အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

လက်ထောက်စုံစမ်းရေးမှူးရာထူး (၆၅)နေရာ လျှောက်လွှာခေါ်ယူခြင်း

 

၁။    အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်စုံစမ်းရေးမှူးရာထူး လစာနှုန်း (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) တွင် (အမျိုးသား/အမျိုးသမီး) (၆၅)နေရာဖြည့်တင်းခန့်ထားမည်ဖြစ်၍ အောက်ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်။
၂။    လျှောက်ထားသူသည်-
(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည်၊
(ခ)    ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၇)နှစ်ထက် မကြီးသူဖြစ်ရမည်၊
(ဂ)    တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်၊ (ဥပဒေဘွဲ့၊ စီးပွားရေးဘွဲ့၊ အင်္ဂလိပ်စာဘွဲ့၊ ကွန်ပျူတာဘွဲ့များအား ဦးစားပေးမည်)
(ဃ)   အမျိုးသားဖြစ်ပါက အနည်းဆုံး အရပ်အမြင့် ၅ ပေ ၃ လက်မ၊ ရင်အုပ်နဂိုအနေ ၃၂ လက်မနှင့် ကိုယ်အလေးချိန် အနည်းဆုံး ၁၁၀ ပေါင် နှင့်အထက် ရှိရမည်၊
(င)    အမျိုးသမီးဖြစ်ပါက အနည်းဆုံး အရပ်အမြင့် ၅ ပေ ၂ လက်မ ၊ ကိုယ်အလေးချိန် အနည်းဆုံး ၁၀၀ ပေါင်နှင့်အထက်ရှိရမည်၊
(စ)    ဆေးအဆင့် (က) ရှိရမည်၊ မျက်မှန်တပ်ဆင်ထားသူများ မဖြစ်ရ၊
(ဆ)    ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူဖြစ်ရမည်၊
(ဇ)    မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊
(ဈ)    နယ်ဘက်တရားရုံးများတွင် အမှုအခင်းကင်းရှင်းသူဖြစ်ရမည်၊
(ည)    အနည်းဆုံး (၁)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ကတိခံဝန်ချက်ရေးထိုးရမည်၊
(ဋ)    အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။    အရည်အချင်းစစ် ရေးဖြေစာမေးပွဲ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ) ဖြေဆိုရမည်။

၄။    ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ဆေးအဆင့်စစ်ဆေးခြင်းများ ပြုလုပ်မည်။

၅။    သတ်မှတ်လျှောက်လွှာပုံစံကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများတွင် သတင်းစာ၌ ကြော်ငြာပါဝင်သည့်နေ့မှစ၍ ရယူနိုင်သည်။

၆။    လျှောက်လွှာပြန်လည်တင်ပြခြင်းကို ၉-၂-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာရယူခဲ့သော သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများသို့ ပေးပို့ရမည်၊ သတ်မှတ်လျှောက်လွှာမူရင်း တင်ပြသော လျှောက်လွှာကိုသာ လက်ခံမည်။

၇။    လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထား စာရွက်စာတမ်းများ ပူးတွဲပါဝင်ရမည်-
(က)    အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မိတ္တူ)၊
(ခ)    ဘွဲ့လက်မှတ်/ဘွဲ့ထောက်ခံစာ(မိတ္တူ)၊
(ဂ)    သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (မိတ္တူ)၊
(ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊
(င)    အိမ်ထောင်စုစာရင်း(မိတ္တူ)၊
(စ)    (၁)လအတွင်းပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတို့မှထောက်ခံစာနှင့် ပြစ်မှုကင်းရှင်း ကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံစာ(မူရင်း)၊
(ဆ)    (၂)လအတွင်း ရိုက်ထားသော ၁.၅” x ၂” အရွယ် ဓါတ်ပုံ (၃) ပုံ၊
(ဇ)    အိမ်ထောင်မရှိ လူပျို/အပျိုဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်၊
(ဈ)    ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံချက်၊
(ည)    ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်(မိတ္တူ)၊
(ဋ)   နိုင်ငံ့ဝန်ထမ်းဖြစ်ပါကသက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ခွင့်ပြုချက်နှင့်ဌာနဆိုင်ရာပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက် မူရင်း/မိတ္တူ၊
(ဌ)    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်/ထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခြင်းခံရသူများ လျှောက်ထားခွင့် မရှိပါ။

၈။    ဖြေဆိုခွင့်ရရှိသူများအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများ မှတစ်ဆင့် အကြောင်းကြားပါမည်။

စာမေးပွဲရေးဖြေဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်းနှင့် ဆေးစစ်ဆေးခြင်း ဆောင်ရွက်မည့် ရက်များကို ထပ်မံအသိပေးအကြောင်းကြားပါမည်။