အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများက Bitcoin ကိုရင်းနှီးမြှုပ်နှံမှုပြုလုပ်လာကြသည့်အတွက် Bitcoinတစ်ယူ နစ်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၂၃,၀၀၀)အထက်သို့ စံချိန်တင် ရောက်ရှိလာခဲ့

အမေရိကန်အခြေစိုက် ထိပ်တန်း ငွေပေးချေမှုလုပ်ငန်းဖြစ်သော PayPal က Bitcoin နှင့်ပတ်သက်သည့်ငွေပေးချေမှုများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းမှစ၍ ခွင့်ပြုခဲ့ပြီးနောက်ပိုင်းတွင် အခြားသောအမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ သည် Bitcoin ကိုစတင်အသုံးပြုလာခဲ့ကြောင်း၊ အမေရိကန်ဘီလီယံနာများဖြစ်သော ပေါလ်တူဒါဂျုံးနှင့် စတန် လေဒရပ်ကင်မီလာတို့သည် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ Bitcoin ကိုစတင်သုံးစွဲ မည်ဟု ယခုရက် ပိုင်းအတွင်းကြေညာခဲ့ပြီး အမေရိကန်ထိပ်တန်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းနှင့် နည်းပညာကုမ္ပဏီကြီးများ ဖြစ်သည့် Square နှင့် MicroStrategy တို့ကလည်း Bitcoin ကိုစတင်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည့်သတင်း ကြောင့် ဒီဇင်ဘာလ(၁၆)ရက်နေ့မှ စ၍ Bitcoin ဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၂၀,၀၀၀)ကို ကျော်ဖြတ်သွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ကမ္ဘာ့ဈေးကွက်အတွင်း၌ Bitcoin ဈေးနှုန်းမှာ ၁၂% ထပ်မံမြင့်တက်ကာ တစ်ယူနှစ်လျှင် အမေရိကန်ဒေါ်လာ (၂၃,၄၂၁)ဖြင့် ဈေးပိတ်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ယမန်နှစ်အလားတူကာလအတွင်းဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက (၃)ဆခန့်မြင့်တက်လာခြင်းဖြစ် ကြောင်း၊ အမေရိကန်ထိပ်တန်း ဘဏ်လုပ်ငန်းကြီးဖြစ်သော JP Morgan ကယခုရက်ပိုင်းအတွင်းထုတ်ပြန် သည့်ကြေညာချက် အရ အမေရိကန်အစိုးရ၏ COVID-19 ကူးစက်ရောဂါအသုံးစရိတ်ဥပဒေကြမ်းထွက်ရှိမည့် သတင်းကြောင့် အမေရိကန်ဒေါ်လာငွေကြေးဖောင်းပွမည်ကို စိုးရိမ်သောရင်းနှီးမြှုပ်နှံသူများ သည် အမေရိကန် ဒေါ်လာအစား ရွှေနှင့် Bitcoin ကိုပြောင်းလဲစုဆောင်းလျက်ရှိရာ Bitcoin ကိုစုဆောင်းသူကပိုမိုများပြားနေ သည်ဟုသိရှိရကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိသည်။