ဝန်ကြီးအဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၆။ ဝန်ကြီးအဖွဲ့သည် အဖွဲ့၏ စုံစမ်းတွေ့ရှိချက်ကို ရရှိသည့်အခါ ထပ်မံစုံစမ်းရန် လိုအပ်သည်ဟု ယူဆလျှင် မူလစစ်ဆေးသော အဖွဲ့ဖြင့်ဖြစ်စေ၊ အသစ်ဖွဲ့စည်းပေးသောအဖွဲ့ဖြင့်ဖြစ်စေ စုံစမ်းစစ်ဆေး ရန် ညွှန်ကြားနိုင်သည်။
၇။ ဝန်ကြီးအဖွဲ့သည်-

(က) စုံစမ်းစစ်ဆေးခြင်းခံရသူက ပစ္စည်းကို တရားဝင်ရရှိသောငွေဖြင့် ရယူထားကြောင်း တွေ့ရှိလျှင် စုံစမ်းစစ်ဆေးမှုကို ပိတ်သိမ်းရမည်။

(ခ) စုံစမ်းစစ်ဆေးခြင်းခံရသူက ပစ္စည်းကို မိမိအမည်ဖြင့်ဖြစ်စေ၊ အခြားသူတစ်ဦးဦး၏ အမည်ကိုအသုံးပြု၍ဖြစ်စေ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသောငွေဖြင့် ရယူ ထားကြောင်းတွေ့ရှိလျှင် ယင်းပစ္စည်းကိုပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူရန် အမိန့်ချ မှတ် ရမည်။

(ဂ) စုံစမ်းစစ်ဆေးခြင်းခံရသူက ပစ္စည်းတန်ဖိုး၏ တစိတ်တဒေသကို တရားမဝင်သော နည်းလမ်းဖြင့် ရရှိသောငွေဖြင့်ရယူထားပြီး ကျန်တန်ဖိုးကို တရားဝင်ရရှိသော ဝင်ငွေဖြင့် ရယူထားကြောင်း တွေ့ရှိလျှင် ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ် နည်းများနှင့် အညီ ဆောင်ရွက်ရမည်။

၈။ ဝန်ကြီးအဖွဲ့သည်-

(က) အဖွဲ့ကစုံစမ်းစစ်ဆေးနေသည့် ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနေ သည့် ကာလအတွင်း ယင်းပစ္စည်းကို စုံစမ်းစစ်ဆေးခြင်းခံရသူက ရောင်းချကြောင်း တစ်နည်းနည်းဖြင့်လွှဲပြောင်းကြောင်းစစ်ဆေးတွေ့ရှိလျှင်ထိုပစ္စည်းကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းယူရန်အမိန့် ချမှတ်ရမည်၊

(ခ) လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်အပ်နှံထားသည့် ပစ္စည်းတစ်ရပ်ရပ်ကို စုံစမ်း စစ်ဆေးခြင်းခံရသူက ဖျက်ဆီးကြောင်း သို့မဟုတ် ပျက်စီးစေရန်ရည်ရွယ်၍ ပြုလုပ် ကြောင်းစစ်ဆေးတွေ့ရှိလျှင် ထိုပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူရန် အမိန့်ချ မှတ်ရမည်၊

(ဂ) ပုဒ်မခွဲ(ခ)ပါပြန်လည်အပ်နှံထားသည့်ပစ္စည်းတစ်ရပ်ရပ်ကို ပျက်စီးစေလျှင် ယင်းပျက် စီးသောပစ္စည်း၏တန်ဖိုးကိုသတ်မှတ်၍ စုံစမ်းစစ်ဆေးခြင်းခံရသူက ပေးလျော်စေရန် အမိန့် ချမှတ်ရမည်။

၉။ စုံစမ်းစစ်ဆေးနေသည့်ပစ္စည်းတစ်ရပ်ရပ်ကိုတရားဝင်ရရှိသောငွေဖြင့်ရယူထားကြောင်း တွေ့ရှိ လျှင်လုပ်ထုံးလုပ်နည်းများနှင့်အညီယာယီသိမ်းဆည်းထားသောပစ္စည်းဖြစ်ပါက ထိုပစ္စည်းကို စုံစမ်း စစ်ဆေးခြင်းခံရသူအား ပြန်လည်ပေးအပ်ရန် ဝန်ကြီးအဖွဲ့က အမိန့်ချမှတ်ရမည်။
၁၀။ ဝန်ကြီးအဖွဲ့သည် အမိန့်မချမှတ်မီ စုံစမ်းစစ်ဆေးခြင်းခံရသူအား ခုခံချေပခွင့်ပေးရမည်။