ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိသော်လည်း (လတာ ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည့် အိန္ဒိယဆန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းပြီး ထိုင်းဆန်ဈေးနှုန်းမှာမူ အမေရိကန်ဒေါ်လာ (၁၀ဒေါ်လာခန့်မြင့်တက်ခဲ့မှု

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အိန္ဒိယ (၅) မှတ်ပေါင်းဆန်ဈေးနှုန်းမှာ (၇) လတာ ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သော်လည်း အိန္ဒိယရူပီးငွေတန်ဖိုးအားကောင်းလာခြင်းကို အကြောင်းပြု၍ ဆန်ပို့ကုန်ဈေးနှုန်းမြင့်တက်လာချိန်၌ ပြည်တွင်းပြည်ပဆန်ကုန်သည်များသည် ဈေးနှုန်းပြန်လည်ကျဆင်းမည့် အချိန်ကိုစောင့်ဆိုင်းကာ ဆန်ဝယ်ယူမှုများ ရပ်ဆိုင်းထားကြသည့်အတွက် ယခုရက်သတ္တပတ်တွင်မူ အိန္ဒိယ (၅) မှတ်ပေါင်းဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၂) ဒေါ်လာကျဆင်းခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၉၀) နှင့်အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၉၃) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်ဈေးနှုန်များကျဆင်းခဲ့သော်လည်း ထိုင်းနိုင်ငံ၌မူ လွန်ခဲ့သည့်ရက်သတ္တပတ်တွင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၀-၃၉၃) ၌ဖြစ်ပေါ်ခဲ့သော ထိုင်း(၅) မှတ်ဆန်​ဈေးနှုန်းမှာ ဈေးသက်သာသည့်အနေအထားသို့ရောက်ရှိခဲ့ခြင်းဖြစ်ရာ ထိုင်းဆန်ကုန်သည်များသည် ပြည်တွင်း၌ ဆန်ဝယ်ယူမှုများစွာပြုလုပ်လာကြသည့်အတွက် ယခုရက်သတ္တပတ်အတွင်း ထိုင်း(၅) မှတ်ဆန် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၁၀)ဒေါ်လာခန့်မြင့်တက်ခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန် ဒေါ်လာ(၄၀၀)နှင့် အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ(၄၀၄)ဒေါ်လာအကြားသို့ မြင့်တက်ရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ဆန်ကုန်သည်များနှင့်ဗီယက်နမ်ဆန်ကုန်သည်များသည် ယခုရက်ပိုင်းတွင်း ဗီယက်နမ်နိုင်ငံ၌တွေ့ဆုံမှုများရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသည်လည်း ဗီယက်နမ်နိုင်ငံထံမှ ဆန်ဝယ်ယူရန် အရောင်းအဝယ်သဘောတူညီမှုများ ရယူထားသော်လည်း ချက်ချင်းလက်ငင်းဝယ်ယူခြင်းမရှိသေးသောကြောင့် ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ် (၅) မှတ်ဆန်ဈေးနှုန်းမှာ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းအတိုင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀) ဒေါ်လာ၌သာ ဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဗီယက်နမ်ဆန်ဈေးနှုန်းမှာ အဆိုပါဈေးနှုန်း၌ ရက်သတ္တပတ် (၃) ပတ် ဆက်တိုက်ဖြစ်ပေါ်လျက်ရှိခြင်းဖြစ်သည်ဟု www.reuters.com တွင်ဖော်ပြပါရှိပါသည်။