ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနား

စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၂၁-၆-၂၀၂၄ ရက်နေ့(၀၈၃၀)အချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ၊ ဥပဒေ၊ သတင်း/နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော လက်ထောက်ညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းမှ အမှုဆောင်ဝန်ထမ်းများနှင့် သင်တန်းသား (၅၆)ဦး၊ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် မှသင်တန်းဆင်းပွဲမိန့်ခွန်းပြောကြားပြီးနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား (၃)ဦးအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးအား သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းအား ၂၉-၄-၂၀၂၄ ရက်နေ့မှ ၂၁-၆-၂၀၂၄ ရက်နေ့ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဦးစီးဌာနချုပ်ရှိ ဌာနများ၊ တိုင်း‌ဒေသကြီး/ပြည်နယ်ရုံးများမှ ဒုတိယစုံစမ်းရေးမှူး အမျိုးသား(၃၇)ဦးနှင့် အမျိုးသမီး(၁၉)ဦး တို့တက်ရောက်ခဲ့ပါသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းကျောင်းပင်မရုံး၊ သင်တန်းသား(အမျိုးသမီး)အိပ်ဆောင်၊ သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ စားချက်ဆောင်နှင့် နည်းပြဧည့်ရိပ်သာအဆောက်အဦတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

 

၂၀၂၄ ခုနှစ်၊ မေလ စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မေလ စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အသိဉာဏ်ဗဟုသုတများ တိုးပွားလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေးဟောပြောပွဲများအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလအတွက် စာပေဆွေးနွေးဟောပြောပွဲအား ၃၀-၅-၂၀၂၄ ရက်၊ ၁၄၃၀ အချိန်မှ ၁၅၃၀ အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေဆွေးနွေးဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိဌာနများမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး သတင်းနှင့်နည်းပညာဌာနမှ ဝန်ထမ်းတစ်ဦးက “ကွန်ပျူတာဗိုင်းရပ်စ်အခြေခံနှင့် ကာကွယ်ရန်နည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မှုခင်းဌာနမှ ဝန်ထမ်းတစ်ဦးက “အပူလှိုင်းအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် သိမှတ်ဖွယ်ရာများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ဆေးရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်းများအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပါသည်။

ကွန်ပျူတာဗိုင်းရပ်စ်အခြေခံနှင့် ကာကွယ်ရန်နည်းလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း

အပူလှိုင်းအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် သိမှတ်ဖွယ်ရာများအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း

ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်းများအကြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း