၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနှင့်ကျောင်းသုံး စာရေးကိရိယာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း

 ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနှင့်ကျောင်းသုံး စာရေးကိရိယာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာ၊ ဝန်ထမ်းသား၊ သမီးများမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ (၁၃:၀၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၄၉)ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် (၆)ဘာသာ၊ (၅)ဘာသာနှင့် (၄)ဘာသာ
ဂုဏ်ထူးရှင်ကျောင်းသား(၃)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း၊ ထို့နောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှ ဦးစီးအရာရှိ(စုံစမ်းရေး) ဦးဝင်းမြင့်လွင်၏ သမီးဖြစ်သူ (၆)ဘာသာဂုဏ်ထူးရှင် မဝင်းဝါခိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားကို (၁၄:၀၀)အချိန်တွင် ပြီးဆုံးပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၅၀)ဦးရှိသည့်အနက် စုစုပေါင်း (၃၁)ဦး အောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊(၂)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၅)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၈)ဦးတို့ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း (၆၂%) ဖြင့်အောင်မြင်ခဲ့ပါသည်။

Post navigation