အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ၂၀၂၄ခုနှစ်၊ ဇွန်လ စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ အသိဉာဏ်ဗဟုသုတ များ တိုးပွားလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေး ဟောပြောပွဲများအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် စာပေဆွေးနွေး ဟောပြောပွဲအား ၂၇-၆-၂၀၂၄ ရက်၊ ၁၄၃၀ အချိန်မှ ၁၅၂၅ အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနအောက်ထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ စာပေဆွေးနွေး ဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စီမံခန့်ခွဲရေးနှင့် လေ့ကျင့်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ခိုင်မာသော ဝန်ထမ်းအင်အား တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေနှင့်အကျိုးဆောင်ဌာနမှ ဝန်ထမ်းတစ်ဦးက “အီလက်ထရောနစ်မှတ်တမ်းများကို စာတမ်းအမှတ်အသားအဖြစ် သက်သေခံ တင်သွင်းခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုံစမ်းရေးနှင့် ငွေကြေးဆိုင်ရာဌာနမှ ဝန်ထမ်းတစ်ဦးက “Paper Gold အကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။

 

“ခိုင်မာသော ဝန်ထမ်းအင်အား တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ်

 

“အီလက်ထရောနစ်မှတ်တမ်းများကို စာတမ်းအမှတ်အသားအဖြစ် သက်သေခံ တင်သွင်းခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ်

 

“Paper Gold အကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ်