ဥရောပတိုက်၌ စွမ်းအင်အကျပ်အတည်းရင်ဆိုင်နေရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ
ဆက်လက်အားကောင်းလျက်ရှိမှု

ဥရောပနိုင်ငံများတွင် ရာသီဥတုအလွန်အေးသည့် ခရစ္စမတ်ပွဲတော်အကြိုရက်ပိုင်းများမှစတင်၍ စွမ်းအင်လိုအပ်ချက် ပြဿနာများရင်ဆိုင်နေရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အားကောင်းလျက် ရှိကြောင်း၊ ဥရောပတိုက်၌ စွမ်းအင်အကျပ်အတည်းကြုံတွေ့နေရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ယူကရိန်းပြဿနာကိုအကြောင်းပြု၍ ရုရှားနိုင်ငံကဥရောပတိုက်သို့ သဘာဝဓါတ်ငွေ့တင်ပို့မှုကို လျှော့ချခဲ့ခြင်း၊ ဂျာမနီနိုင်ငံ၌ ရာသီဥတုပြဿနာကြောင့် လေအားလျှပ်စစ်ထုတ်လုပ်သည့်စက်ရုံများ၏ ဓါတ်အားထုတ်လုပ်မှုများလျော့နည်းသွားခြင်း၊ ဥရောပတိုက်သို့ နျူကလီးယားစွမ်းအင်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားများကိုဖြန့်ဖြူးနေသော ပြင်သစ်နိုင်ငံရှိ နျူကလီးယားဓါတ်ပေါင်းဖို(၅၆)ခု အနက်(၄)ခုတွင် နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကိုခေတ္တ ရပ်ဆိုင်းထားရခြင်းနှင့် ရာသီဥတုအလွန်အေးသည့်အတွက် ဥရောပတိုက်ရှိပြည်သူများ၏ အပူပေးစနစ်အတွက် စွမ်းအင်သုံးစွဲမှု ပိုမိုများပြားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်နေသည့် ဥရောပဈေးကွက်၌ ခရစ္စမတ်ကာလပိတ်ရက်များမတိုင်မီ သဘာဝဓါတ်ငွေ့ဈေးနှုန်းမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်သည့် (၁,၀၀၀)ကုဗမီတာလျှင် အမေရိကန် ဒေါ်လာ(၂,၄၉၅)ဈေးနှုန်းသို့ ရောက်ရှိခဲ့ ကြောင်း၊ ဥရောပဈေးကွက်၌ သဘာဝဓါတ်ငွေ့ဈေးနှုန်းမှာ နိုဝင်ဘာလကုန်ပိုင်းက(၁,၀၀၀)ကုဗမီတာလျှင် အမေရိကန်ဒေါ်လာ(၁,၄၂၅)ဝန်းကျင်သာရှိခဲ့ကြောင်း သိရှိရပါသည်။

ဥရောပတိုက်၌ စွမ်းအင်လိုအပ်ချက်ဖြစ်ပေါ်နေသည့်သတင်းကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာ ခရစ္စမတ်ကာလအကြိုရက်သတ္တပတ်အတွင်း၌ ၄% အထိမြင့်တက်ခဲ့ပြီး လက်ရှိ အချိန်၌ WTI ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၃.၃၈)၌လည်းကောင်း၊ ဘရန့်ရေနံဈေးနှုန်း မှာ တစ်စည်လျှင် အမေရိကန်ဒါ်လာ(၇၆.၅၄)ဝန်းကျင်၌လည်းကောင်း အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။