၂ဝ၂ဝ _ ၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၏ စက်နှင့်စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်း ကြော်ငြာကို ၂၈ – ၉ – ၂ဝ၂ဝ ရက်နေ့နှင့် ၂၉ – ၉ – ၂ဝ၂ဝ ရက်နေ့ နေ့စဉ်သတင်းစာများတွင် ကြောငြာပြီး ဖြစ်ပါသည်။ တင်ဒါလျှောက်လွှာပုံစံများကို နေပြည်တော်၊ ရုံးအမှတ်(၄၉) တွင် ၁ – ၁ဝ – ၂ဝ၂ဝ ရက်နေ့မှစ၍ ဝယ်ယူနိုင်ပြီး လျှောက်လွှာပုံစံတွင် ပူးတွဲပါရှိသည့် စည်းကမ်းချက်များကို ဖြည့်စွက်၍ ၂၆ – ၁ဝ – ၂ဝ၂ဝ ရက်နေ့ (၁၆ဝဝ) နာရီနောက်ဆုံးထား၍ နေပြည်တော်၊ရုံးအမှတ်(၄၉)သို့ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
၂၀၂ဝ _ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအတွက် ဝယ်ယူမည့်စက်နှင့်စက်ပစ္စည်းများစာရင်း