မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသော ပြည်တွင်းရေးအခြေအနေများကြောင့် မွတ်စလင်ဒုက္ခသည် ပြဿနာဖြေ ရှင်းရေးအတွက်ပိုမိုဆိုးရွားစေပြီး အမေရိကန်အစိုးရအနေဖြင့် ကူညီဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်ကတောင်းဆိုခဲ့မှု

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် ပြည်တွင်းရေးအခြေအနေ ရှုပ်ထွေးနေမှုများ ကြောင့် မွတ်စလင်ဒုက္ခသည်ပြဿနာဖြေရှင်းနိုင်ရေးအပေါ်ပိုမိုဆိုးရွားစေပြီး အမေရိကန်အစိုးရအနေဖြင့် မွတ်စလင်ဒုက္ခသည်အရေးဖြေရှင်းနိုင်ရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီသို့ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် ရှာဟီဒူဟိတ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် အမေရိ ကန်ပြည်ထောင်စုနိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ (USAID)အုပ်ချုပ်ရေးမှူး မက်ခ်ဂရင်းနှင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ မူဝါဒရေးရာသံအမတ်ကြီး ဒေးဗစ်ဟာလေတို့နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိ မွတ်စလင်ဒုက္ခသည်များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့နေရပ် ဒေသများသို့ လုံခြုံစိတ်ချစွာပြန်နိုင်ရေးသည် မြန်မာအစိုးရထံ၌ သာတာဝန်ရှိပြီး ကောင်းမွန်သောပတ် ဝန်းကျင် အခြေအနေများဖန်တီးပေးနိုင်ရေးအတွက် မြန်မာအာဏာပိုင်များမှ တာဝန်ယူလုပ်ဆောင် ပေးရမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော် ယခုအခါမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ် လျက်ရှိသော အခြေအနေများကြောင့် မွတ်စလင် ဒုက္ခသည်ပြဿနာဖြေရှင်းရေးနှင့်ပတ်သက်၍ ပိုမိုဆိုးရွား လာသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဝိုင်းဝန်းကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်ဟုသိရှိ ရကြောင်း၊ ထို့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်နှင့်အဖွဲ့သည် အမေရိကန်ထိပ်တန်းအရာရှိများ နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အရေးကိစ္စများကိုဆွေးနွေးခဲ့ကြရာ အသစ်ဖွဲ့စည်းခဲ့သော ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ နှင့်ပတ်သက်၍ ကောင်းမွန်သောအစိုးရအုပ်ချုပ်ရေးနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကိုဦးစားပေးလုပ် ဆောင်နေသည့် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ၏မူဝါဒရေးရာရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည် ဟုသိရှိရပါသည်။

အလားတူအမေရိကန်ပြည်ထောင်စုအနေဖြင့် ရရှိထားသောအစီရင်ခံစာများအရ မကြာသေးမီ ကာလအတွင်း၌ကျင်းပပြီးစီးခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်းဖြစ်ပွား ခဲ့သည့် ရွေးကောက်ပွဲမသမာမှုများ၊ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များအပေါ် နှောင့်ယှက်ခဲ့မှုများ၊ ခြိမ်းခြောက်ခဲ့မှုများအပါအဝင် အကြမ်းဖက်ခဲ့မှုများနှင့်ပတ်သက်၍ အမေရိကန်အစိုးရ ၏ စိုးရိမ်ပူပန်နေမှုများကိုထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြ ကြောင်း၊ ထို့ပြင် လွန်ခဲ့သည့်(၃)နှစ်ခန့်ကဖြစ်ပွားခဲ့သော ဒါကာမြို့တွင် USAID ဝန်ထမ်းတစ်ဦးအသတ်ခံ ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ အဓိကတရားခံအားဖော်ထုတ်ပြီး တရားဥပဒေအရထိရောက်စွာ အပြစ်ပေးနိုင် ရေးအတွက်  မက်ခ်ဂရင်းက ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့အား ဖိအားပေးပြောကြားခဲ့သည်ဟုသိရှိ ရကြောင်း၊ ထို့နောက်  အမေရိကန်အစိုးရတာဝန်ရှိသူများသည် မွတ်စလင်ဒုက္ခသည်များအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ကူညီဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား ချီးကျူး ခဲ့ပြီးမွတ်စလင်ဒုက္ခသည်အရေးအဖြေရှင်းနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့သည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.dailystar.net