၁။ |
လေဆိပ်လုံခြုံရေးနှင့် လေကြောင်းဥပဒေအရ တားဆီးထားသော ပစ္စည်းများကို ခိုးဝှက်သယ်ယူမှုများမပြုနိုင်ရန်အတွက် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာကွယ်ခြင်း၊ |
၂။ |
ရေကြောင်း၊ ကုန်းကြောင်းမှ ယာဉ်များဖြင့် ဖောက်ခွဲဖျက်ဆီးရေးကိရိယာများ၊ လက်နက်များနှင့် ဥပဒေအရတားဆီးထားသောပစ္စည်းများ၊ ခိုးဝှက်သယ်ယူမှုများ မပြုနိုင်ရန်အတွက် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာကွယ်ခြင်း၊ |
၃။ |
ကျောက်မျက်ရတနာပြပွဲများပြုလုပ်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကာအကွယ် ပြုလုပ်ပေးရခြင်း၊ |
၄။ |
နိုင်ငံတော်လုံခြုံရေးအတွက် မြေပေါ်မြေအောက် အဖျက်သမားများနှင့် ဆန့်ကျင်ဖက် အင်အားစုများ၏ လှုပ်ရှားမှုသတင်းများ စုဆောင်းတင်ပြခြင်း၊ |
၅။ |
အရေးကြီးပုဂ္ဂိုလ်လုံခြုံရေးကိစ္စများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ |
၆။ |
နိုင်ငံတော်အဆင့် ကျင်းပသော အခမ်းအနားများတွင် လုံခြုံရေးကိစ္စများကို မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ |
၇။ |
သဘာဝဘေးအန္တရာယ်ကိစ္စ သို့မဟုတ် နိုင်ငံတော်မှအထူးကိစ္စရပ်အဖြစ် သတ်မှတ်၍ သီးခြား တာဝန်ပေးအပ်သည့် အထူးစစ်ဆင်ရေးများတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း။ |