၂ဝ၂ဝ _ ၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်း တင်ဒါကြော်ငြာကို ၂၈ – ၉ – ၂ဝ၂ဝ ရက်နေ့နှင့် ၂၉ – ၉ – ၂ဝ၂ဝ ရက်နေ့ နေ့စဉ်သတင်းစာများတွင် ကြော်ငြာခဲ့ပြီး ဖြစ်ပါသည်။ တင်ဒါလျှောက်လွှာပုံစံများကို နေပြည်တော်၊ ရုံးအမှတ်(၄၉)၌ ၁–၁၀–၂၀၂၀ ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပြီး လျှောက်လွှာပုံစံတွင် ပူးတွဲပါရှိသည့် စည်းကမ်းချက်များကို ဖြည့်စွက်၍ ၂၇ – ၁ဝ – ၂ဝ၂ဝ ရက်နေ့ (၁၆ဝဝ) နာရီ နောက်ဆုံးထား၍ နေပြည်တော်၊ ရုံးအမှတ်(၄၉) သို့ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။