စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း၌ ဒုတိယစုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၈-၇-၂၀၂၄ ရက်နေ့ (၀၈၃၀) အချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယစုံစမ်းရေးမှူးလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော လက်ထောက်ညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်းမှ အမှုဆောင်ဝန်ထမ်းများနှင့် သင်တန်းသား (၅၆) ဦး၊ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားကာ သင်တန်းအားဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား ၈-၇-၂၀၂၄ ရက်နေ့မှ ၃၁-၈-၂၀၂၄ ရက်နေ့ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဦးစီးဌာနချုပ်ရှိ ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ဒုတိယစုံစမ်းရေးမှူး အမျိုးသား (၃၆)ဦးနှင့် အမျိုးသမီး (၂၀)ဦးတို့ တက်ရောက်လျက် ရှိပါသည်။