“ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းတွေ့ရှိချက်များကို Webseit နှင့် Mobile App တို့တွင်လေ့လာဖတ်ရှုနိုင်ပြီ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့်

“ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို

Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

 

      ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “ မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများ” အပေါ်  စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို နိုဝင်ဘာ ၂၂ ရက်တွင် လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

      အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ်  ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ်  သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်  စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

      ထို့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား ၅ မျိုးဖြင့် လွှင့်တင်ထားရှိပြီးဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင် လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖစ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွက် စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အသိဉာဏ်ဗဟုသုတများ တိုးပွားလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးတို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေး ဟောပြောပွဲများအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွက် စာပေဆွေးနွေးဟောပြောပွဲအား ၂၈-၁၁-၂၀၂၄ ရက်၊ ၁၄၂၅ အချိန်မှ ၁၅၁၀ အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စာပေဆွေးနွေးဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိ ဌာနများမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး သတင်းနှင့်နည်းပညာဌာနမှ ဝန်ထမ်းတစ်ဦးက “အွန်လိုင်းအန္တရာယ် သတိပြုကာကွယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မှုခင်းဌာနမှ ဝန်ထမ်းတစ်ဦးက “လက်ကိုင်ဖုန်းစွဲလမ်းခြင်းနှင့်နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ဆေးရေး ဌာနမှ ဝန်ထမ်းတစ်ဦးက “သင့်တင်မျှတသော အာဟာရ၊ ဆီစားသုံးမှုလျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ် သော နေထိုင်စားသောက်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပါသည်။

အွန်လိုင်းအန္တရာယ် သတိပြုကာကွယ် ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

လက်ကိုင်ဖုန်းစွဲလမ်းခြင်းနှင့်နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုး ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

သင့်တင်မျှတသော အာဟာရ၊ ဆီစားသုံးမှုလျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ် သော နေထိုင်စားသောက်မှု ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

 

ဦးစီးအရာရှိ(စုံစမ်းရေး)လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း၌ ဦးစီးအရာရှိ(စုံစမ်းရေး)လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၁၁-၁၁-၂၀၂၄ ရက်နေ့ (၀၈၃၀) အချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ (စုံစမ်းရေး) လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော လက်ထောက်ညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်းမှ အမှုဆောင်ဝန်ထမ်းများနှင့် သင်တန်းသား (၂၀) ဦး၊ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားကာ သင်တန်းအားဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား ၁၁-၁၁-၂၀၂၄ ရက်နေ့မှ ၃-၁-၂၀၂၅ ရက်နေ့ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဦးစီးဌာနချုပ်ရှိ ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ဦးစီးအရာရှိ(စုံစမ်းရေး) (၂၀)ဦးတို့ တက်ရောက်လျက် ရှိပါသည်။

 

လစဉ်စာပေဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

လစဉ်စာပေဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

 

           အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အသိဉာဏ် ဗဟုသုတများ တိုးပွားလာစေရေး၊ လူ့စွမ်းအား အရင်းအမြစ်မျာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေးဟောပြောပွဲများအား လစဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် စာပေဆွေးနွေးဟောပြောပွဲအား ၅-၉-၂၀၂၄ ရက်နေ့ (၁၄၂၀)အချိန်မှ (၁၅၃၀)အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           စာပေဆွေးနွေးဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စီမံခန့်ခွဲရေးနှင့် ‌လေ့ကျင့်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ စီမံခန့်ခွဲမှုအတတ်ပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥပဒေနှင့်အကျိုးဆောင်ဌာနမှ ဝန်ထမ်းတစ်ဦးက “ တရားရုံးတွင် သက်သေများအား Commissioner နည်းဖြင့် စစ်ဆေးခြင်းနှင့် Video Conferencing နည်းဖြင့် စစ်ဆေးခြင်းအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုံစမ်းရေးနှင့်ငွေကြေးဆိုင်ရာဌာနမှ ဝန်ထမ်းတစ်ဦးက “ BRICS အဖွဲ့၏ အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချရေးဆောင်ရွက်ချက်များ အပါအဝင် စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။

“ စီမံခန့်ခွဲမှုအတတ်ပညာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း

“ တရားရုံးတွင် သက်သေများအား Commissioner နည်းဖြင့် စစ်ဆေးခြင်းနှင့် Video Conferencing နည်းဖြင့်

စစ်ဆေးခြင်းအကြောင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

“ BRICS အဖွဲ့၏ အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချရေးဆောင်ရွက်ချက်များ အပါအဝင်

စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

(၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

 

          ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၉)၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး စုစည်းခန်းမ၌ ကျင်းပနိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဧည့်သည်တော်များနှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ လှုပ်ရှားဆောင် ရွက်ခဲ့မှုမှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ကိုလည်းကောင်း၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၄/၂၀၂၃)တွင် အကောင်းဆုံး ထူးချွန်ဆုသူ တစ်ဦးနှင့် လုပ်ငန်းထူးချွန်ဆုရရှိသူ သုံးဦးတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

          ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဒုတိယရဲအုပ်အောင် သင်တန်းအမှတ်စဉ် (၁၁၄/၂၀၀၃)တွင် ဥပဒေဘာသာရပ်ထူးချွန်ဆုရရှိသူ တစ်ဦးနှင့် လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ တစ်ဦးတို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းတွင် တတိယဆုရရှိသူဝန်ထမ်း တစ်ဦးကိုလည်းကောင်း၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ခြောက်ဘာသာဂုဏ်ထူးခြင့် အောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦးကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် တပ်ဖွဲ့၊ ဦးစီး ဌာနများမှ အရာရှိကြီးများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။

(၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

(၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

 

“ ထိုက်ထိုက်တန်တန်”

 

         အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ ကြီးကြပ် လမ်းညွှန်မှု၊ ဌာနအကြီးအကဲများ၏ ဦးဆောင်မှုဖြင့် ပေးအပ်လာသည့် လုပ်ငန်းတာဝန် များကို မျက်နှာကြီးငယ်၊ မရွယ်မထောက် စွမ်းအားအပြည့်ဖြင့် ကျေပွန်စွာ ထမ်းဆောင် လျက်ရှိပါသည်။

         သမိုင်းအစဉ်အလာအရ ဝိသမလောဘသား စီးပွားရေးသမားများနှင့် အကျင့်ပျက်ဝန်ထမ်းများကို ဖော်ထုတ်အရေးယူခဲ့ပြီး ဖြစ်သည့်အပြင် မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်နှင့် အများပြည်သူတို့၏ မျက်နှာကို ငဲ့ညှာထောက်ထားမှုမရှိ ကိုယ်ကျိုးအတွက်ကိုသာ ကြည့်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပူးပေါင်းပါဝင်ပတ်သက်သည့် ဝန်ထမ်းများကိုလည်း စစ်ဆေးအရေးယူ လျက်ရှိပါသည်။

         ဦးစီးဌာနကြီး စတင်ဖွဲ့စည်းတည်ထောင်ချိန်မှ ယနေ့အထိ စစ်ဆင်ရေးအသွင် ဖြင့်တစ်မျိုး၊ သာမန်စုံစမ်းစစ်ဆေးမှု အသွင်ဖြင့်တစ်ဖုံ လုပ်ငန်းများကို ပြောင်မြောက်စွာ ဆောင်ရွက်လျက်ရှိပါသည်။ သာမန်စစ်ဆေးမှုလေးမှသည် ကျယ်ပြန့်နက်နဲသည့် အမှုကြီးအဖြစ်ပါ ပြောင်းလဲသွားစေသည်အထိ သေသပ်ပိရိစွာ စုံစမ်းဖော်ထုတ်၍ ဥပဒေ ကြောင်းအရ အရေးယူနိုင်ခဲ့သည့်ဌာနဖြစ်ပါသည်။

          “စုံစမ်းစစ်ဆေးခြင်းသည် အမှန်တရားကို ရှာဖွေခြင်းဖြစ်သည်” ဟူသည့် လုပ်ငန်း၏ ရည်ရွယ်ချက်ကို ဖော်ညွှန်းထားသည့် ဆောင်ပုဒ်နှင့်အညီ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည့်အပြင် ဦးစီးဌာန၏ လုပ်ငန်းစွမ်းရည်၊ လုံခြုံရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ အစဉ်တိုးတက်လာစေရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ လတ်တလောတွင် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အထက်ဌာနများမှ တာဝန်ပေးအပ်လာသည့် စုံစမ်းမှုများအပြင် ငွေကြေးခဝါချမှုများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ ထို့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံပေးပို့လာသည့် တိုင်ကြားစာများအနက် နိုင်ငံတော်နှင့် အများပြည်သူ ဆုံးရှုံးနစ်နာစေသည့် တိုင်ကြားစာများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူ၍ စုံစမ်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်ကို ပြန်လည်တင်ပြကာ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

         အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံစမ်းစစ်ဆေးခဲ့သည့် အမှုများမှ ပြည်သူ့ ဘဏ္ဍာငွေများစွာ ရရှိခဲ့သည့်အနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်အထိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ၄၃ မှု တရားစွဲတင်ပို့နိုင်ခဲ့ပြီး သက်ဆိုင်ရာ တရားရုံးများက လူပုဂ္ဂိုလ် ၁၂၀ ဦး ကိုပြစ်ဒဏ်များ ချမှတ်ခဲ့ပါသည်။ ထို့အပြင် မြန်မာကျပ်ငွေ ၆၄,၂၇၉.၁၇၅ သန်း၊ အမေရိကန်ဒေါ်လာ ၅၃၆,၇၅၃.၃၂ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။ ထို့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ တာဝန်ပေးအပ်ခဲ့သည့် အမှု ၁၁၉ မှုမှ မြန်မာကျပ်ငွေ ၁၂၅,၆၉၈.၇၇ သန်း၊ အမေရိကန်ဒေါ်လာ ၁၂၇၈.၀၂ ‌ဒေါ်လာ၊ ထိုင်းဘတ် ၄၁၈,၃၂၀ အပါအဝင် နိုင်ငံခြားငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။

         အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ သည့်ဝန်ထမ်းများ၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် သစ္စာရှိစွာ ကြိုးစားခဲ့ကြ သဖြင့် ဌာနကြီးမှာ လူရိုသေရှင်ရိုသေဌာနကြီးအဖြစ် အစိုးရအဆက်ဆက်နှင့် အများ ပြည်သူ၏ယုံကြည်ကိုးစားမှုကို ထိုက်ထိုက်တန်တန်ရရှိထားပေသည်။

         ဌာနကြီးက စုံစမ်းစစ်ဆေးနေသည့် စုံစမ်းမှုများတွင် ကျူးလွန်သည့်ပြစ်မှုများမှာ ခေတ်ကာလပြောင်းလဲ တိုးတက်လာသည်နှင့်အညီ နက်နဲသိမ်မွေ့သည့် ပြစ်မှုများဖြစ်လာနေပေသည်။ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာအရ ကျူးလွန်ကြသည့် ပြစ်မှုများလည်း ရောနှောပါဝင်လာပေသည်။ ယခင်က စာရွက်စာတမ်းများ အသုံးပြု၍ ပြစ်မှုများကျူးလွန်ခဲ့ကြသဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ငန်းအတွက် အဓိကရှာဖွေရသည့် သက်သေအထောက်အထားများမှာ ငြိမ်သက်နေသည့်သဘော၊ အသေသဘောရှိသော် လည်း လတ်တလောကျူးလွန်သော ပြစ်မှုများမှာ အင်တာနက်အွန်လိုင်း အခြေခံကာ ကျူးလွန်လာပြီး ကွယ်ပျောက်နေသည့် သက်သေအထောက်အထားများကို နည်းပညာ အကူအညီနှင့် ရှာဖွေဖော်ထုတ်ရသဖြင့် နက်နဲပြီးအနုစိပ် လာလျက်ရှိပါသည်။ နည်းပညာ ပိုင်းဆိုင်ရာနှင့်ပတ်သက်၍  ထုတ်ပြန်ထားသည့် ဥပဒေများမှာလည်း အသုံးပြုမှု နည်းနေသေးသဖြင့် အသားတကျမရှိဖြစ်နေရာ ဌာနဝင်ဝန်ထမ်းများ အနေဖြင့် နည်းပညာများ တတ်သိလာစေရေးနှင့် ထုတ်ပြန်ထားသည့် ဥပဒေများ၏ ဆိုလိုချက်ကို အသေးစိတ် လေ့လာထားကြရန် လိုအပ်လာပါသည်။

         မျိုးဆက်သစ်ဌာနဝင် ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းများ အောင်အောင်မြင်မြင် ရှိစေရန်အတွက် တက်စွမ်းသမျှကို အပတ်တကုတ် လေ့လာဆန်းစစ် သင်ယူနေရမည်ဖြစ်ပါသည်။ ပြောင်းလဲလာသည့် ရေစီးကြောင်းတွင် အလွယ်တကူ လိုက်ပါစီးမြောရင်း မိမိတို့တာဝန်ယူလုပ်ကိုင်နေရသည့် လုပ်ငန်းများ လွယ်လင့်တကူ ပြီးမြောက်စေရေး၊ အခက်အခဲနှင့် တွန့်ဆုတ်မှုမရှိစေရေး၊ နိုင်ငံတော်နှင့်အများပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ထိုက်ထိုက်တန်တန် ဆက်လက်ရရှိနေစေရေးတို့မှာ မိမိတို့၏ ကြိုးစားအားထုတ်မှု၊ တွေးတောဆင်ခြင် အားကောင်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုတို့အပေါ်တွင် မူတည်ပါကြောင်း ခံယူစိတ်ကိုမွေး၍ သစ္စာရှိစွာ ဆက်လက်ကြိုးစား အားထုတ်ကြစေချင်ပါသည်။

         ဌာနဝင်ဝန်ထမ်း တစ်ဦးတစ်ယောက်၏ အမှားမှသည် ဌာနကြီး၏ ဂုဏ်သတင်းနှင့် ပုံရိပ်များကျဆင်းမှေးမှိန်မှု မရှိစေရေး ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီက စောင့်ထိန်းကြရန် လိုအပ်ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တိုးတက်မှုအတွက် ကြိုးစားအားထုတ်နေကြရင်း ဌာနကြီးက အားကိုးရသည့်၊ အားထားရသည့် ဝန်ထမ်းကောင်းများ ဖြစ်ကြစေရေး အားကိုးအားထားပြုမှုနှင့် ထိုက်တန်သည့် ဝန်ထမ်းများ ဖြစ်ကြစေရေး ကြိုးစားနေကြစေချင်ပါသည်။

 

သန်းထွဋ်ဝင်း

ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း၌ ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၈-၇-၂၀၂၄ ရက်နေ့ (၀၈၃၀) အချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယစုံစမ်းရေးမှူးလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော လက်ထောက်ညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်းမှ အမှုဆောင်ဝန်ထမ်းများနှင့် သင်တန်းသား (၅၆) ဦး၊ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားကာ သင်တန်းအားဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား ၈-၇-၂၀၂၄ ရက်နေ့မှ ၃၁-၈-၂၀၂၄ ရက်နေ့ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဦးစီးဌာနချုပ်ရှိ ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ဒုတိယစုံစမ်းရေးမှူး အမျိုးသား (၃၆)ဦးနှင့် အမျိုးသမီး (၂၀)ဦးတို့ တက်ရောက်လျက် ရှိပါသည်။

 

 

၂၀၂၄ ခုနှစ်၊ ဇွန်လ စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ၂၀၂၄ခုနှစ်၊ ဇွန်လ စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ အသိဉာဏ်ဗဟုသုတ များ တိုးပွားလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေး ဟောပြောပွဲများအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် စာပေဆွေးနွေး ဟောပြောပွဲအား ၂၇-၆-၂၀၂၄ ရက်၊ ၁၄၃၀ အချိန်မှ ၁၅၂၅ အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနအောက်ထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ စာပေဆွေးနွေး ဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စီမံခန့်ခွဲရေးနှင့် လေ့ကျင့်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ခိုင်မာသော ဝန်ထမ်းအင်အား တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေနှင့်အကျိုးဆောင်ဌာနမှ ဝန်ထမ်းတစ်ဦးက “အီလက်ထရောနစ်မှတ်တမ်းများကို စာတမ်းအမှတ်အသားအဖြစ် သက်သေခံ တင်သွင်းခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုံစမ်းရေးနှင့် ငွေကြေးဆိုင်ရာဌာနမှ ဝန်ထမ်းတစ်ဦးက “Paper Gold အကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။

 

“ခိုင်မာသော ဝန်ထမ်းအင်အား တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ်

 

“အီလက်ထရောနစ်မှတ်တမ်းများကို စာတမ်းအမှတ်အသားအဖြစ် သက်သေခံ တင်သွင်းခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ်

 

“Paper Gold အကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ်