တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

၁၄။ စုံစမ်းစစ်ဆေးခြင်းခံရသူသည်-

  • (က) မိမိပိုင်ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဥ်း၍ အဖွဲ့က စုံစမ်းစစ်ဆေးနေသည့်ကာလအတွင်း ယင်းပစ္စည်းကို ရောင်းချခြင်း၊ တစ်နည်းနည်း ဖြင့် လွှဲပြောင်းခြင်းမပြုရ၊
  • (ခ) လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိအားပြန်လည်အပ်နံှထားသည့် ပစ္စည်းတစ်ရပ်ရပ် ကို ဖျက်ဆီးခြင်းသို့မဟုတ် ပျက်စီးစေရန်ရည်ရွယ်၍ပြုလုပ်ခြင်းမပြုရ။

၁၅။ စုံစမ်းစစ်ဆေးခြင်းခံရသူသည် ပုဒ်မ ၁၄ ပုဒ်မခွဲ(က)သို့မဟုတ် ပုဒ်မခွဲ (ခ)ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ် မှ အများဆုံး ထောင်ဒဏ် တစ်ဆယ်နှစ် အထိကျခံရမည်။