၁။ |
နိုင်ငံခြားသို့သွားရောက်သူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသည့် လူပုဂ္ဂိုလ်များ၏ နောက်ကြောင်းပြစ်မှု ရှိ/မရှိ စိစစ်ခြင်း၊ |
၂။ |
အစိုးရဌာနအဖွဲ့အစည်းများတွင် ဝန်ထမ်းအကြီးအကဲနှင့် ဝန်ထမ်းများအဖြစ် ခန့်ထားမည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်၍ နောက်ကြောင်းပြစ်မှု ရှိ/မရှိ စိစစ်ခြင်း၊ |
၃။ |
ပြည်ဝင်/ပြည်ထွက် ဗီဇာလျှောက်ထားသူများနှင့်ပတ်သက်၍ နောက်ကြောင်းပြစ်မှုရှိ/မရှိ စိစစ်ခြင်း၊ |
၄။ |
နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသူများအား စိစစ်ခြင်း၊ |
၅။ |
နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်လျှောက်ထားသူများအား စိစစ်ခြင်း၊ |
၆။ |
ပြည်တွင်း/ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင် လျှောက်ထားသည့်ကုမ္ပဏီများအား စိစစ်ခြင်း၊ |
၇။ |
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရရှိပြီးသည့် ကုမ္ပဏီကိုယ်စားလှယ်ခန့်ထားမည့် သူများအား စိစစ်ခြင်း၊ |
၈။ |
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတည်ပြုဖွဲ့စည်းလုပ်ကိုင်ခွင့်ပြုသည့် ကုမ္ပဏီများနှင့် ပတ်သက်၍ ကုမ္ပဏီဒါရိုက်တာများ၊ တည်ထောင်သည့်မတည်ရင်းနှီးအစုရှယ်ယာများ၊ တည်ထောင်သည့် တည်နေရာ စသည့် သင်းဖွဲ့စည်းမျဉ်းပါ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စိစစ်ခြင်း၊ |
၉။ |
နေပြည်တော်နယ်မြေအတွင်းရှိ အဆင့်မြင့်စျေးဆိုင်ခန်းလျှောက်ထားသူများ၊ မြေကွက် လျှောက်ထားသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအား စိစစ်ခြင်း၊ |
၁၀။ |
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်းခံရသူများအား စိစစ်ခြင်း၊ |
၁၁။ |
နိုင်ငံရေးပါတီ တည်ထောင်ရန်လျှောက်ထားသူများအား စိစစ်ခြင်း၊ |
၁၂။ |
ရွေးကောက်ပွဲကော်မရှင်အဆင့်တွင် တာဝန်ပေးမည့်သူများအား စိစစ်ခြင်း၊ |
၁၃။ |
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်း၊ |
၁၄။ |
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား စိစစ်ခြင်း၊ |
၁၅။ |
သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်ဆက်ကပ်ရေးနှင့် ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ရေးအတွက် စိစစ်ခြင်း၊ |