၂၀၂၀ ပြည့်နှစ်၌ ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၅) ဘီလီယံကျော်ရှိခဲ့

၂၀၂၀ ပြည့်နှစ်၌ ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၅) ဘီလီယံကျော်ရှိခဲ့

၂၀၂၀ ပြည့်နှစ်အတွင်း ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၆၀၀%) မြင့်တက်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ(၅.၆)ဘီလီယံခန့်ရှိသည်ဟု ဒီဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုထိပ်တန်းလုပ်ငန်းဖြစ်သည့် CoinShares က ယခုရက်ပိုင်းအတွင်း ကြေညာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် အမေရိကန် ဒေါ်လာအစား Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများကိုပြောင်းလဲရင်းနှီးမှုများပြားလာခြင်းကြောင့် ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ အရင်းအနှီးစီးဝင်မှုများပြားလာခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း Bitcoin ဈေးကွက်အတွင်းသို့ဝင်ရောက်သည့်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ(၇၉၂.၁)သန်းရှိကာ ဒုတိယလူသုံးအများဆုံး Etherum ဈေးကွက်အတွင်းသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၂၀၇.၃)သန်းခန့်ရှိကြောင်း၊ အရင်းအနှီးဝင်ရောက်မှုများပြား လာသည့်အတွက် ဒီဇင်ဘာလ(၂၀)ရက်၌ Bitcoin တစ်ယူနစ်၏တန်ဖိုးမှာအမေရိကန်ဒေါ်လာ (၂၄,၂၉၈)သို့လည်းကောင်း၊ Etherum ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၁၀) သို့လည်းကောင်း စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Bitcoin သည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အရောင်းအဝယ်အများဆုံး ဒီဂျစ်တယ် ငွေကြေးဖြစ်ခဲ့ပြီး ဒီဇင်ဘာလ(၁၇)ရက်နေ့တစ်နေ့တည်း၌အရောင်းအဝယ် အပြန်အလှန်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ(၁၁)ဘီလီယံခန့်အထိရှိသည့်အတွက် Bitcoin သမိုင်းတစ်လျှောက် အရောင်းအဝယ် ပြုလုပ်မှုပမာဏအများဆုံးစံချိန်တင်နေ့ဖြစ်ခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ(၁၇)ရက် နောက်ပိုင်းရက်များ၌မူ တစ်နေ့တာအရောင်းအဝယ်ပမာဏမှာ အမေရိကန်ဒေါ်လာ(၄)ဘီလီယံခန့်သာ ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

စက်နှင့်စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထဲရေးဝန်ကြီးဌာန

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

နေပြည်တော်

 

တည်ဆောက်ရေးလုပ်ငန်းအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေလုံးငွေရင်း ( မူလ ) ခွင့်ပြုရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်း Lot(3) ကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်လိုပါသည်-

 

စဉ်

လုပ်ငန်း အုပ်စု လုပ်ငန်းအမျိုးအစား အရေ

အတွက်

ခွင့်ပြုရန်ပုံငွေ

(ကျပ်သန်း)

မှတ် ချက်

Lot(3) တည်ဆောက်ရေး      
    ရုံးအမှတ်(၄၉) Car stand ဆောက်လုပ်ခြင်း

(အလျား၁၄၈’ x အနံ၁၈’ ၆” x အမြင့်၁၂’)

၁၆.ဝဝဝ  

၂။       တင်ဒါပုံစံရောင်းချမည့်ရက်    –        ၂၈ – ၁၂ – ၂ဝ၂ဝ ရက်နေ့မှ ၁၁ – ၁ – ၂ဝ၂၁ ရက်နေ့ထိ

၃။      တင်ဒါပိတ်မည့်ရက်နှင့်အချိန်  –        ၁၁ – ၁ – ၂ဝ၂၁ ရက်နေ့၊ (၁၆းဝဝ) နာရီ

၄။      တင်ဒါပေးသွင်းရမည့်နေရာ    –        ရုံးအမှတ် ( ၄၉ ) ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်

၅။      တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများကို အောက်ဖော်ပြပါ လိပ်စာတွင် စုံစမ်းဝယ်ယူနိုင်ပါသည်-

–        ရုံးအမှတ် (၄၉)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊နေပြည်တော်

ဖုန်းနံပါတ် ဝ၆၇ – ၃၄၃၁၃၉ဝ ၊ ဝ၆၇ – ၃၄၃၁၃၉၅

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထဲရေးဝန်ကြီးဌာန

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

နေပြည်တော်

 

စက်နှင့်စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေလုံးငွေရင်း ( မူလ ) ခွင့်ပြုရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ အောက်ဖော်ပြပါ စက်နှင့်စက်ပစ္စည်း ဝယ်ယူရေးလုပ်ငန်း Lot(4) ကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်လိုပါသည်-

စဉ်

လုပ်ငန်း အုပ်စု လုပ်ငန်းအမျိုးအစား အရေ

အတွက်

ခွင့်ပြုရန်ပုံငွေ

(ကျပ်သန်း)

မှတ် ချက်

Lot(4) Forensic Device      
    (a) Encase Forensic (3 Years License) and TALINO KA-L Omega Forensic (Software + Hardware) ၂ဝ.ဝဝဝ  
      _ Intel Core i7- 8700K 3.7 GHz LGA 1151 DESKTOP Processor      
      _ 64 GB Dual Channel DDR4 SDRAM at 2133MHz – 4 x 16 GB      
      _ 500 GB M.2 Enterprise SSD for the Operating System (1) 256 GB M.2 for Temporary File, (1) 1TB SSD for Database, (1) 2TB HDD for Evidence Files,(1) Nvidia      
    (b) Elcomsoft Password Recovery Bundle, Incl.EDPR 5 Agents,HP IDS EliteDesk 800 G5 Tower (Software + Hardware) ၂ဝ.ဝဝဝ  
      _ A Single purchase delivers all ElcomSoft password recovery products in their respective top-of- the-line editions      
      _ Includes ever tool you need for recovering passwords and decrypting data      
      _ Broadest compatibility: hundreds of formatsand multiple cloud services supported      
      _ Minimum bandwidth utilization and zero scalability overhead      
      _ Remote management of password recovery workstations      
      _ Completely traceable: keeps track of CPU time and resource utilization,password recovery jobs and user activities      
      _ 3 Years Warranty      
        စုစုပေါင်း   ၄ဝ.ဝဝဝ

 

 

 

၂။       တင်ဒါပုံစံရောင်းချမည့်ရက်    –        ၂၈ – ၁၂ – ၂ဝ၂ဝ ရက်နေ့မှ ၁၁ – ၁ – ၂ဝ၂၁ ရက်နေ့ထိ

၃။      တင်ဒါပိတ်မည့်ရက်နှင့်အချိန်  –        ၁၁ – ၁ – ၂ဝ၂၁ ရက်နေ့၊ (၁၆းဝဝ) နာရီ

၄။      တင်ဒါပေးသွင်းရမည့်နေရာ    –        ရုံးအမှတ် ( ၄၉ ) ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်

၅။      တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများကို အောက်ဖော်ပြပါ လိပ်စာတွင် စုံစမ်းဝယ်ယူနိုင်ပါသည်-

–        ရုံးအမှတ် (၄၉)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊နေပြည်တော်

ဖုန်းနံပါတ် ဝ၆၇ – ၃၄၃၁၃၉ဝ ၊ ဝ၆၇ – ၃၄၃၁၃၉၅

အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများက Bitcoin ကိုရင်းနှီးမြှုပ်နှံမှုပြုလုပ်လာကြသည့်အတွက် Bitcoinတစ်ယူ နစ်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၂၃,၀၀၀)အထက်သို့ စံချိန်တင် ရောက်ရှိလာခဲ့

အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများက Bitcoin ကိုရင်းနှီးမြှုပ်နှံမှုပြုလုပ်လာကြသည့်အတွက် Bitcoinတစ်ယူ နစ်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၂၃,၀၀၀)အထက်သို့ စံချိန်တင် ရောက်ရှိလာခဲ့

အမေရိကန်အခြေစိုက် ထိပ်တန်း ငွေပေးချေမှုလုပ်ငန်းဖြစ်သော PayPal က Bitcoin နှင့်ပတ်သက်သည့်ငွေပေးချေမှုများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းမှစ၍ ခွင့်ပြုခဲ့ပြီးနောက်ပိုင်းတွင် အခြားသောအမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ သည် Bitcoin ကိုစတင်အသုံးပြုလာခဲ့ကြောင်း၊ အမေရိကန်ဘီလီယံနာများဖြစ်သော ပေါလ်တူဒါဂျုံးနှင့် စတန် လေဒရပ်ကင်မီလာတို့သည် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ Bitcoin ကိုစတင်သုံးစွဲ မည်ဟု ယခုရက် ပိုင်းအတွင်းကြေညာခဲ့ပြီး အမေရိကန်ထိပ်တန်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းနှင့် နည်းပညာကုမ္ပဏီကြီးများ ဖြစ်သည့် Square နှင့် MicroStrategy တို့ကလည်း Bitcoin ကိုစတင်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည့်သတင်း ကြောင့် ဒီဇင်ဘာလ(၁၆)ရက်နေ့မှ စ၍ Bitcoin ဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၂၀,၀၀၀)ကို ကျော်ဖြတ်သွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ကမ္ဘာ့ဈေးကွက်အတွင်း၌ Bitcoin ဈေးနှုန်းမှာ ၁၂% ထပ်မံမြင့်တက်ကာ တစ်ယူနှစ်လျှင် အမေရိကန်ဒေါ်လာ (၂၃,၄၂၁)ဖြင့် ဈေးပိတ်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ယမန်နှစ်အလားတူကာလအတွင်းဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက (၃)ဆခန့်မြင့်တက်လာခြင်းဖြစ် ကြောင်း၊ အမေရိကန်ထိပ်တန်း ဘဏ်လုပ်ငန်းကြီးဖြစ်သော JP Morgan ကယခုရက်ပိုင်းအတွင်းထုတ်ပြန် သည့်ကြေညာချက် အရ အမေရိကန်အစိုးရ၏ COVID-19 ကူးစက်ရောဂါအသုံးစရိတ်ဥပဒေကြမ်းထွက်ရှိမည့် သတင်းကြောင့် အမေရိကန်ဒေါ်လာငွေကြေးဖောင်းပွမည်ကို စိုးရိမ်သောရင်းနှီးမြှုပ်နှံသူများ သည် အမေရိကန် ဒေါ်လာအစား ရွှေနှင့် Bitcoin ကိုပြောင်းလဲစုဆောင်းလျက်ရှိရာ Bitcoin ကိုစုဆောင်းသူကပိုမိုများပြားနေ သည်ဟုသိရှိရကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိသည်။

Apple ကုမ္ပဏီမှနောက်ဆုံးဖြန့်ချိခဲ့သော IOS ဗားရှင်းအသစ်သည် Facebook ၏ကြော်ငြာဝန်ဆောင်မှုများ အပေါ်ထိခိုက်စေသောကြောင့် Facebook က ကန့်ကွက်ခဲ့

Apple ကုမ္ပဏီမှနောက်ဆုံးဖြန့်ချီခဲ့သော IOS ဗားရှင်းအသစ်သည် Facebook ၏ကြော်ငြာဝန်ဆောင်မှုများ အပေါ်ထိခိုက်စေသောကြောင့် Facebook က ကန့်ကွက်ခဲ့

Apple ကုမ္ပဏီမှထုတ်လုပ်လျက်ရှိသော iPhone နှင့် iPad များအတွက်နောက်ဆုံးဖြန့်ချီခဲ့သည့် IOS ဗားရှင်း အသစ်များတွင်ပါရှိသည့်လုံခြုံရေးအဆင့်မြင့်တင်မှုများမှာ Facebook ၏ကြော်ငြာဝန်ဆောင်မှုများ အပေါ်ထိခိုက်လာသည့်အတွက် Facebook ကုမ္ပဏီက ယခုရက်ပိုင်းအတွင်းကန့်ကွက်ခဲ့ကြောင်း သိရှိရပါသည်။

Facebook ကုမ္ပဏီ၏ကြေညာချက်၌ Facebook တွင်ကြော်ငြာနေသည့် လုပ်ငန်းများအနက် အများစုမှာအသေးစားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး Facebook သည်လည်း အဆိုပါလုပ်ငန်းများထံမှ ကြေငြာခဝင်ငွေအများအပြာရရှိနေခြင်းဖြစ်ကြောင်း၊ သို့သော် Apple ကုမ္ပဏီအနေဖြင့် iPhoneနှင့် iPad များအတွက်နောက်ဆုံးဖြန့်ချိခဲ့သည့် IOS ဗားရှင်းအသစ်ဖြစ်သော IOS-14 တွင် ပုဂ္ဂိုလ်ရေး လုံခြုံမှုအဆင့်မြှင့်တင်ခြင်းများ ပိုမိုတင်းကျပ်စွာ ထည့်သွင်းရေးဆွဲထားရာ အဆိုပါအဆင့်မြင့်တင်မှု များကြောင့် Facebook  ၌ကြောငြာမည့် အသေးစားစီးပွားရေးလုပ်ငန်းများ၏ ကြော်ငြာများကို အများပြည်သူတို့မှ မြင်တွေ့ကြည့်ရှုနိုင်တော့မည်မဟုတ်ကြောင်း၊ ထို့ကြောင့် Facebook တွင် ကြော်ငြာနေသည့် အသေးစားစီးပွားရေးလုပ်ငန်းများမှာ ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ Apple အနေဖြင့် ယခုကဲ့သို့လုံခြုံရေးအဆင့်မြှင့်တင်ပြောင်းလဲမှုများပြုလုပ်ခဲ့ခြင်းသည် အင်တာနက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာကြော်ငြာနိုင်မှုအပေါ်၌ ထိန်းချုပ်ခြင်းပင်ဖြစ်ကြောင်း၊ Facebook သည် ၎င်း၏ App Store တွင်ပါဝင်သော အက်ပလီကေးရှင်းများအပါအဝင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို လူအများပိုမိုအသုံးပြုလာစေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

Apple ကုမ္ပဏီသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သည့် ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ ကွန်ဖရင့်အစည်းအဝေး၌ Apple  အနေဖြင့်နောက်ပိုင်းဖြန့်ချိမည့် IOS ဗားရှင်းများတွင် လုံခြုံရေးအဆင့်မြှင့်တင်မှုများကိုတိုးမြှင့် ပြုလုပ်ကာ အသွင်အပြင်အသစ်များဖြင့် မွမ်းမံရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာ နည်းပညာကုမ္ပဏီအချို့သည် ၎င်းတို့၏အက်ပလီကေးရှင်များမှတစ်ဆင့်သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက်များကို နည်းအမျိုးမျိုးဖြင့် ခြေရာခံရယူလျက်ရှိသောကြောင့်ဖြစ်ကြောင်း၊ Apple ကုမ္ပဏီအနေဖြင့် ယင်းအခြေအနေဖြစ်ပေါ်ခြင်းမျိုးမှကာကွယ်တားဆီးသွားမည်ဖြစ်ပြီး နောက်ပိုင်း ဖြန့်ချိမည့်  IOS ဗားရှင်းအသစ်များ၌ ပိုမိုတင်းကျပ်သည့်လုံခြုံရေးအဆင့်မြှင့်တင်မှုများဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

၂ဝ၂ဝ _၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ အတွက် Profile အောင်မြင်သည့် အရည်အသွေးစစ်ဆေးရေး (QA/QC) ကုမ္ပဏီ အမည်စာရင်း

၂ဝ၂ဝ _ ၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏  တည်ဆောက်ရေးလုပ်ငန်းများ အတွက်  Profile အောင်မြင်သည့် အရည်အသွေးစစ်ဆေးရေး (QA/QC) ကုမ္ပဏီ အမည်စာရင်း

စဉ်

ကုမ္ပဏီအမည် မှတ်ချက်
Snowy Eye Co:Ltd
TOP Engineering Consultants International Co:Ltd
Vigorous Union Engineering Co:Ltd
Zenith Power Co:Ltd
ဆုထက်ကျော်ကုမ္ပဏီ

မှတ်ချက်

          ၁။      လုပ်ငန်းအုပ်စု Lot (၃) အတွက် QA / QC Profile အောင်မြင်သည့်ကုမ္ပဏီမရှိပါ။

          ၂။       Profile အောင်မြင်သည့်ကုမ္ပဏီများအနေဖြင့် ၁၆ – ၁၂ – ၂ဝ၂ဝ ရက်နေ့၊ (၁၃းဝဝ)

အချိန်မှ (၁၆း၃ဝ) အချိန်အထိ နေပြည်တော်၊ ဒက္ခိဏသိရိမြို့နယ်၊ ဒက္ခိဏခရိုင်မီးသတ် စခန်း၌ စျေးနှုန်းအဆိုပြုလွှာများကို                    တင်သွင်းရမည်ဖြစ်ပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

Facebook သည် ၎င်းထုတ်ဝေမည့်ဒီဂျစ်တယ်ငွေကြေး၏အမည်ကို Libra အစား Diem အမည်သို့ ပြောင်းလဲခဲ့

Facebook သည် ၎င်းထုတ်ဝေမည့်ဒီဂျစ်တယ်ငွေကြေး၏အမည်ကို Libra အစား Diem အမည်သို့ ပြောင်းလဲခဲ့

Facebook ကုမ္ပဏီသည် ၎င်း၏ကိုယ်ပိုင်ဒီဂျစ်တယ်ငွေကြေး Libra အားထုတ်ဝေနိုင်ရေးအတွက် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းမှစ၍ စတင်လုပ်ဆောင်ခဲ့သော်လည်း ဘဏ္ဍာရေးလုံခြုံမှုအားခြိမ်းခြောက်လာ နိုင်ခြင်း၊ ငွေကြေးမူဝါဒကိုင်တွယ် ထိန်းချုပ်ရန်ခက်ခဲနိုင်ခြင်း၊ ငွေကြေးတည်ငြိမ်မှုပျက်ပြားလာနိုင်ခြင်း အစရှိသည့်စိုးရိမ်ပူပန်မှုများဖြင့် ဥရောပ ဗဟိုဘဏ်များနှင့် ငွေကြေးအာဏာပိုင်အဖွဲ့များက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းမှစ၍ ဆိုင်းငံ့ထားခဲ့ကြောင်း၊ ယခုအခါ Facebook ကုမ္ပဏီသည် အနောက်နိုင်ငံအစိုးရများထံမှ တရားဝင်ခွင့်ပြုချက်ရယူနိုင်ရန်အတွက် ဒီဂျစ်တယ်ငွေကြေး၏အမည်အား Libra မှ Diem သို့ပြောင်းလဲခဲ့သည့်အပြင် ဒီဂျစ်တယ်ငွေကြေး တည်ဆောက်ပုံ၊ လည်ပတ်ပုံအစရှိသည့်ပုံစံများအား ပြောင်းလဲထားသည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Diem ဒီဂျစ်တယ်ငွေကြေး၏ အမှုဆောင်အရာရှိချုပ် စတူးအက်လစ်ဗေး ကပြောကြားရာ၌ “Diem” ဟူသောအမည်မှာ လက်တင်ဘာသာစကားအရ “Day” ဟုအမည်ရပြီး အဆိုပါဒီဂျစ်တယ်ငွေကြေးသည် အမေရိကန်ဒေါ်လာကို ကျောထောက် နောက်ခံပြုထားသည့် ဒီဂျစ်တယ်ငွေကြေးတစ်ရပ်ဖြစ်လာရန် Facebook ကုမ္ပဏီကရည်မှန်းထားကြောင်း၊ Diem ဒီဂျစ်တယ်ငွေကြေး နှင့်ပတ်သက်၍ ဆွစ်ဇာလန်ငွေကြေးအာဏာပိုင်များနှင့် ဈေးကွက်စောင့်ကြည့်သူများထံမှ ခွင့်ပြုချက် တောင်းခံထားပြီးခွင့်ပြုချက်ရရှိပါက လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖြန့်ဝေနိုင်ရန် မျှော်မှန်းထား ကြောင်း၊ အဆိုပါဒီဂျစ်တယ်ငွေကြေးကို တစ်ဆင့် ခံအသုံးပြုမည့် Digital Wallet ၏အမည်ကို Novi Digital Wallet ဟုအမည်ပေးထားကြောင်း၊ Diem ဒီဂျစ်တယ်ငွေကြေးကို အနောက်နိုင်ငံများမှ အစိုးရများနှင့် ငွေကြေး ဆိုင်ရာအာဏာပိုင်အဖွဲ့များမှ တရားဝင်ခွင့်ပြုသွားရန် Facebook မှမျှော်လင့်ထားပါသည်ဟု ပြောကြားခဲ့ပါသည်။
Facebook မှထုတ်ဝေမည့် Diem ဒီဂျစ်တယ်ငွေကြေးစီမံကိန်းသည် ဥရောပနှင့် အနောက်နိုင်ငံ အစိုးရများမှ ချမှတ်ထားသည့် မူဝါဒစည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေးအတွက် စီမံကိန်း၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအပေါ် ငွေကြေးထောက်ပံ့မှုအားတားမြစ်သည့် ကိုယ်ပိုင်မူဝါဒများ ချမှတ်လုပ်ဆောင်သွားရန် စီစဉ်ထားပြီး မည်သူမဆို ဒီဂျစ်တယ်ကွန်ရက်အတွင်းသို့ လွတ်လပ်စွာဝင်ရောက်ခွင့် ပေးသွားမည်ဟုသိရှိရကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။