အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပမှုမှတ်တမ်း

နေပြည်တော် ရုံးအမှတ်(၄၉)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးဌာနချုပ်ရုံး၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဝန်ထမ်းများအား တူညီဝတ်စုံများ၊ ဆန်၊ ဆီများ ထောက်ပံ့ပေးခြင်း၊ နေ့လည်စာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ ကျင်းပခြင်းများ ပြုလုပ်ခဲ့ပါသည်။

ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဦးစီးဌာနချုပ်နှင့် နေပြည်တော်အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ ပါဝင်သော (အကြီးတန်း)အသင်း (၆)သင်း၊ ဌာနအလိုက် (အငယ်တန်း)အသင်း (၇)သင်းတို့ ယှဉ်ပြိုင်ကစားကြခဲ့ရာ အကြီးတန်းအသင်းပြိုင်ပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး (၂)အသင်းက ပထမဆု၊ ညွှန်ကြားရေးမှူး(၁)အသင်းက ဒုတိယဆု၊ ညွှန်ကြားရေးမှူး(၂)အသင်းက တတိယဆုကိုလည်းကောင်း၊ (အငယ်တန်း)အသင်း ပြိုင်ပွဲတွင် စီမံခန့်ခွဲရေးနှင့်လေ့ကျင့်ရေးဌာန အသင်းက ပထမဆု၊ စုံစမ်းရေးနှင့်ငွေကြေးဆိုင်ရာဌာနအသင်းက ဒုတိယဆုနှင့် ဥပဒေနှင့် အကျိုးဆောင်ဌာနအသင်းက တတိယဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။
အလားတူ ဦးစီးဌာနချုပ်၊ ဌာနအသီးသီးရှိ ဝန်ထမ်းများမှ စားပွဲတင်တင်းနစ် တစ်ဦးချင်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများကို ဆုများချီးမြှင့်ခဲ့ပါသည်။

ထို့အပြင် အာလူးကောက်ပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက် ပြိုင်ပွဲများတွင် ဝန်ထမ်းများ ပျော်ရွှင်စွာယှဉ်ပြိုင်ကစားခဲ့ကြရာ ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

null