၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွက် စာပေဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အသိဉာဏ်ဗဟုသုတများ တိုးပွားလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးတို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာပေဆွေးနွေး ဟောပြောပွဲများအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွက် စာပေဆွေးနွေးဟောပြောပွဲအား ၂၈-၁၁-၂၀၂၄ ရက်၊ ၁၄၂၅ အချိန်မှ ၁၅၁၀ အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စာပေဆွေးနွေးဟောပြောပွဲသို့ ဦးစီးဌာနချုပ်ရုံးရှိ ဌာနများမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး သတင်းနှင့်နည်းပညာဌာနမှ ဝန်ထမ်းတစ်ဦးက “အွန်လိုင်းအန္တရာယ် သတိပြုကာကွယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မှုခင်းဌာနမှ ဝန်ထမ်းတစ်ဦးက “လက်ကိုင်ဖုန်းစွဲလမ်းခြင်းနှင့်နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ဆေးရေး ဌာနမှ ဝန်ထမ်းတစ်ဦးက “သင့်တင်မျှတသော အာဟာရ၊ ဆီစားသုံးမှုလျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ် သော နေထိုင်စားသောက်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပါသည်။

အွန်လိုင်းအန္တရာယ် သတိပြုကာကွယ် ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

လက်ကိုင်ဖုန်းစွဲလမ်းခြင်းနှင့်နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုး ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

သင့်တင်မျှတသော အာဟာရ၊ ဆီစားသုံးမှုလျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ် သော နေထိုင်စားသောက်မှု ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း

 

ဦးစီးအရာရှိ(စုံစမ်းရေး)လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း၌ ဦးစီးအရာရှိ(စုံစမ်းရေး)လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၁၁-၁၁-၂၀၂၄ ရက်နေ့ (၀၈၃၀) အချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ (စုံစမ်းရေး) လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော လက်ထောက်ညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်းမှ အမှုဆောင်ဝန်ထမ်းများနှင့် သင်တန်းသား (၂၀) ဦး၊ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားကာ သင်တန်းအားဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား ၁၁-၁၁-၂၀၂၄ ရက်နေ့မှ ၃-၁-၂၀၂၅ ရက်နေ့ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဦးစီးဌာနချုပ်ရှိ ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ဦးစီးအရာရှိ(စုံစမ်းရေး) (၂၀)ဦးတို့ တက်ရောက်လျက် ရှိပါသည်။