၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ စက်နှင့်စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းများအတွက် Profile အောင်မြင်သည့် ကုမ္ပဏီများအမည်စာရင်း

အမေရိကန် Pfizer နှင့် ဂျာမန် BioNTech ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးမှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများ၌ အရေးပေါ်အသုံးပြုခွင့် ရရှိဖွယ်ရှိပြီး ယခု နှစ်ခရစ္စမတ်မတိုင်မီဖြန့်ချိနိုင်ဖွယ်ရှိကြောင်း

အမေရိကန် Pfizer နှင့် ဂျာမန် BioNTech ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးမှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများ၌ အရေးပေါ် အသုံးပြုခွင့် ရရှိဖွယ်ရှိပြီး ယခုနှစ် ခရစ္စမတ်မတိုင်မီ ဖြန့်ချီနိုင်ဖွယ်ရှိကြောင်း

အမေရိကန် Pfizer နှင့် ဂျာမန် BioNTech ဆေးဝါးကုမ္ပဏီတို့သည် ၎င်းတို့ပူးပေါင်းထုတ်လုပ်နေသည့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် နောက်ဆုံးအဆင့် (Phase 3)စမ်းသပ်ချက်ရလဒ်များကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈)ရက်တွင် ထပ်မံထုတ်ပြန်ခဲ့ရာ ၎င်းတို့၏ COVID-19 ကာကွယ်ဆေးသည် အသက်အရွယ် အပိုင်းအခြားမရွေး၊ နေရာဒေသမရွေး၊ လူဖြူလူမည်းမရွေး အာနိသင်ထိရောက်မှု ၉၅% ခန့်ရှိပြီး ပြင်းထန်သောဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်ခြင်းမရှိကြောင်း၊ ထို့ကြောင့် လာမည့်ဒီဇင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများ၌ အရေးပေါ်အသုံးပြုခွင့်ရရှိဖွယ်ရှိပြီး ယခုနှစ် ခရစ္စမတ်မတိုင်မီဖြန့်ချိနိုင်ဖွယ်ရှိသည်ဟု အဆိုပါဆေးဝါးကုမ္ပဏီများက ပြောကြားခဲ့ကြောင်း၊

BioNTech ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် အူဂါဆာဟင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈)ရက် တွင်ပြောကြားရာ၌ မိမိတို့၏ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုခွင့်ပေးရန် အမေရိကန် ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထံ နိုဝင်ဘာလ (၂၀)ရက်တွင် ခွင့်ပြုချက် တောင်းခံသွားမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာ လလယ်ပိုင်းခန့်တွင် အမေရိကန် FDA ထံမှ အရေးပေါ် အသုံးပြုခွင့် ရရှိဖွယ်ရှိကြောင်း၊ အလားတူ ဥရောပသမဂ္ဂသည်လည်း လာမည့်ဒီဇင်ဘာလ ဒုတိယ လဝက်ခန့်အတွင်း မိမိတို့၏ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ခွင့်ပြုသွားဖွယ်ရှိကြောင်း၊ ထို့ကြောင့် မိမိအမြင်အရ ကာကွယ်ဆေးနှင့် ပတ်သက်၍ အခြေအနေ အရပ်ရပ် အားလုံးချွင်းချက်မရှိ ကောင်းမွန်နေမည်ဆိုပါက အရေးပေါ် အသုံးပြုခွင့်များက လာမည့် ဒီဇင်ဘာလအတွင်း ရရှိနိုင်မည်ဖြစ်ပြီး လာမည့်ခရစ္စမတ်နေ့ မတိုင်မီတွင် ဖြန့်ချိနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ Pfizer-BioNTech တို့၏ ကာကွယ်ဆေးသည် FDA ၏ အရည်အသွေး သတ်မှတ်ချက်များထက်ပင် ပိုမိုကောင်းမွန်လျက်ရှိသည်ဟု အခြားဆေးဝါးသုတေသန ပညာရှင်များက သုံးသပ်ထားကြကြောင်း၊

အမေရိကန် FDA ရှိ အကြံပေးကော်မတီသည် Pfizer-BioNTech ကုမ္ပဏီတို့၏ COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလ(၈)ရက်မှ (၁၀)ရက်နေ့အတွင်း တွေ့ဆုံ ဆွေးနွေးသွားရန် ယာယီ စီစဉ်ထားသည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း အမေရိကန် FDA ကမူ တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ပြောကြားခြင်း မရှိသေးကြောင်း၊

အလားတူ အမေရိကန် ဆေးကုမ္ပဏီကြီးဖြစ်သော Moderna သည် ၎င်းစမ်းသပ် ထုတ်လုပ်နေသည့် COVID-19 ကာကွယ်ဆေး၏ အာနိသင် ထိရောက်မှာ ၉၄.၅% ရှိသည်ဟု ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အမေရိကန် FDA သည် Pfizer-BioNTech တို့၏ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုခွင့် ပေးပြီးနောက် (၇)ရက်မှ (၁၀)ရက်ခန့် ကာလအတွင်း Moderna ၏ ကာကွယ်ဆေးကိုပါ အရေးပေါ် အသုံးပြုခွင့် ထုတ်ပေးဖွယ်ရှိကြောင်း၊ ထို့ကြောင့် Moderna သည် FDA ထံမှ ခွင့်ပြုချက် ရရှိသည့်အချိန်မှစ၍ (၂၄)နာရီ အတွင်း ဖြန့်ချီရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရကြောင်း၊

Pfizer – BioNTech ကုမ္ပဏီတို့၏ COVID-19 ကာကွယ်ဆေးကို အေးခဲမှတ် အနုတ်(၇၀) ဒီဂရီ ဆဲလ်စီးယက်ဖြင့်သာ အာနိသင် မပျက် ကာလရှည်ထားသို သိမ်းဆည်းနိုင်မည် ဖြစ်သော်လည်း သာမန်ရေခဲ သေတ္တာအတွင်း(၅)ရက်ခန့်နှင့် သင်္ဘောများရှိအအေးခန်းများတွင်(၁၅)ရက်အထိ ထားသိုသိမ်းဆည်းနိုင်ကြောင်း၊ Moderna ၏ ကာကွယ်ဆေးမှာမူ အနုတ်(၂၀)ဒီဂရီ ဆဲလ်စီးယက်ဖြင့် (၆)လခန့် အာနိသင်မပျက် သိမ်းဆည်းနိုင်ပြီး (၂)ဒီဂရီ ဆဲလ်စီးယက်မှ (၈)ဒီဂရီ ဆဲလ်စီးယက်အတွင်း သိမ်းဆည်းမည်ဆိုပါက ရက်ပေါင်း (၃၀)အထိ အာနိသင်မပျက် တည်ရှိနေမည်ဟု သိရှိရကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

source: www.reuters.com

၂၀၂ဝ – ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် Profile အောင်မြင်သည့် ကုမ္ပဏီများအမည်စာရင်း

၂၀၂ဝ-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် Profile အောင်မြင်သည့် ကုမ္ပဏီများအမည်စာရင်း

၁၇.၁၁.၂၀၂၀

စဉ် ကုမ္ပဏီအမည် အောင်မြင်သည့်လုပ်ငန်းအုပ်စု မှတ်ချက်
Pretty Peacock Co:ltd Lot (1)  
The Tree & Sun Co:ltd Lot (1) , Lot (2) , Lot (3)  
Diamond City Co:ltd Lot (1)  
May Myat Myint Mo Co:ltd Lot (2)  

 

မှတ်ချက်(၁)။           Profile အောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် စျေးနှုန်းအဆိုပြုလွှာများကို ၂၃ – ၁၁ – ၂၀၂၀ ရက်နေ့ (၀၉:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု ၊ ထန်းတစ်ပင် ကျောက်မျက်ကွက်သစ် ၊ တော်ဝင်ရတနာလမ်း (ဆုတောင်းပြည့်ကျောင်းတိုက်) အနီးရှိ ဒက္ခိဏခရိုင်မီးသတ်စခန်း ၌ တင်သွင်းရမည် ဖြစ်ပါသည်။

(၂)။  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် စျေးနှုန်း အဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ၃ – ၁၂ – ၂၀၂၀ ရက်နေ့ (၀၉ : ၀၀) အချိန်မှစ၍  ဒက္ခိဏခရိုင်မီးသတ်စခန်း ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

 

 

 

 

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

COVID-19 ပြဿနာကို အကြောင်းပြု၍ ကမ္ဘာတစ်ဝန်း လူသုံးအများဆုံး ဒီဂျစ်တယ် ငွေကြေးဖြစ်သော Bitcoin ၏ တန်ဖိုးမှာ တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ (၁၇၀၀၀)အထက်သို့ မြင့်တက်လာ

COVID-19 ပြဿနာကြောင့် စီးပွားရေး ကျဆင်းမှုများကို ရင်ဆိုင်နေရသည့် ကမ္ဘာ့နိုင်ငံများရှိ သက်ဆိုင်ရာ အစိုးရများသည် ငွေကြေး မူဝါဒများကို ဖြေလျှော့ခြင်း၊ အစိုးရ အသုံးစရိတ်များ တိုးမြှင့်ခြင်း၊ ငွေကြေးများစွာ သုံးစွဲသည့် စီးပွားရေး လှုံ့ဆော်မှု စီမံကိန်းများချမှတ်ခြင်းတို့ကို လုပ်ဆောင် နေရသည့်အပြင် အချို့သော နိုင်ငံများ၌ စီးပွားရေး အကျပ်အတည်းကို အကြောင်းပြု၍ နိုင်ငံရေး မတည်ငြိမ်မှုများကိုပါ ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် ကမ္ဘာ တစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် တန်ဖိုးကျဆင်းနေသည့် အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံတကာသုံး ငွေကြေးများအစား လူသုံးများသည့် ထိပ်တန်း ဒီဂျစ်တယ် ငွေကြေးဖြစ်သော Bitcoin ကို ပြောင်းလဲ စုဆောင်းသူ များပြားလာသည့် အတွက် Bitcoin တန်ဖိုးမှာ ဆက်တိုက်မြင့်တက် လျက်ရှိကြောင်း၊ အဆိုပါ အချိန်တွင် ကမ္ဘာပေါ်၌ထိပ်တန်း Online ငွေပေးချေမှု လုပ်ငန်းကြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စု အခြေစိုက် PayPal သည် ၎င်း၏ Online ငွေပေးချေမှု လုပ်ငန်းများ၌ Bitcoin အပါအဝင်ဒီဂျစ်တယ် ငွေကြေး များကို ယခုရက်သတ္တပတ် အတွင်းမှစ၍ အသုံးပြုခွင့် ပေးခဲ့ရာစတင်အသုံးပြုခွင့် ပေးခဲ့သည့် ရက်အနည်းငယ် အတွင်း၌ပင် PayPal သုံးစွဲသူ စုစုပေါင်းပမာဏ ၏ ၁၀% ခန့်မှာ Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေး များကို အသုံးပြုခြင်း၊ ဝယ်ယူစုဆောင်းခြင်းများ ပြုလုပ်လာကြသည့် အတွက် Bitcoin တန်ဖိုးမှာ ထပ်မံ မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း၌ PayPal ကိုအဓိက သုံးစွဲသူ အရေအတွက်မှာ (၃၄၆)သန်းခန့်ရှိပြီး အဆိုပါ ပမာဏအနက် (၂၆)သန်းမှာ နိုင်ငံတကာ ငွေကြေးအရောင်း အဝယ်များကို တွင်ကျယ်စွာ ပြုလုပ်နေသူများ၊ ကုန်သည်များ ဖြစ်ကြောင်း၊
PayPal ၌ ဒီဂျစ်တယ်ငွေကြေး စတင်အသုံးပြုနိုင်သည့် သတင်းကြောင့် Bitcoin တန်ဖိုး သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈)ရက် နံနက်ပိုင်း၌ ၄% မြင့်တက်ခဲ့ပြီး တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၇၀၃၀)သို့ ရောက်ရှိခဲ့ပြီး နေ့လယ်ပိုင်း၌ တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ (၁၈၀၉၂)အထိ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ နှုန်းထားသည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက် နောက်ပိုင်း(၃)နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်ကြောင်း www.cnbc.com ၏အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

source: www.cnbc.com