အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

 

          ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၉)၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး စုစည်းခန်းမ၌ ကျင်းပနိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဧည့်သည်တော်များနှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ လှုပ်ရှားဆောင် ရွက်ခဲ့မှုမှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ကိုလည်းကောင်း၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၄/၂၀၂၃)တွင် အကောင်းဆုံး ထူးချွန်ဆုသူ တစ်ဦးနှင့် လုပ်ငန်းထူးချွန်ဆုရရှိသူ သုံးဦးတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

          ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဒုတိယရဲအုပ်အောင် သင်တန်းအမှတ်စဉ် (၁၁၄/၂၀၀၃)တွင် ဥပဒေဘာသာရပ်ထူးချွန်ဆုရရှိသူ တစ်ဦးနှင့် လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ တစ်ဦးတို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းတွင် တတိယဆုရရှိသူဝန်ထမ်း တစ်ဦးကိုလည်းကောင်း၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ခြောက်ဘာသာဂုဏ်ထူးခြင့် အောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦးကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် တပ်ဖွဲ့၊ ဦးစီး ဌာနများမှ အရာရှိကြီးများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။