စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ဒုတိယစုံစမ်းရေးမှူးလုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၂၉-၄-၂၀၂၄ ရက်နေ့ (၀၈၃၀)အချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယစုံစမ်းရေးမှူးလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော လက်ထောက်ညွှန်ကြားရေးမှူးများ၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းမှ အမှုဆောင်ဝန်ထမ်းများနှင့် သင်တန်းသား(၅၆) ဦး စုစုပေါင်း (၇၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားကာ သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းအား ၂၉-၄-၂၀၂၄ ရက်နေ့မှ ၂၁-၆-၂၀၂၄ ရက်နေ့ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဦးစီးဌာနချုပ်ရှိ ဌာနများ၊ တိုင်း‌ဒေသကြီး/ပြည်နယ်ရုံးများမှ ဒုတိယစုံစမ်းရေးမှူး အမျိုးသား(၃၇)ဦးနှင့် အမျိုးသမီး(၁၉)ဦး တို့တက်ရောက်လျက်ရှိပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းကျောင်း ပင်မရုံး၊ သင်တန်းသား(အမျိုးသမီး) အိပ်ဆောင်၊ သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ စားချက်ဆောင်နှင့် နည်းပြဧည့်ရိပ်သာ အဆောက်အဦတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားခြင်း