စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၂၁-၆-၂၀၂၄ ရက်နေ့(၀၈၃၀)အချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ၊ ဥပဒေ၊ သတင်း/နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော လက်ထောက်ညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းမှ အမှုဆောင်ဝန်ထမ်းများနှင့် သင်တန်းသား (၅၆)ဦး၊ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် မှသင်တန်းဆင်းပွဲမိန့်ခွန်းပြောကြားပြီးနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား (၃)ဦးအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးအား သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းအား ၂၉-၄-၂၀၂၄ ရက်နေ့မှ ၂၁-၆-၂၀၂၄ ရက်နေ့ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဦးစီးဌာနချုပ်ရှိ ဌာနများ၊ တိုင်း‌ဒေသကြီး/ပြည်နယ်ရုံးများမှ ဒုတိယစုံစမ်းရေးမှူး အမျိုးသား(၃၇)ဦးနှင့် အမျိုးသမီး(၁၉)ဦး တို့တက်ရောက်ခဲ့ပါသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းကျောင်းပင်မရုံး၊ သင်တန်းသား(အမျိုးသမီး)အိပ်ဆောင်၊ သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ စားချက်ဆောင်နှင့် နည်းပြဧည့်ရိပ်သာအဆောက်အဦတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။