စားအုန်းဆီအားဇီဝလောင်စာဆီအဖြစ်အသုံးပြုရာတွင် လိုက်နာရမည့် ပြဌာန်းချက်များအားဥရောပသမဂ္ဂကထုတ်ပြန်ခဲ့ပြီးနောက်တွင် စားအုန်းဆီစေျးနှုန်းမှာကျဆင်းသွားခဲ့မှု
ဥရောပသမဂ္ဂသည် ယခုရက်ပိုင်းအတွင်း၌ ဇီဝလောင်စာဆီအသုံးပြုမှုများနှင့်ပက်သက်သည့် စည်းမျဉ်းအသစ်များကိုထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါစည်းမျဉ်းများတွင်ဥရောပသမဂ္ဂ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာရည်မှန်းချက်များကိုထိခိုက်စေနိုင်သည့် စားအုန်းဆီအား ဇီဝလောင်စာဆီအဖြစ်အသုံးပြုခြင်းကိုကန့်သတ်ခဲ့ပြီးသစ်တောပြုန်းတီးမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေသည့်နည်းလမ်းများဖြင့် ထုတ်လုပ်ထားကြောင်းအထောက်အထားခိုင်လုံစွာပြသနိုင်သည့် စားအုန်းဆီများကိုသာ ဥရောပနိုင်ငံများ၌ အသုံးပြုခွင့်ပေးရန် ပြဌာန်းချက်များပါဝင်ကြောင်း၊ အဆိုပါစည်းမျည်းအသစ်များသည် ၂၀၁၉ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့မှစတင်၍ ဥရောပနိုင်ငံများ၌ စတင်အသက်ဝင်တော့မည်ဖြစ်သောကြောင့် ဥရောပနိုင်ငံများ၏စားအုန်းဆီဝယ်လိုအားမှာသိသိသာသာလျော့နည်းသွားနိုင်သည့်အတွက် မလေးရှားစေျးကွက်တွင် စားအုန်းဆီစေျးနှုန်းများကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။
ထို့ပြင် အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမားမှုပြဿနာကြောင့် အမေရိကန်ပြည်ထောင်စုမှထွက်ရှိသောပဲပိစပ်များအားတရုတ်နိုင်ငံကဝယ်ယူမှုရပ်ဆိုင်းဖွယ်ရှိသည့်အတွက် ကမ္ဘာ့စေျးကွက်အတွင်းပဲပိစပ်ဆီစေျးနှုန်းများကျဆင်းနေခြင်းသည်လည်းစားအုန်းဆီစေျးနှုန်းကိုလိုက်ပါကျဆင်းစေသည့်အချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ မေလ(၂၄)ရက်(သောကြာ)နေ့တွင် မလေးရှားစေျးကွက်၌ စားအုန်းဆီစေျးနှုန်းမှ ာ၁.၉ % ကျဆင်းပြီးတစ်တန်လျှင် ၂၀၁၇ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၄၈၁ ဝန်းကျင်)သို့ရောက်ရှိခဲ့ကြောင်း၊စားအုန်းဆီစေျးနှုန်းသည် တစ်တန်လျှင် ၁၉၄၀ ရင်းဂစ်ငွေ (အမေရိကန်ဒေါ်လာ ၄၆၂ ဝန်းကျင်)သို့ ကျဆင်းသွားနိုင်ကြောင်းwww.thestar.com.myအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။
၂၀၁၉ ခုနှစ်၊ မေလ(၂၄)ရက်(သောကြာ)နေ့တွင် မလေးရှားစေျးကွက်၌ စားအုန်းဆီစေျးနှုန်းမှာ၁.၉ % ကျဆင်းပြီးတစ်တန်လျှင် ၂၀၁၇ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၄၈၁ ဝန်းကျင်)သို့ရောက်ရှိခဲ့ကြောင်း၊စားအုန်းဆီစေျးနှုန်းသည် တစ်တန်လျှင် ၁၉၄၀ ရင်းဂစ်ငွေ (အမေရိကန်ဒေါ်လာ ၄၆၂ ဝန်းကျင်)သို့ ကျဆင်းသွားနိုင်ကြောင်းwww.thestar.com.myအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။