စုံထောက်(အရာရှိ) သင်တန်း အမှတ်စဉ်(၁၈၃/၂၀၁၈) သင်တန်း ဖွင့်ပွဲအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအကြပ်အတတ်သင်ကျောင်း၊ လှော်ကားရတနာ ခန်းမတွင် ၂၄-၉-၂၀၁၈ ရက်နေ့ (၀၈:၃၀) အချိန်မှ (၀၉:၀၀) အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(စုံစမ်းရေး)နှင့်စုံစမ်းရေးမှူး အရာရှိ သင်တန်းသား/သူများ တက်ရောက်သည့် စုံထောက်(အရာရှိ) သင်တန်း အမှတ်စဉ်(၁၈၃/၂၀၁၈) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မှုခင်းရဲတပ်ဖွဲ့၊ ယာယီရဲမှူးချုပ် စိုးနိုင်ဦး က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးစိုးနောင်ဦး၊ သတင်းနှင့် နည်းပညာဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရဲလေ့ကျင့်ရေး ကျောင်းအုပ်ကြီး ရဲမှူးကြီး ကိုကိုအောင်၊ ဒုကျောင်းအုပ်ကြီး ဒုရဲမှူးကြီး ဝင်းဖေအောင်၊ နည်းပြမှူးချုပ် ဒုရဲမှူးကြီး မြတ်အောင်နှင့် ရဲလေ့ကျင့်ရေးဌာနမှ ရဲမှူးများ၊ မှုခင်းရဲတပ်ဖွဲ့ (အင်းစိန်)မှ လေ့ကျင့်ရေး ဌာနခွဲမှူး ဒုရဲမှူးကြီး ဌေးအောင်၊ ဌာနခွဲမှူး(၂) ဒုရဲမှူးကြီး သာထွန်းနှင့် သင်တန်းနည်းပြ ရဲမှူး၊ ဒုရဲမှူးများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ဦးအောင်စိုးမင်းနှင့် သင်တန်းကြီးကြပ်သူ ဦးစီးအရာရှိများ စုစုပေါင်း (၂၅) ဦးနှင့် သင်တန်းသား/သူ အရာရှိ (၁၈၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ စုံထောက်(အရာရှိ) သင်တန်းကို ၂၄-၉-၂၀၁၈ မှ ၂၂-၃-၂၀၁၉ ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။