရေးမှူးရာထူး (၆၅)နေရာ လျှောက်လွှာခေါ်ယူခြင်း

 

၁။    အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်စုံစမ်းရေးမှူးရာထူး လစာနှုန်း (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) တွင် (အမျိုးသား/အမျိုးသမီး) (၆၅)နေရာဖြည့်တင်းခန့်ထားမည်ဖြစ်၍ အောက်ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်။
၂။    လျှောက်ထားသူသည်-
(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည်၊
(ခ)    ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၇)နှစ်ထက် မကြီးသူဖြစ်ရမည်၊
(ဂ)    တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်၊ (ဥပဒေဘွဲ့၊ စီးပွားရေးဘွဲ့၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့များအား ဦးစားပေးမည်)
(ဃ)   အမျိုးသားဖြစ်ပါက အနည်းဆုံး အရပ်အမြင့် ၅ ပေ ၃ လက်မ၊ ရင်အုပ်နဂိုအနေ ၃၂ လက်မနှင့် ကိုယ်အလေးချိန် အနည်းဆုံး ၁၁၀ ပေါင် နှင့်အထက် ရှိရမည်၊
(င)    အမျိုးသမီးဖြစ်ပါက အနည်းဆုံး အရပ်အမြင့် ၅ ပေ ၂ လက်မ ၊ ကိုယ်အလေးချိန် အနည်းဆုံး ၁၀၀ ပေါင်နှင့်အထက်ရှိရမည်၊
(စ)    ဆေးအဆင့် (က) ရှိရမည်၊ မျက်မှန်တပ်ဆင်ထားသူများ မဖြစ်ရ၊
(ဆ)    ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူဖြစ်ရမည်၊
(ဇ)    မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊
(ဈ)    နယ်ဘက်တရားရုံးများတွင် အမှုအခင်းကင်းရှင်းသူဖြစ်ရမည်၊
(ည)    အနည်းဆုံး (၁)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ကတိခံဝန်ချက်ရေးထိုးရမည်၊
(ဋ)    အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။    အရည်အချင်းစစ် ရေးဖြေစာမေးပွဲ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ) ဖြေဆိုရမည်။

၄။    ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ဆေးအဆင့်စစ်ဆေးခြင်းများ ပြုလုပ်မည်။

၅။    သတ်မှတ်လျှောက်လွှာပုံစံကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများတွင် သတင်းစာ၌ ကြော်ငြာပါဝင်သည့်နေ့မှစ၍ ရယူနိုင်သည်။

၆။    လျှောက်လွှာပြန်လည်တင်ပြခြင်းကို ၉-၂-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာရယူခဲ့သော သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများသို့ ပေးပို့ရမည်၊ သတ်မှတ်လျှောက်လွှာမူရင်း တင်ပြသော လျှောက်လွှာကိုသာ လက်ခံမည်။

၇။    လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထား စာရွက်စာတမ်းများ ပူးတွဲပါဝင်ရမည်-
(က)    အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မိတ္တူ)၊
(ခ)    ဘွဲ့လက်မှတ်/ဘွဲ့ထောက်ခံစာ(မိတ္တူ)၊
(ဂ)    သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (မိတ္တူ)၊
(ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊
(င)    အိမ်ထောင်စုစာရင်း(မိတ္တူ)၊
(စ)    (၁)လအတွင်းပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတို့မှထောက်ခံစာနှင့် ပြစ်မှုကင်းရှင်း ကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံစာ(မူရင်း)၊
(ဆ)    (၂)လအတွင်း ရိုက်ထားသော ၁.၅” x ၂” အရွယ် ဓါတ်ပုံ (၃) ပုံ၊
(ဇ)    အိမ်ထောင်မရှိ လူပျို/အပျိုဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်၊
(ဈ)    ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံချက်၊
(ည)    ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်(မိတ္တူ)၊
(ဋ)   နိုင်ငံ့ဝန်ထမ်းဖြစ်ပါကသက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ခွင့်ပြုချက်နှင့်ဌာနဆိုင်ရာပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက် မူရင်း/မိတ္တူ၊
(ဌ)    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်/ထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခြင်းခံရသူများ လျှောက်ထားခွင့် မရှိပါ။

၈။    ဖြေဆိုခွင့်ရရှိသူများအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများ မှတစ်ဆင့် အကြောင်းကြားပါမည်။

စာမေးပွဲရေးဖြေဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်းနှင့် ဆေးစစ်ဆေးခြင်း ဆောင်ရွက်မည့် ရက်များကို ထပ်မံအသိပေးအကြောင်းကြားပါမည်။