ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရမည့်အခြေအနေနှင့် နီးကပ်လာသော ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရမည့်အခြေအနေနှင့် နီးကပ်လာသော ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်မည့် သတ်မှတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှာ နောက်ဆုတ် ရွှေ့ဆိုင်းခဲ့သော်လည်း ယခုအခါ no-deal Brexit ဖြင့် နုတ်ထွက်ရတော့မည့် အခြေအနေမျိုးသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဗြိတိန်စတာလင်ပေါင် တန်ဖိုးမှာကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

ဥရောပသမဂ္ဂ (EU) သည် ဗြိတိန်မှခွဲထွက်မည့် ရက်သတ်မှတ်ချက်အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက် (သို့မဟုတ်) မေလ(၂၂) ရက်နေ့အထိ နောက်ဆုတ်ရွှေ့ဆိုင်းပေးခဲ့ပြီးနောက် ဝန်ကြီးချုပ် ထရီဇာမေ၏ ဗြိတိန်ခွဲထွက်ရေးမူကြမ်းအား ၂၀၁၉ ခုနှစ်၊ မတ်လ(၂၉)ရက် (သောကြာနေ့) တွင် ဗြိတိန်ပါလီမန်၌ ထပ်မံမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ(၂၈၆) မဲသာရှိခဲ့ပြီး ကန့်ကွက်မဲမှာမူ (၃၄၄) မဲ ရှိခဲ့သည့်အတွက် ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းမှာ ကန့်ကွက်မဲ (၅၈) မဲအသာဖြင့် တတိယအကြိမ်ရှုံးနိမ့်ခဲ့ရကြောင်း၊ဝန်ကြီးချုပ်ထရီဇာမေ၏ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန် ကထောက်ခံခြင်းမရှိပါက လာမည့်ဧပြီလ (၁၂) ရက်နေ့တွင် အပြီးအပြတ်နုတ်ထွက်ရမည်ဟု EU ကနောက်ဆုတ်ခွင့်ပြုပေးခဲ့သည့်အတိုင်း ဗြိတိန်နိုင်ငံသည် ယခုအခါ EU မှ ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရန် ပိုမိုနီးစပ်လာသည့် အခြေအနေမျိုးသို့ရောက်ရှိလာခဲ့ရာ ဗြိတိန်နိုင်ငံ၏ စီးပွားရေးနှောင့်နှေးမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ဗြိတိန်စတာလင်ပေါင်တန်ဖိုး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်(သောကြာနေ့) ညနေပိုင်းဈေးကွက်ပိတ်ချိန်တွင် ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၂% ကျဆင်းခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၀၂၄) ဒေါ်လာလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဗြိတိန်စတာလင်ပေါင် တန်ဖိုးသည် ယခုမတ်လအတွင်း ၁.၉% ကျဆင်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း www.reuters. com  တွင်ဖော်ပြပါရှိပါသည်။

ထိုင်းတရားရုံးချုပ်၏ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသောနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား တော်ဝင်အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ထားမှုကို ပြန်လည်ရုတ်သိမ်းသည့် တော်ဝင်အမိန့်ပြန်တမ်းအား ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်ကထုတ်ပြန် ကြေညာခဲ့မှု

ထိုင်းတရားရုံးချုပ်၏ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ​သောနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား တော်ဝင်အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ထားမှုကို ပြန်လည်ရုတ်သိမ်းသည့် တော်ဝင်အမိန့်ပြန်တမ်းအား ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်က ထုတ်ပြန်ကြေညာခဲ့မှု

ထိုင်းနိုင်ငံ၌ မြေယာဝယ်ယူရေးကိစ္စနှင့်ပတ်သက်၍ ထိုင်းတရားရုံးချုပ်မှ အကျင့်ပျက်ခြစားမှုအက်ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့်အပြင် အခြားသောစွဲချက်များနှင့်လည်းရင်ဆိုင်ရလျက်ရှိပြီး ထိုင်းနိုင်ငံအတွင်းမှထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား တော်ဝင်အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ထားမှုအပေါ် ပြန်လည်ရုတ်သိမ်းသည့် တော်ဝင်အမိန့် ပြန်တမ်းတစ်စောင်အား ၂၀၁၉ခုနှစ်၊ မတ်လ (၃၀) ရက်(စနေနေ့) တွင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါတော်ဝင်အမိန့်ပြန်တမ်းအား ထိုင်းနိုင်ငံ၏ ၂၀၁၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၉) နှင့် ထိုင်းဘုရင့်တော်ဝင်လုပ်ပိုင်ခွင့်အာဏာများအရ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးရာထူးရာခံရှိသူများအပေါ် ထောင်ဒဏ်ချမှတ်နိုင်သည့် ထိုင်းတရားရုံးချုပ်၏ပြစ်မှုဆိုင်ရာဌာနမှ အပြီးသတ် စီရင်ချက်အမိန့်အား ချမှတ်ခံထားရကာ အခြားသောစွဲချက်များနှင့်လည်း ရင်ဆိုင်ရလျက် ရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် တရားရင်ဆိုင်ခြင်းမရှိဘဲ နိုင်ငံအတွင်းမှထွက်ပြေးတိမ်းရှောင်လျက်ရှိသည့်အတွက် အဆိုပါလုပ်ရပ်မှာ လုံးဝမသင့်လျော်သည့် လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ထိုင်းဘုရင်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်အား ပေးအပ်ချီးမြှင့်ထားသည့်တော်ဝင် အဆောင်အယောင်များအား ယခုကဲ့သို့ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ခုနှစ်၊အောက်တိုဘာလ (၂၁) ရက်တွင် ရက်ချာဒါဖီဆာ့မြေယာဝယ်ယူမှုကိစ္စနှင့် ပတ်သက်၍ အမျိုးသားအကျင့်ပျက်ခြစားမှု အက်ဥပဒေချိုးဖောက်မှုဖြင့် ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား ထောင်ဒဏ်(၂) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ထို့ပြင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာအစိုးရအားငွေကြေးချေးငှားခဲ့ခြင်းအပါအဝင် ဆက်သွယ်ရေးကဏ္ဍမှရရှိသောငွေကြေးများအား အခွန်အဖြစ်ပြောင်းလဲခဲ့မှု၊ ခရမ်ထိုင်းဘဏ်၏ချေးငွေကိစ္စနှင့် အွန်လိုင်းထီလုပ်ငန်းလုပ်ဆောင်ရန် ကြိုးပမ်းမှုအစရှိသည့် စွဲချက် (၄) ချက်နှင့် လည်းရင်ဆိုင်ရလျက် ရှိကြောင်း၊ ထို့ပြင်လွန်ခဲ့သည့်ရက်ပိုင်းအတွင်း၌လည်း ထိုင်းတပ်မတော်အကယ်ဒမီကျောင်းသားဟောင်းများဘုတ်အဖွဲ့သည် သက်ဆင်အား ပေးအပ်ချီးမြှင့်ထားသည့် ထူးချွန်ကျောင်းသားဟောင်းဆုကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု သိရှိရပါသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကျင်းပခဲ့သည့်ထိုင်းရွေးကောက်ပွဲအတွင်း အဓိကအတိုက် အခံပါတီကြီးဖြစ်သော သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီ၏ အမတ်နေရာစာရင်းရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထိုင်းဘုရင်၏ တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ဓလေ့ထုံးတမ်းအစဉ်အလာအရ ထိုင်းပြည်သူများသည် စည်းမျဉ်းခံဘုရင်စနစ်အပေါ် အကြွင်းမဲ့ယုံကြည်လေးစားရသည်ဖြစ်ရာ ထိုသို့ သက်ဆင်၏ တော်ဝင်အဆောင်အယောင်များအား လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းခံရခြင်းသည် သက်ဆင်အပေါ်၌သာမက ၎င်းအားထောက်ခံသည့် ပွေထိုင်းပါတီအပေါ်၌လည်း ထောက်ခံသူထိုင်းပြည်သူ၏ ယုံကြည်မှုကိုပါ လျော့နည်းကျဆင်းစေနိုင် ကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။

၂၀၁၈ ခုနှစ်၊ စတုတ္ထ(၃)လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် တရုတ်ယွမ်ငွေ ပါဝင်မှုပမာဏ မြင့်တက်ခဲ့မှု

၂၀၁၈ ခုနှစ်၊ စတုတ္ထ()လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် တရုတ်ယွမ်ငွေ ပါဝင်မှုပမာဏ မြင့်တက်ခဲ့မှု

၂၀၁၈ခုနှစ်၊ စတုတ္ထ(၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း၌တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေအဖြစ်ထားရှိမှုပမာဏမှာ မြင့်တက်ခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်(သောကြာနေ့) တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်၊ စတုတ္ထ (၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း၌ တရုတ် ယွမ်ငွေအား နိုင်ငံခြားအရန်ငွေအဖြစ်ထားရှိမှုပမာဏမှာ ၁.၈၉% ခန့်အထိ မြင့်တက်ခဲ့ပြီး တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ်ထားရှိမှုမှာ တန်ဖိုးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ (၂၀၂.၇၉) ဘီလီယံခန့်သို့ ရောက်ရှိလာခဲ့ရာ ကမ္ဘာပေါ်၌ နိုင်ငံခြားအရန်ငွေကြေးအဆင့် (၅) နေရာ၌ ရပ်တည်လျက်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ်ထားရှိမှု ယခုကဲ့သို့ မြင့်တက်လာရခြင်းမှာ ၂၀၁၆ ခုနှစ်တွင် တရုတ်ယွမ်ငွေအား နိုင်ငံတကာသုံးငွေကြေးအဖြစ် IMF က အသိအမှတ် ပြုခဲ့ပြီးနောက်ပိုင်း၌ ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များသည် တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ် စုဆောင်းလာခြင်း၊  အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုလျှော့ချကြခြင်းနှင့် အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချခြင်းတို့ကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်ဟု သိရှိရပါသည်။

၂၀၁၈ ခုနှစ်၊ စတုတ္ထ(၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေး စုဆောင်းထားရှိမှု ပမာဏမှာ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၀.၇၃) ထရီလီယံခန့် ရှိပြီး အဆိုပါပမာဏ၌ အမေရိကန်ဒေါ်လာပါဝင်မှုပမာဏမှာ ၆၁.၆၉%(ပထမ)၊ ယူရိုငွေပါဝင်မှုမှာ ၂၀.၆၉% (ဒုတိယ)၊ ဂျပန်ယန်းငွေပါဝင်မှု မှာ ၅.၂၀% (တတိယ)၊ ဗြိတိန်စတာလင်ပေါင်ပါဝင်မှုမှာ ၄.၄၃%(စတုတ္ထ) နှင့် တရုတ်ယွမ်ငွေပါဝင်မှုမှာ ၁.၈၉% (ပဉ္စမ) စသည်ဖြင့် အသီးသီးပါဝင်လျက်ရှိ သည်ဟု သိရှိရကြောင်း www.xinhuanet.com တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာထွက်ပေါ် ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှု

အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာထွက်ပေါ် ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှု

၂၀၁၉ခုနှစ်၊ မတ်လ(၂၉) ရက်တွင် အမေရိကန်ပြည်ထောင်စုကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်သည့် အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ပြည်သူများ၏ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ငွေကြေးသုံးစွဲနိုင်မှုပမာဏမှာ ၀.၆% ကျဆင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင်မူ ၀.၁% မြင့်တက်ခဲ့ကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေပမာဏမှာလည်း ၀.၂% မြင့်တက်ခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်နေခြင်းကြောင့်သာ အမေရိကန်ပြည်သူ များ၏ ဝင်ငွေတိုးတက်လာပြီးငွေကြေးသုံးစွဲနိုင်မှု မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟူသော ခန့်မှန်းချက် များနှင့်အတူ  ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင်လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု၌ အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းခံသူ ဦးရေပမာဏမှာ (၅၀၀၀) ဦးလျော့ကျသွားခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းသည်လည်းကောင်း၊ ဗြိတိန်နိုင်ငံသည်  ဥရောပသမဂ္ဂမှ no-deal Brexit ဖြင့် နုတ်ထွက်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေခြင်းကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုး ကျဆင်းခဲ့ခြင်းသည်လည်းကောင်း အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်စေသည့် အခြားသောအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၃၀) ရက်(စနေနေ့) တွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန် ဒေါ်လာတန်ဖိုးမှာ ၀.၀၉% မြင့်တက်ခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၀၀၃) ဒေါ်လာလဲလှယ်မှုနှုန်း၊တစ်ယူရိုလျှင်အမေရိကန်ဒေါ်လာ (၁.၁၂၁၄) ဒေါ်လာလဲလှယ်မှုနှုန်း၊အမေရိကန် တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ (၁၁၀.၈၂) ယန်းလဲလှယ်မှုနှုန်းနှင့် တရုတ်ယွမ်ငွေ (၆.၇၃၃၅) ယွမ် လဲလှယ်မှုနှုန်းများဖြင့် အသီးသီးဈေးပိတ်သွားခဲ့ကြောင်း www.xinhuanet.com တွင် ဖော်ပြပါရှိ ပါသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရမည့်အခြေအနေနှင့် နီးကပ်လာသော ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရမည့်အခြေအနေနှင့် နီးကပ်လာသော ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်မည့် သတ်မှတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှာ နောက်ဆုတ်ရွှေ့ဆိုင်းခဲ့သော်လည်း ယခုအခါ no-deal Brexit ဖြင့် နုတ်ထွက်ရတော့မည့် အခြေအနေမျိုးသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဗြိတိန်စတာလင်ပေါင် တန်ဖိုးမှာကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

ဥရောပသမဂ္ဂ (EU) သည် ဗြိတိန်မှခွဲထွက်မည့် ရက်သတ်မှတ်ချက်အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက် (သို့မဟုတ်) မေလ(၂၂) ရက်နေ့အထိ နောက်ဆုတ်ရွှေ့ဆိုင်းပေးခဲ့ပြီးနောက် ဝန်ကြီးချုပ် ထရီဇာမေ၏ ဗြိတိန်ခွဲထွက်ရေး မူကြမ်းအား ၂၀၁၉ ခုနှစ်၊ မတ်လ(၂၉)ရက် (သောကြာနေ့) တွင် ဗြိတိန်ပါလီမန်၌ ထပ်မံမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ (၂၈၆) မဲသာရှိခဲ့ပြီး ကန့်ကွက်မဲမှာမူ (၃၄၄) မဲ ရှိခဲ့သည့်အတွက် ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းမှာ ကန့်ကွက်မဲ (၅၈) မဲအသာဖြင့် တတိယအကြိမ်ရှုံးနိမ့်ခဲ့ရကြောင်း၊ဝန်ကြီးချုပ်ထရီဇာမေ၏ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန် ကထောက်ခံခြင်းမရှိပါက လာမည့်ဧပြီလ (၁၂) ရက်နေ့တွင် အပြီးအပြတ်နုတ်ထွက်ရမည်ဟု EU ကနောက်ဆုတ်ခွင့်ပြုပေးခဲ့သည့်အတိုင်း ဗြိတိန်နိုင်ငံသည် ယခုအခါ EU မှ ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရန် ပိုမိုနီးစပ်လာသည့် အခြေအနေမျိုးသို့ရောက်ရှိလာခဲ့ရာ ဗြိတိန်နိုင်ငံ၏ စီးပွားရေးနှောင့်နှေးမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ဗြိတိန်စတာလင်ပေါင်တန်ဖိုး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်(သောကြာနေ့) ညနေပိုင်းဈေးကွက်ပိတ်ချိန်တွင် ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၂% ကျဆင်းခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၀၂၄) ဒေါ်လာလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဗြိတိန်စတာလင်ပေါင် တန်ဖိုးသည် ယခုမတ်လအတွင်း ၁.၉% ကျဆင်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း www.reuters. com  တွင်ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံ၊ TV 7 ရုပ်သံသတင်းဌာနမှ “ထိုင်းနိုင်ငံတွင် နေ့အပူချိန်များ တိုးမြင့်လာသောကြောင့် ထိုင်းနိုင်ငံရှိ ခရိုင်အချို့၌ ဆည်ရေလှောင်ကန်များအတွင်း ယခင်နှစ်များထက်များစွာ လျော့နည်း ခမ်းခြောက်လျက်ရှိပြီး စိုက်ပျိုးရေးနှင့်ရေသုံးစွဲမှု အခက်အခဲများကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ထိုင်းပြည်သူများက တောင်းဆိုလျက်ရှိကြောင်း” ထုတ်လွှင့်သွားမှု

ထိုင်းနိုင်ငံ၊ TV 7 ရုပ်သံသတင်းဌာနမှ “ထိုင်းနိုင်ငံတွင် နေ့အပူချိန်များ တိုးမြင့်လာသောကြောင့် ထိုင်းနိုင်ငံရှိ ခရိုင်အချို့၌ ဆည်ရေလှောင်ကန်များအတွင်း ယခင်နှစ်များထက်များစွာ လျော့နည်း ခမ်းခြောက်လျက်ရှိပြီး စိုက်ပျိုးရေးနှင့်ရေသုံးစွဲမှု အခက်အခဲများကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ထိုင်းပြည်သူများက တောင်းဆိုလျက်ရှိကြောင်း” ထုတ်လွှင့်သွားမှု

ထိုင်းနိုင်ငံ၊ TV 7 ရုပ်သံသတင်းဌာနမှ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက် ထိုင်းစံတော်ချိန် ၁၀ ၃၀ အချိန်တွင် “ထိုင်းနိုင်ငံတွင် သဘာဝဘေးဒဏ်တစ်ခုဖြစ်သည့် အပူလွန်ကဲခြင်းပြဿနာများ  စတင်ကြုံတွေ့နေရကြောင်း၊ နေ့စဉ်နေ့အပူချိန်များတိုးမြင့်လာသောကြောင့် ထိုင်းနိုင်ငံရှိ ခရိုင်အချို့၌ ဆည်ရေလှောင်ကန်များအတွင်း ယခင်နှစ်များထက်များစွာလျော့နည်း ခမ်းခြောက်လျက်ရှိပြီး ဆည်ရေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့်ပြည်သူလူထုအနေဖြင့် အခက်အခဲများတွေ့ကြုံနေရကြောင်း၊အလားတူ နေ့စဉ်အသုံးပြုရန်အတွက် ရေလုံလောက်မှုအခြေအနေမှာလည်း လျော့နည်းလာသည့်အတွက် အခက်အခဲများဖြစ်ပေါ်လာကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းဖငါန်းခရိုင်၌ သောက်သုံးရေရှားပါးလာခြင်းကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေသယ်ယာဉ်များဖြင့် လိုက်လံဖြန့်ဝေပေးနေရကြောင်းနှင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းဒေသများတွင် သောက်သုံးရေ နှင့် စိုက်ပျိုးရေရှားပါးမှု ပြဿနာများကြုံတွေ့နေရသောကြောင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးနိုင်ရန် ထိုင်းပြည်သူများက တောင်းဆိုလျက်ရှိကြောင်း” ဖြင့် ထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသော ပွေထိုင်းပါတီသည် Future Forward ပါတီ ခေါင်းဆောင်သာနက်သွန်အား ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းရန်စီစဉ်လျက်ရှိမှု

ဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသော ပွေထိုင်းပါတီသည် Future Forward ပါတီ ခေါင်းဆောင်သာနက်သွန်အား ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းရန်စီစဉ်လျက်ရှိမှု

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အားထောက်ခံသော ပွေထိုင်းပါတီအနေဖြင့် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိခဲ့မည်ဆိုပါက ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်ရေးအတွက် ဝန်ကြီးချုပ်လောင်း အမည်စာရင်းတင်သွင်းရန် ကမ်းလှမ်းခဲ့သည်ဟု Future Forward ပါတီခေါင်းဆောင်လူငယ် နိုင်ငံရေး သမားဖြစ်သူ သာနက်သွန်ဂျန်ရွန်ရန်ကစ်က ယခုရက်ပိုင်းအတွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သာနက်သွန်ဂျန်ရွန်ရန်ကစ် (အသက်၄၁နှစ်) က ယခုရက်ပိုင်း ထုတ်လွှင့်ပြသခဲ့သည့် ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Thai Rath TV အစီအစဉ်မှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ်အဖြစ်သာ တာဝန်ထမ်းဆောင်လိုသည့် ပွေထိုင်းပါတီဥက္ကဌဖြစ်သူ ခွန်ရင်းဆူဒါ ရက်ကီရာဖန်မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ သာနက်သွန်ဂျန်ရွန်ရန်ကစ်အနေဖြင့် ဝန်ကြီးချုပ်နေရာအားရယူလို၍ ပွေထိုင်းပါတီနှင့် ယခုကဲ့သို့ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ပူးပေါင်းခဲ့ခြင်းမဟုတ်သည့်အတွက် ကမ်းလှမ်းလာမှုအပေါ် လတ်တလော၌ စဉ်းစားလျက်ရှိကြောင်း၊ အဆိုပါကမ်းလှမ်းမှုသည် ပွေထိုင်းပါတီ၏ မဲဆန္ဒနယ်အမတ်နေရာအများအပြားရရှိထားသောပဏာမရလဒ် ထွက်ပေါ်အပြီးတွင် ပွေထိုင်းပါတီမှ ယခုကဲ့သို့ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပွေထိုင်းပါတီသည် ဝန်ကြီးချုပ်နေရာအတွက် အရန်အဖြစ်အမည်စာရင်း (၃) ခုအားတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့ထားသည့် ဝန်ကြီးချုပ်နေရာအတွက် အမည်စာရင်းတွင် ဒုတိယမြောက်အမည်စာရင်း၌ ပွေထိုင်းပါတီဥက္ကဌ ခွန်ရင်းဆူဒါရက်ကီရာဖန်နှင့် တတိယမြောက်အမည်စာရင်း၌ ပွေထိုင်းပါတီဝင်ချိုင်ကာဆမ်နစ်တီဆီရီတို့ဖြစ်ပြီး အခြားတစ်ဦးမှာ ပွေထိုင်းပါတီမှ ချာချတ်ဆစ်တီပွန့်အားအရန်အဖြစ် တင်သွင်းထားသည်ဟု သိရှိရပါသည်။

အလားတူပွေထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် Future Forward အပါအဝင် နိုင်ငံရေးပါတီ (၇) ခုတို့နှင့်ပူးပေါင်းသွားမည်ဟု ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာထားကြောင်း၊ လတ်တလောအခြေအနေ၌ ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ပါတီအားအစွဲပြုသည့် ပဏာမ အမတ်ဦးရေစာရင်းအား ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း မဲဆန္ဒနယ်အားအစွဲပြုသည့် ပဏာမအမတ်ဦးရေစာရင်း၌ ပွေထိုင်းပါတီမှ အမတ်နေရာ (၁၃၇) နေရာဖြင့် ဦးဆောင်လျက်ရှိသည်ဟု သိရှိရပါသည်။

သို့သော် ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲအရေအတွက် ၁၀၀% အား ရေတွက် ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ (၂၈) ရက်တွင် မဲအရေအတွက်ပဏာမရလဒ်စာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာ ပယ်လန်းပရာချာရက်ပါတီ (PPRP) မှ ဆန္ဒမဲအရေအတွက် (၈.၄) သန်းဖြင့်ဦးဆောင်ခဲ့ပြီး ပွေထိုင်းပါတီမှ (၇.၉) သန်းရရှိခဲ့ကြောင်း၊ အဆိုပါပမာဏအရ မူလဆန္ဒမဲအရေအတွက်၏ ၉၄%  အားရေတွက်ထားသည့် ရလဒ်ထက် PPRP ပါတီ၏မဲအရေအတွက်မှာ ပိုမိုများပြားခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်အရေအတွက်မှာ (၃၈.၃) သန်းရှိကာ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားမှု (၁၈၆) မှုအထိရှိခဲ့ကြောင်း၊ အဆိုပါ ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထွက်ပေါ်ပြီး နောက်တွင် မဲအရေအတွက်အသာစီးရရှိထားသည့် PPRP ပါတီသည် တိုင်ကြားချက်များနှင့် ပတ်သက်၍ ကြားနာမှုအခြေအနေအား စောင့်ကြည့်သွားမည်ဖြစ်ကာ အဆိုပါထုတ်ပြန်ထားသည့် အမတ်အရေအတွက်နှင့်ပတ်သက်၍ အချိန်မရွေးပြောင်းလဲသွားနိုင်သည့်အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရာ၌ ပွေထိုင်းပါတီနှင့်အပြိုင် အဆောတလျင်လုပ်ဆောင်သွားမည်မဟုတ်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်းဖြင့် www.bangkokpost.com တွင်ဖော်ပြပါရှိပါသည်။

ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိသော်လည်း (၇) လတာ ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည့် အိန္ဒိယဆန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းပြီး ထိုင်း ဆန်ဈေးနှုန်းမှာမူ အမေရိကန်ဒေါ်လာ(၁၀)ဒေါ်လာခန့်မြင့်တက်ခဲ့မှု

ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိသော်လည်း (လတာ ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည့် အိန္ဒိယဆန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းပြီး ထိုင်းဆန်ဈေးနှုန်းမှာမူ အမေရိကန်ဒေါ်လာ (၁၀ဒေါ်လာခန့်မြင့်တက်ခဲ့မှု

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အိန္ဒိယ (၅) မှတ်ပေါင်းဆန်ဈေးနှုန်းမှာ (၇) လတာ ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သော်လည်း အိန္ဒိယရူပီးငွေတန်ဖိုးအားကောင်းလာခြင်းကို အကြောင်းပြု၍ ဆန်ပို့ကုန်ဈေးနှုန်းမြင့်တက်လာချိန်၌ ပြည်တွင်းပြည်ပဆန်ကုန်သည်များသည် ဈေးနှုန်းပြန်လည်ကျဆင်းမည့် အချိန်ကိုစောင့်ဆိုင်းကာ ဆန်ဝယ်ယူမှုများ ရပ်ဆိုင်းထားကြသည့်အတွက် ယခုရက်သတ္တပတ်တွင်မူ အိန္ဒိယ (၅) မှတ်ပေါင်းဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၂) ဒေါ်လာကျဆင်းခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၉၀) နှင့်အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၉၃) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်ဈေးနှုန်များကျဆင်းခဲ့သော်လည်း ထိုင်းနိုင်ငံ၌မူ လွန်ခဲ့သည့်ရက်သတ္တပတ်တွင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၀-၃၉၃) ၌ဖြစ်ပေါ်ခဲ့သော ထိုင်း(၅) မှတ်ဆန်​ဈေးနှုန်းမှာ ဈေးသက်သာသည့်အနေအထားသို့ရောက်ရှိခဲ့ခြင်းဖြစ်ရာ ထိုင်းဆန်ကုန်သည်များသည် ပြည်တွင်း၌ ဆန်ဝယ်ယူမှုများစွာပြုလုပ်လာကြသည့်အတွက် ယခုရက်သတ္တပတ်အတွင်း ထိုင်း(၅) မှတ်ဆန် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၁၀)ဒေါ်လာခန့်မြင့်တက်ခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန် ဒေါ်လာ(၄၀၀)နှင့် အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ(၄၀၄)ဒေါ်လာအကြားသို့ မြင့်တက်ရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ဆန်ကုန်သည်များနှင့်ဗီယက်နမ်ဆန်ကုန်သည်များသည် ယခုရက်ပိုင်းတွင်း ဗီယက်နမ်နိုင်ငံ၌တွေ့ဆုံမှုများရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသည်လည်း ဗီယက်နမ်နိုင်ငံထံမှ ဆန်ဝယ်ယူရန် အရောင်းအဝယ်သဘောတူညီမှုများ ရယူထားသော်လည်း ချက်ချင်းလက်ငင်းဝယ်ယူခြင်းမရှိသေးသောကြောင့် ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ် (၅) မှတ်ဆန်ဈေးနှုန်းမှာ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းအတိုင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀) ဒေါ်လာ၌သာ ဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဗီယက်နမ်ဆန်ဈေးနှုန်းမှာ အဆိုပါဈေးနှုန်း၌ ရက်သတ္တပတ် (၃) ပတ် ဆက်တိုက်ဖြစ်ပေါ်လျက်ရှိခြင်းဖြစ်သည်ဟု www.reuters.com တွင်ဖော်ပြပါရှိပါသည်။