တရုတ်နိုင်ငံမှစတင်ခဲ့သည့် ဝက်တုပ်ကွေးရောဂါသည် အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်ပျံ့နှံ့နေသော ကြောင့် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများတွင် အကျပ်အတည်းများကြုံတွေ့နေရမှု
တရုတ်နိုင်ငံမှ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင်စတင်ခဲ့သည့် ဝက်တုပ်ကွေးရောဂါ သည် ယခုအခါ အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်ပျံ့နှံ့နေသောကြောင့် ထိုင်းနှင့်ဗီယက်နမ် နိုင်ငံများတွင် အကျပ်အတည်း များ ကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်၌ ဝက်တုပ်ကွေးရောဂါကူးစက်နေသည့် နိုင်ငံများတွင် တရုတ်၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံတို့ပါဝင်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန သည် ဝက်တုပ်ကွေးရောဂါကို အထူးသတိထားကြရန် ထိုင်းနိုင်ငံတစ်ဝန်းတွင် သတိပေးချက်ထုတ်ပြန် ခဲ့ပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် လေဆိပ်၊ နယ်စပ်စစ်ဆေးရေး ဂိတ်များမှတဆင့် ဈေးများ၊ သားသတ်ရုံများသို့ တရားမဝင် တင်သွင်းလာသော ဝက်နှင့်ဝက်သားများ ကို တင်းကျပ်စွာစစ်ဆေးနေပြီး နိုင်ငံအတွင်းရှိ ဝက်ခြံများ၌ ရုတ်တရက် သေဆုံးသောဝက်များရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးတင်ပြရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။
ဟောင်ကောင်တက္ကသိုလ်၏ ကူးစက်ရောဂါပညာဌာန ပါမောက္ခဖြစ်သူ ဒစ်ပိုင်ဖာ က ပြောကြားရာ၌ ဝက်တုပ်ကွေးရောဂါ နှင့်ပက်သက် ၍ မည့်သည်နိုင်ငံမျှစိတ်ချရသော အခြေအနေတွင်မရှိကြောင်း၊ ဝက်တုပ်ကွေးရောဂါသည် ထိုင်းနိုင်ငံသာမက အခြားမည်သည့် နေရာဒေသသို့မဆို အလွယ်တကူကူးစက် နိုင်သည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် တစ်နှစ်လျှင်ဝက်ကောင်ရေ(၂)သန်းခန့်မွေးမြူပြီး ပြည်ပသို့တင်ပို့လျက်ရှိရာ ၄၀% မှာ ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာနိုင်ငံတို့သို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝက်နှင့်ဝက်သားတို့တင်သွင်းခွင့်မရှိကြောင်း၊ ထိုင်းနိုင်ငံမွေးမြူးရေးဝန်ကြီးဌာန အနေဖြင့် လေဆိပ်နှင့် နယ်စပ်ဒေသမှတင်သွင်းလာသော ဝက်သားနှင့်ဆက်စပ်စားသောက်ကုန်ပစ္စည်း များကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှစတင်၍ စစ်ဆေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ယခုအချိန်ထိ ဝက်တုပ်ကွေးရောဂါ ကူးစက်ခံရခြင်းမရှိသေးကြောင်း သိရှိရပါသည်။
ထိုင်းအစိုးရသည် ဝက်တုပ်ကွေးရောဂါဖြစ်ပွားပါကထိုင်းနိုင်ငံ၏စီးပွားရေး၌အမေရိကန်ဒေါ်လာ (၁)ဘီလီယံမှ(၂)ဘီလီယံခန့်အထိဆုံးရှုံးမှုဖြစ်ပေါ်နိုင်သည်ဟု တွက်ချက်ထားပြီး ဝက်တုပ်ကွေး ရောဂါကိုကာကွယ်ရန်အတွက် အမေရိကန်ဒေါ်လာ(၄.၇)သန်းခန့် အသုံးစရိတ်ပြဌာန်းထားကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံတွင်ဝက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဝက်ကောင်ရေ(၁.၇)သန်း ခန့်ကို သုတ်သင်ခဲ့ရကြောင်း၊ လက်ရှိအချိန်၌ ဗီယက်နမ်နိုင်ငံရှိ ပြည်နယ်နှင့်မြို့ကြီး စုစုပေါင်း(၄၂)ခု တို့၌ ဝက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့လျက်ရှိကြောင်း၊ မိုးရာသီသို့ကျရောက်ပါက မဲခေါင်မြစ်ဝှမ်း ဒေသတွင် ဝက်တုပ်ကွေးရောဂါပျံ့နှံ့မှုမှာ ပိုမိုများပြားလာနိုင်သည်ဟု ဗီယက်နမ်အာဏာပိုင်များက ခန့်မှန်းထားကြောင်း၊ ဗီယက်နမ်အစိုးရသည်တောင်သူများနှင့်ဝက်မွေးမြူရေးသမားများအား ရောဂါကြောင့်ဝက်များသေဆုံးပါကပြင်ပသို့ရောင်းချခြင်းမပြုဘဲ အစိုးရထံအပ်နှံကြရန် နှင့် အစိုးရအနေဖြင့် လာရောက်အပ်နှံ သည့်ဝက်များအား အလေးချိန်အလိုက် ပြင်ပဈေးကွက် ပေါက်ဈေးအတိုင်းလျော်ကြေးပေးသွားမည်ဟုကြေညာထားကြောင်း www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။