အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း သက်ကြီးပူဇော်ပွဲနှင့် သင်းလုံးကျွတ်အစည်းအဝေးကျင်းပ

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း(၁၉)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ဇန်နဝါရီလ(၂၀)ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး အလှူတော်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်၊ အဆိုပါအခမ်းအနားတွင် အသင်းဥက္ကဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိပုဂ္ဂိုလ်များက အသင်းရှေ့လုပ်ငန်းစဉ်၊ နှစ်ပတ်လည်သင်းလုံးကျွတ်အစီရင်ခံစာ နှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ရှင်းလင်းအတည်ပြုချက်ရယူခဲ့ကြသည်၊ ထို့နောက်အသက်(၇၅)နှစ် နှင့်အထက် ဝန်ထမ်းဟောင်း (၄၇)ဦးတို့အား ကန်တော့ခဲ့ကြပြီး လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများကို လက်ရောက်ပေးအပ်ခဲ့ကြပါသည်။