ထိုင်းနိုင်ငံထုတ် Thai P.B.S သတင်းစာ၌ “ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နောက်ကွယ်မှထိန်းချုပ်ထားသော ဖေ့ထိုင်းပါတီသည် မဲဆန္ဒများပေါ်မူတည်၍ အခြားပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီနှင့် ပချာရတ်ပါတီတို့အနက် ပါတီ(၁)ခုနှင့်ပူးပေါင်း၍ အစိုးရအဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်ထားကြောင်း” ဖော်ပြခဲ့မှု

ထိုင်းနိုင်ငံ၏ ၂၀၁၉ ခုနှစ်၊ မတ်လ(၂၂) ရက်ထုတ် Thai P.B.S သတင်းစာ၌ “ထိုင်းနိုင်ငံတွင် အရပ်သားအစိုးရ တင်မြှောက်ရန်အတွက် ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ(၂၄) ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲတွင် ပါဝင်သည့် ရွေးချယ်ခံပါတီအသီးသီးသည် မတ်လ (၂၂) ရက် ၁၆ ၀၀ အချိန်၌ နယ်လှည့်မဲဆွယ်စည်းရုံးခြင်းကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း၊ သို့သော် မတ်လ (၂၂) ရက် ၁၇ ၀၀ အချိန်တွင် ရွေးချယ်ခံပါတီကြီးများဖြစ်သော ဒီမိုကရက်တစ်ပါတီ၊ ဖေ့ထိုင်းပါတီ၊ ပချာရတ်ပါတီနှင့် အနာဂွတ်ဖိုင်ပါတီများမှ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းထားသောပုဂ္ဂိုလ်နှင့် ပါတီအဖွဲ့ဝင်များမှ မိမိတို့ပါတီအစိုးရတာဝန်ထမ်းဆောင်ရပါက နိုင်ငံနှင့် ပြည်သူလူထုအပေါ်ထားရှိမည့် မူဝါဒများကို ဗဟိုရွေးကောက်ပွဲကော်မတီအဖွဲ့မှ သတ်မှတ်ပေးထားသည့် ဘန်ကောက်မြို့ရှိ ဟောပြောရမည့်နယ်မြေအသီးသီးတွင် ဟောပြောရမည်ဖြစ်ကြောင်း၊ ထူးခြားချက်တစ်ခုအနေဖြင့် ယခုရွေးကောက်ပွဲတွင်ပါဝင်သည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ် နောက်ကွယ်မှ ထိန်းချုပ်ထားသော ဖေ့ထိုင်းပါတီသည် ရွေးကောက်ပွဲတွင်ရရှိသည့် မဲဆန္ဒများအပေါ်မူတည်၍ အခြားပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီနှင့်ပချာရတ်ပါတီ (၂) ပါတီတို့အနက် ပါတီ (၁) ခုနှင့် ပူးပေါင်း ၍ အစိုးရအဖွဲ့ ဖွဲ့စည်းရန်ပြင်ဆင်ထားကြောင်း” ဖြင့် ဖော်ပြပါရှိကြောင်း သိရှိရပါသည်။