ဖွဲ့စည်းခြင်းနှင့်တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၃။ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို စုံစမ်း စစ်ဆေးရန်-

(က) ဝန်ကြီးအဖွဲ့သည် လိုအပ်သောအဖွဲ့ကို ဖွဲ့စည်းပေးနိုင်သည်။

(ခ) ဝန်ကြီးအဖွဲ့က တာဝန်ပေးအပ်သောအဖွဲ့၊ သို့မဟုတ် ဖွဲ့စည်းပေးသောအဖွဲ့ကသာ ဆောင်ရွက်ခွင့်ရှိသည်။

၄။ အဖွဲ့သည် ဝန်ကြီးအဖွဲ့၏ အမိန့်ရရှိမှသာ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ပစ္စည်း များ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို စတင် စုံစမ်းစစ်ဆေးရမည်။
၅။ စုံစမ်းစစ်ဆေးရာတွင် အဖွဲ့သည်-

(က) လိုအပ်သောအထောက်အထားများကိုသက်ဆိုင်ရာမှတောင်းယူစစ်ဆေးနိုင်သည်၊

(ခ) လိုအပ်သောသက်သေများကို စစ်ဆေးနိုင်သည်၊

(ဂ) စုံစမ်းစစ်ဆေးခြင်းခံရသူကမိမိပိုင်ငွေဖြင့်အခြားသူတစ်ဦးဦး၏အမည်ကို အသုံး ပြု၍ ပစ္စည်း တစ်ရပ်ရပ်ကို ရယူထားကြောင်းစစ်ဆေးတွေ့ရှိလျှင် ယင်းပစ္စည်းနှင့်စပ် လျ၍ အမည်အသုံးပြုခြင်းခံရသူ ကိုလည်း စစ်ဆေးနိုင်သည်၊

(ဃ) စုံစမ်းစစ်ဆေးခွင့်ရှိသည့် အဆောက်အဦ နေရာ၊သို့မဟုတ် လုပ်ငန်းဥပစာကို ဝင် ရောက် ကြည့်ရှုစစ်ဆေးခွင့်၊ ရှာဖွေခွင့်ရှိသည်။ တွေ့ရှိသောပစ္စည်းများနှင့် ပတ်သက်၍ လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်ခွင့်ရှိသည်။