ထိုင်းနိုင်ငံ၌ နိုင်ငံပေါင်း(၂၉)နိုင်ငံပါဝင်သော ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို လာမည့် ဖေဖော်ဝါရီလ၌ ပြုလုပ်သွားရန်စီစဉ်ထားမှု

ထိုင်းနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုကို လာမည့်ဖေဖော်ဝါရီ လ (၁၂) ရက်မှ (၂၂) ရက်အထိ (၁၁)ရက်ကြာပြုလုပ်သွားမည်ဟု သိရှိရကြောင်း၊ လာမည့်ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် စတင်ပြုလုပ်မည့်နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု သည် (၃၈) ကြိမ်မြောက်စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အမေရိကန်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့အပါအဝင်နိုင်ငံပေါင်း (၂၉) နိုင်ငံတို့ပါဝင်လေ့ကျင့်ကြမည်ဖြစ် ကြောင်း၊ တရုတ်နှင့် အိန္ဒိယစစ်သည်များသည်လည်း ပြည်သူ့အထောက်အကူပြု ထပ်တိုးလေ့ကျင့်မှု များတွင် ပါဝင်လုပ်ဆောင်ကြမည်ဖြစ်ပြီး အင်အားပြန်လည်ဖြည့်တင်းရေး (စစ်ကူ) လေ့ကျင့်ရေးဆောင် ရွက်မှုများတွင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ မွန်ဂိုလီးယား၊ နီပေါ၊    နယူးဇီလန်၊ ဖိလစ်ပိုင်နှင့် ဖီဂျီနိုင်ငံတို့လည်း ပါဝင်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင် ‘လေ့လာသူ’ သို့မဟုတ် အဖွဲ့ဝင် (COLT)ဟု အမည်ပေးထားသော လေ့ကျင့်မှုများတွင် ကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မြန်မာ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အစ္စရေး၊ ဂျာမနီ၊ ဆွီဒင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့ကလည်း ပါဝင်လေ့ကျင့်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ်ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရာတွင်ပေါ့စားလေ့ကျင့်မှုများကိုအသားပေးလေ့ကျင့် သွားရန်စီစဉ်ထားပြီး တပ်မတော်တစ်ရပ်အနေဖြင့် လေ့ကျင့်ရေးအစီအစဉ်များ၊ ပြည်သူ့အထောက် အကူပြုအစီအစဉ်များ၊ ကွင်းဆင်းလေ့ကျင့်မှုများနှင့် အခြားဖြည့်စွက်လုပ်ဆောင်မှုများကို မည်သို့မည်ပုံ စီမံဆောင်ရွက်သင့်သည်ဟူသောနည်းလမ်းများကို တပ်မတော်အကြီးအကဲများအား အဓိကထားသင် ကြားပေးသွားမည်ဖြစ်ကြောင်း၊ ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု အဆင်ပြေချောမွေ့စေရန်အတွက် လေ့ကျင့်မှု တွင် ပါဝင်မည့်စစ်သည်များအား ထိုင်းနိုင်ငံ၊ အထက်အလယ်ပိုင်းပိသနုလောက်ပြည်နယ်၊ မြောင်ခရိုင် ရှိ ဆွမ်ဒတ်ဖရာ အီကာသိုတာဆရော့တ် (Somdet Phra Ekathotsarot) စစ်စခန်း၌ နေရာချထားမည် ဖြစ်ကြောင်းသိရှိရပါသည်။

ရည်ညွှန်း www.bangkokpost.com