လစဉ်စာပေဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

 

           အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အသိဉာဏ် ဗဟုသုတများ တိုးပွားလာစေရေး၊ လူ့စွမ်းအား အရင်းအမြစ်မျာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေးဟောပြောပွဲများအား လစဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် စာပေဆွေးနွေးဟောပြောပွဲအား ၅-၉-၂၀၂၄ ရက်နေ့ (၁၄၂၀)အချိန်မှ (၁၅၃၀)အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           စာပေဆွေးနွေးဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စီမံခန့်ခွဲရေးနှင့် ‌လေ့ကျင့်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “ စီမံခန့်ခွဲမှုအတတ်ပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥပဒေနှင့်အကျိုးဆောင်ဌာနမှ ဝန်ထမ်းတစ်ဦးက “ တရားရုံးတွင် သက်သေများအား Commissioner နည်းဖြင့် စစ်ဆေးခြင်းနှင့် Video Conferencing နည်းဖြင့် စစ်ဆေးခြင်းအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုံစမ်းရေးနှင့်ငွေကြေးဆိုင်ရာဌာနမှ ဝန်ထမ်းတစ်ဦးက “ BRICS အဖွဲ့၏ အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချရေးဆောင်ရွက်ချက်များ အပါအဝင် စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပါသည်။

“ စီမံခန့်ခွဲမှုအတတ်ပညာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း

“ တရားရုံးတွင် သက်သေများအား Commissioner နည်းဖြင့် စစ်ဆေးခြင်းနှင့် Video Conferencing နည်းဖြင့်

စစ်ဆေးခြင်းအကြောင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

“ BRICS အဖွဲ့၏ အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချရေးဆောင်ရွက်ချက်များ အပါအဝင်

စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း